Connect with us

Hi, what are you looking for?

သတင်း

ကြားကာလမှာ ပညာရေးလက်လှမ်းမမီတဲ့ကျောင်းသားတွေအတွက် ထည့်သွင်းစဉ်းစားဖို့ ဒေါက်တာသိန်းလွင်အကြံပြု

“ကျွန်တော်တို့နိုင်ငံမှာရှိတဲ့ကလေးအားလုံးပညာသင်ကြားခွင့်ရဖို့ စကစကိုတော့ကျွန်တော်တို့အားမကိုးဘူး ၊စကစကျောင်းကိုမသွားတဲ့ကလေးတွေက ကျွန်တော်တို့ဘက်ကို လက်လှမ်းမမီဘူးဆိုရင် ကျွန်တော်တို့မှာတာဝန်ရှိတယ်” လို့ ဒေါက်တာသိန်းလွင်က ထောက်ပြပါတယ်။

ဒေါက်တာသိန်းလွင်
ဒေါက်တာသိန်းလွင်

နွေဦးတော်လှန်ရေးကာလအတွင်း နိုင်ငံတဝှမ်း အခြေခံပညာသင်ကြားနိုင်တဲ့ ကျောင်းသားဦးရေ ၃၀ရာခိုင်နှုန်းသာရှိပြီး ကျန်တဲ့ ၇၀ ရာခိုင်နှုန်းက စာရင်းပျောက် နေတယ်လို့ နွေဦးဆရာအတတ်သင်တက္ကသိုလ် အဓိပတိ ဒေါက်တာသိန်းလွင်က ပြောပါတယ်။

မေလ ၂၆ရက်က အွန်လိုင်းကနေပြုလုပ်တဲ့ ကြားကာလပညာရေးဆိုင်ရာပို့ချအကြံပြုချက်များအစီအစဉ်မှာ ဒေါက်တာသိန်းလွင်ကပြီးခဲ့တဲ့ ၂၀၂၁ခုနှစ် ကိန်းဂဏန်းတွေကို ကိုးကားပြီးပြောခဲ့တာပါ။

ကြားကာလအတွင်းအခြေခံပညာရေးကိုသင်ကြားနိုင်တဲ့ ကျောင်းသား ၃၀ ရာခိုင်နှုန်း ရှိပြီး ဒီပမာဏာမှာ စစ်ကောင်စီဖွင့်တဲ့ကျောင်းတွေမှာတက်နေတဲ့ ကျောင်းသားဦးရေက တဝက်လောက်ပါဝင်တယ်လို့ ဒေါက်တာသိန်းလွင်က ဆိုပါတယ်။

နိုင်ငံတဝှမ်းက ကလေးငယ်အားလုံးပညာသင်ကြားခွင့်ရဖို့ အရေးကြီးပြီး စစ်ကောင်စီကျောင်းတွေထံ မသွားတဲ့ကလေးငယ်တွေ ပညာရေးကို လက်လှမ်းမီဖို့ အတွက် တာဝန်ရှိနေတယ်လို့လည်း ဒေါက်တာသိန်းလွင်က ပြောပါတယ်။

Public Service Announcement

Public Service Announcement

“ကျွန်တော်တို့နိုင်ငံမှာရှိတဲ့ကလေးအားလုံးပညာသင်ကြားခွင့်ရဖို့ စကစကိုတော့ကျွန်တော်တို့အားမကိုးဘူး ၊စကစကျောင်းကိုမသွားတဲ့ကလေးတွေက ကျွန်တော်တို့ဘက်ကို လက်လှမ်းမမီဘူးဆိုရင် ကျွန်တော်တို့မှာတာဝန်ရှိတယ်” လို့ ဒေါက်တာသိန်းလွင်က ထောက်ပြပါတယ်။

ဒါကြောင့် ကြားကာလပညာရေးမှာ ကလေးငယ်အားလုံးပညာသင်ကြားခွင့် လက်လှမ်းမီနိုင်ဖို့ ထည့်သွင်းစဉ်းစားရမယ်လို့ ဒေါက်တာသိန်းလွင်ကပြောပါတယ်။

လက်ရှိအချိန်မှာ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းတွေက ဖွင့်လှစ်တဲ့ကျောင်းတွေ ၊ဘာသာရေးအခြေပြုကျောင်းတွေ မှာေ ကျာင်းသားတက်ရောက်မှုပိုများလာပြီး ရပ်ရွာအခြေပြုကျောင်းတွေလည်းပေါ်ထွက်လာတယ်လို့ဒေါက်တာသိန်းလွင်ကဆိုပါတယ်။ စစ်ကောင်စီနဲ့ မဆက်နွယ်တဲ့ ဘာသာစုံသင်ပုဂ္ဂလိက အွန်လိုင်းကျောင်းတွေလည်းရှိလာပါတယ်။

ဒါအပြင် NUG ပညာရေးဝန်ကြီးဌာနက Home base learning အစီအစဉ်ပြုလုပ်ထားပြီး အဲဒီအစီအစဉ်မှာ သင်ကြားတဲ့ကျောင်းသားဟာ တစ်သိန်းခွဲလောက်ရှိတယ်လို့သိရပါတယ်။

စစ်ကောင်စီကတော့ ဒီနှစ်ပညာရေးနှစ်အတွက် မေလ ၂၆ ရက်ကနေ ဇွန်လ ၁ ရက်အထိ ကျောင်းအပ်တဲ့ ဦးရေဟာ ၅၆ သိန်းရှိတယ်လို့ထုတ်ပြန်ထားပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ထိုင်းနိုင်ငံမှာ grade 3 ကျောင်းသား တစ်ယောက်က ကိုင်းခုတ်ဓားကိုင်ပြီး လိုက်တဲ့ ဗီဒီယိုဟာ လူမှုကွန်ရက်တွေပေါ် ပျံ့နှံ့နေပါတယ်။

သတင်း

ရန်ကုန်မြို့၊ မြောက်ဒဂုံမြို့နယ်မှာ ဇွန်လ ၈ရက်က ပျောက်ဆုံးသွားတဲ့ (၁၃)နှစ်အရွယ် ၆တန်းကျောင်းသားလေးဟာ အသတ်ခံထားရပြီး ရေကန်ထဲမှာ စွန့်ပစ်ထားတဲ့ရုပ်အလောင်းကို တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။

သတင်း

မန္တလေးတိုင်း၊ မိတ္ထီလာမြို့၊ အထ.က (၁)မှာ ကျောင်းသားတွေကို ကတုံးဆံထောက်ပုံစံညှပ်ထားမှသာ ကျောင်းအပ်လက်ခံမယ်ဆိုလို့ကျောင်းသားနဲ့မိဘတွေ အခက်တွေ့နေကြပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။