မကွေးမြို့အမှတ်(၂) ရဲစခန်းရှိ ရဲများအားလုံးနီးပါးကို စစ်ကောင်စီတပ်က အချုပ်ခန်းထဲထည့်၍ စစ်ဆေးမှုများ လုပ်ဆောင်နေကြောင်း Myanmar Police CDM Channel (MPCC)က သတင်းထုတ်ပြန်သည်။
မေလ ၃၁ရက်က မကွေးမြို့အမှတ် (၂) ရဲစခန်းတွင် စခန်းမှူး ရန်ပြုသည့် စစ်ကောင်စီ၏ လေတပ်မှ တပ်သားတစ်ဦးကို ရဲများက ဝိုင်းဝန်းထိုးကြိတ်သည့် ရုပ်သံ ထွက်ပေါ်လာ၍ ရဲများကိုဖမ်း၊ ဖုန်းများကို သိမ်းပြီး စစ်ဆေးနေကြောင်း MPCCက ဆိုသည်။

“အချုပ်ထဲမထည့်ထားတာကတော့ နယ်ထိန်းခေါင်း ဆောင်တစ်ယောက်ပဲရှိတယ်။ စစ်တပ်ကပြောတာတော့ ဖြစ်စဉ်ဖြစ်တဲ့အချိန်မှာ သူက စခန်းမှာမရှိလို့ပေါ့ ။ အမှန်မှန်တော့ အဲ့ကိစ္စဖြစ်တဲ့အချိန် စခန်းမှာ မရှိတာ သူတစ်ယောက်ထဲမဟုတ်ဘူး ။ အများကြီးပဲ ။ ကျန်တဲ့သူတွေကတော့ ဖမ်းထားတယ်။ ကျွန်တော်တို့သိရသလောက်တော့ နယ်ထိန်းခေါင်းဆောင်က တပ်နဲ့ရင်းနှီးတယ်။တပ်ကိုလည်း ငွေရှာပေးနေတာဆိုတော့ သူ့ကိုမဖမ်းတာဖြစ်နိုင်တယ်”ဟု မကွေးတိုင်းရုံးမှ ရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြောဆိုလာကြောင်း MPCCက ဖော်ပြထားသည်။
လက်ရှိတွင် အဆိုပါ အမှတ်(၂)ရဲစခန်းကို စစ်တပ်က နေရာယူထားသည်ဟု ဆိုသည်။

Public Service Announcement

















































