Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

စခန်းမှူးအပါအဝင် မကွေးအမှတ်(၂)ရဲစခန်းရှိ ရဲအားလုံးကို စစ်တပ်က အချုပ်ခန်းထဲထည့် စစ်ဆေးနေဟု MPCC ထုတ်ပြန်

မေလ ၃၁ရက်က မကွေးမြို့အမှတ် (၂) ရဲစခန်းတွင် စခန်းမှူး ရန်ပြုသည့် စစ်ကောင်စီ၏ လေတပ်မှ တပ်သားတစ်ဦးကို ရဲများက ဝိုင်းဝန်းထိုးကြိတ်သည့် ရုပ်သံ ထွက်ပေါ်လာ၍ ရဲများကိုဖမ်း၊ ဖုန်းများကို သိမ်းပြီး စစ်ဆေးနေကြောင်း MPCCက ဆိုသည်။

မကွေးအမှတ်(၂)ရဲစခန်း
မကွေးအမှတ်(၂)ရဲစခန်း

မကွေးမြို့အမှတ်(၂) ရဲစခန်းရှိ ရဲများအားလုံးနီးပါးကို စစ်ကောင်စီတပ်က အချုပ်ခန်းထဲထည့်၍ စစ်ဆေးမှုများ လုပ်ဆောင်နေကြောင်း Myanmar Police CDM Channel (MPCC)က သတင်းထုတ်ပြန်သည်။

မေလ ၃၁ရက်က မကွေးမြို့အမှတ် (၂) ရဲစခန်းတွင် စခန်းမှူး ရန်ပြုသည့် စစ်ကောင်စီ၏ လေတပ်မှ တပ်သားတစ်ဦးကို ရဲများက ဝိုင်းဝန်းထိုးကြိတ်သည့် ရုပ်သံ ထွက်ပေါ်လာ၍ ရဲများကိုဖမ်း၊ ဖုန်းများကို သိမ်းပြီး စစ်ဆေးနေကြောင်း MPCCက ဆိုသည်။

မကွေးအမှတ်(၂)ရဲစခန်း
မကွေးအမှတ်(၂)ရဲစခန်း

“အချုပ်ထဲမထည့်ထားတာကတော့ နယ်ထိန်းခေါင်း ဆောင်တစ်ယောက်ပဲရှိတယ်။ စစ်တပ်ကပြောတာတော့ ဖြစ်စဉ်ဖြစ်တဲ့အချိန်မှာ သူက စခန်းမှာမရှိလို့ပေါ့ ။ အမှန်မှန်တော့ အဲ့ကိစ္စဖြစ်တဲ့အချိန် စခန်းမှာ မရှိတာ သူတစ်ယောက်ထဲမဟုတ်ဘူး ။ အများကြီးပဲ ။ ကျန်တဲ့သူတွေကတော့ ဖမ်းထားတယ်။ ကျွန်တော်တို့သိရသလောက်တော့ နယ်ထိန်းခေါင်းဆောင်က တပ်နဲ့ရင်းနှီးတယ်။တပ်ကိုလည်း ငွေရှာပေးနေတာဆိုတော့ သူ့ကိုမဖမ်းတာဖြစ်နိုင်တယ်”ဟု မကွေးတိုင်းရုံးမှ ရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြောဆိုလာကြောင်း MPCCက ဖော်ပြထားသည်။

လက်ရှိတွင် အဆိုပါ အမှတ်(၂)ရဲစခန်းကို စစ်တပ်က နေရာယူထားသည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ကလေးမြို့နယ်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များအနေဖြင့် နီးစပ်ရာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့်ချိတ်ဆက်၍ ပြည်သူ့ရင်ခွင်ခိုလှုံကြရန်လည်း တိုက်တွန်းထားသည်။

သတင်း

၂၀၂၁ ဖေဖော်ဝါရီ ၁ ရက် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဗြိတိန်သည် စစ်တပ်နှင့် စစ်ကောင်စီ ခေါင်းဆောင်များ၊ စစ်အုပ်စုနှင့် ပတ်သက်ဆက်နွှယ်သူ လူပုဂ္ဂိုလ် ၂၅ ဦးနှင့် အဖွဲ့အစည်း ၃၃ ခုအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုများ လုပ်ဆောင်ခဲ့သည်။

သတင်း

ဇန်နဝါရီ ၃၀ ရက်ကလည်း လောင်းလုံး PDF နှင့် ပူးပေါင်းအဖွဲ့များမှ မောင်းမကန်ရဲစခန်းအား ၄၀ မမ ခြောက်လုံး၊ ၇၉ ဗုံးသီး ၄၂ လုံးအသုံးပြုတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဘက်မှ နှစ်ဦးပြင်းထန်ဒဏ်ရာ ရရှိခဲ့သေးသည်။

သတင်း

၂၀၂၁ ဖေဖော်ဝါရီ ၁ တွင် မြန်မာစစ်တပ်သည် ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားသည့် အစိုးရကို ဖယ်ရှားခဲ့ပြီး ဆယ်စုနှစ်တစ်ခုစာ တိုးတက်ပြောင်းလဲမှုကို ဆိတ်သုဉ်းစေခဲ့ကြောင်း ဖော်ပြသည်။