Connect with us

Hi, what are you looking for?

သတင်း

အကြိမ်ကြိမ်သတိပေးသော်လည်း စစ်ကောင်စီနှင့် ဆက်လက်ပူးပေါင်းနေသည့် ဝန်ထမ်းများအား လက်တွေ့ကျစွာ အရေးယူမည်ဟု မင်းတပ် CDF သတိ​ပေး

မင်းတပ် CDF အနေဖြင့် စစ်ကောင်စီနှင့်ပူးပေါင်းဆောင်ရွက်နေသော ဝန်ထမ်းများအား အပြစ်ပေးအရေးယူခြင်းမလုပ်ဘဲ သတိပေးအဆင့်သာ ပြုလုပ်ခဲ့ရာ တချို့ဝန်ထမ်းများအနေဖြင့် သတိပေးခြင်းကို အလေးမထားဘဲ စစ်ကောင်စီနှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်နေကြောင်း ဖော်ပြထားသည်။

မင်းတပ် CDF သတိ​ပေး
မင်းတပ် CDF သတိ​ပေး

▪️အရေးယူမည့်အထဲတွင် စစ်ကောင်စီဖွင့်သည့်ကျောင်းများရှိ ပညာရေးဝန်ထမ်းများလည်းပါဝင်

စစ်ကောင်စီနှင့် ပူးပေါင်းဆောင်ရွက်နေသော ဝန်ထမ်းများအား အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အကြိမ်ကြိမ်သတိပေးခဲ့ပြီးဖြစ်သော်လည်း အချို့ဝန်ထမ်းများသည် စစ်ကောင်စီနှင့်ပူးပေါင်းဆောင်ရွက်နေသည်ကို စိစစ်တွေ့ရှိရသည့်အပြင် စစ်ကောင်စီနှင့် ပူးပေါင်းပြီး ကျောင်းများ ဖွင့်ရန် ကြိုးစားနေမှုအပေါ် လက်တွေ့ကျကျ အရေးယူသွားမည်ဟု မင်းတပ်ချင်းကာကွယ်ရေးတပ်(CDF)က ထုတ်ပြန် ကြေညာသည်။

မင်းတပ် CDF အနေဖြင့် စစ်ကောင်စီနှင့်ပူးပေါင်းဆောင်ရွက်နေသော ဝန်ထမ်းများအား အပြစ်ပေးအရေးယူခြင်းမလုပ်ဘဲ သတိပေးအဆင့်သာ ပြုလုပ်ခဲ့ရာ တချို့ဝန်ထမ်းများအနေဖြင့် သတိပေးခြင်းကို အလေးမထားဘဲ စစ်ကောင်စီနှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်နေကြောင်း ဖော်ပြထားသည်။

ထို့ကြောင့် ယခုအချိန်ကစပြီး စစ်ကောင်စီနှင့် ပူးပေါင်းဆောင်ရွက်သည့် ဝန်ထမ်းများအား လက်တွေ့ကျကျ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ယခု ပညာသင်နှစ်မှစပြီး စစ်ကောင်စီမှ ဖွင့်လှစ်မည့် ကျောင်းများတွင် ပညာသင်ကြားပေးသော ဆရာ၊ဆရာမများအားထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်း ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

ပြည်သူများအနေဖြင့်လည်း စစ်ကောင်စီဖွင့်လှစ်သည့် ကျောင်းများတွင် မိမိတို့၏ သား၊သမီးများအား ကျောင်းအပ်နှံခြင်းမပြုရန် တိုက်တွန်းခဲ့ပြီး အကယ်၍ကျောင်းအပ်နှံခြင်းကြောင့် ဖြစ်လာသည့် ဆိုးကျိုးများ အပေါ် မင်းတပ် CDF အနေဖြင့် တာဝန်ယူမည် မဟုတ်ကြောင်း သတိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

မင်းတပ်မြို့အနီးဝန်းကို ဖျက်အားပြင်းဗုံးတွေအပါအဝင် ဗုံးအလုံးရေ ၁၀၀ ကျော်နဲ့ ထပ်မံတိုက်ခိုက်

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။