Connect with us

Hi, what are you looking for?

သတင်း

ဖောင်းပြင်မြို့နယ် ​တောင်ပိုင်း စစ်​ကောင်စီတပ်လာမည်သတင်းရသဖြင့် ပြည်သူများကို သတိ​ပေး

ရာသီဥတုသာယာပါက လေကြောင်းပါ အသုံးပြုနိုင်ပါသဖြင့် ဖောင်းပြင်မြို့နယ် တောင်ပိုင်းကွင်းရှိ ​ကျေးရွာများမှ ပြည်သူများအားလုံး သတိရှိ​စေရန် အသိ​ပေးထုတ်ပြန်အပ်ကြောင်း Infinity Groupက ဆိုသည်။

ဖောင်းပြင်မြို့နယ်
ဖောင်းပြင်မြို့နယ်

စစ်ကိုင်းတိုင်း၊ ဖောင်းပြင်မြို့နယ်၊ တောင်ပိုင်းကွင်းအား အကြမ်းဖက်စစ်တပ်က စစ်ကြောင်းထိုးမည်ဟုသတင်းရ၍ ပြ​ည်သူများ သတိပြုနေထိုင်ကြရန် Infinity Group အဖွဲ့က အသိပေးကြေညာသည်။

ကန့်ဘလူနယ်တစ်ဝိုက်နှင့် စစ်ကိုင်းတိုင်းအတွင်း အကြမ်းဖက်စစ်တပ်၏ စစ်​ကြောင်းလှုပ်ရှားမှုများ ပြည်သူ့သို့သတင်းတင်ပြပေးနေသည့် Infinity Groupက ယနေ့ ဇွန်လ ၇ ရက်ညပိုင်းက အသိပေးခဲ့ခြင်းဖြစ်သည်။

ဇွန်လ ၈၊၉၊၁၀ ရက်နေ့များတွင် စစ်ကိုင်းတိုင်းအ​နောက်​မြောက်ပိုင်း၊ ဖောင်းပြင်မြို့နယ် တောင်ပိုင်းကွင်းအား အကြမ်းဖက်စစ်​ကောင်စီမှ စစ်ကြောင်းထိုးမည်ဟု ကြားသိရကြောင်း၊ ဟုမ္မလင်း နှင့် ခန္တီးမြို့များရှိ စစ်တပ်များအား စစ်ကူတောင်းထားကြောင်းလည်း ထပ်မံ သိရကြောင်း Infinity Groupက အသိပေးသည်။

ရာသီဥတုသာယာပါက လေကြောင်းပါ အသုံးပြုနိုင်ပါသဖြင့် ဖောင်းပြင်မြို့နယ် တောင်ပိုင်းကွင်းရှိ ​ကျေးရွာများမှ ပြည်သူများအားလုံး သတိရှိ​စေရန် အသိ​ပေးထုတ်ပြန်အပ်ကြောင်း Infinity Groupက ဆိုသည်။

Public Service Announcement

Public Service Announcement

ဖောင်းပြင်မြို့နယ်အား အကြမ်းဖက်စစ်​ကောင်စီတပ်မှ အင်တာနက်လိုင်းများ ဖြတ်​တောက်ထားကာ အချို့​နေရာများမှာ ဖုန်းလိုင်းများပါ ဖြတ်​တောက်ထား​သော​ကြောင့် အ​ဝေး​ရောက်​ ဆွေမျိုး၊မိတ်​ဆွေ၊နယ်သူနယ်သားများမှ ဆက်သွယ်အ​ကြောင်းကြား​ပေးပါရန် Infinity Groupက မေတ္တာရပ်ခံထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ် ဗန်းမော်မြို့နယ်မှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး စက်တင်ဘာ ၂၇ရက် မနက်ပိုင်းတိုက်ပွဲမှာ စစ်တပ်အထိနာကာ သေဆုံးထိခိုက်ရှိခဲ့ကြောင်း ကချင် သတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

Facebook