Connect with us

Hi, what are you looking for?

သတင်း

ထီးလင်းမြို့နယ် စင်းစယ်ရွာကို စစ်ကောင်စီတပ် မီးရှို့ ၍ ​နေအိမ် ၁၂လုံးနှင့် စပါးတင်း ၅၀၀ကျော်ပျက်စီး

စစ်ကောင်စီတပ်သည် ယခင်ကလည်း စင်းစယ်ရွာကို ဝင်ရောက်မီးရှို့ခဲ့ဖူးပြီး ယခုသည် ဒုတိယအကြိမ်မီးရှို့ခံရခြင်းဖြစ်သည်ဟု ဖော်ပြထားသည်။

ထီးလင်း PDF
ထီးလင်း PDF

မကွေးတိုင်း ထီးလင်းမြို့နယ် စင်းစယ်ကျေးရွာကို စစ်ကောင်စီတပ်က ဒုတိယအကြိမ်မီးရှို့ဖျက်ဆီးခဲ့ရာ လူနေအိမ် ၁၂လုံးနှင့် စပါးတင်း ၅၀၀ သိုလှောင်ထားသည့် အဆောက်အဦတစ်လုံး မီးလောင်ပျက်စီးခဲ့ရကြောင်း ထီးလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်(PDF)က ယမန်နေ့တွင် သတင်းထုတ်ပြန်သည်။

မုံရွာ (နမခ)မှ ပုလဲ-မင်းတိုင်ပင်-ကျော-ရေမျက်နီ-ခေါင်းတုံ လမ်းအတိုင်း လမ်းဘေးရွာများကိုမီးရှို့ဖျက်ဆီး၍ ဂန့်ဂေါမြို့သို့တက်သွားသော စစ်ကောင်စီယာဉ်တန်းသည် ဇွန်လ ၆ရက်တွင် ဂန့်ဂေါမှ ကျောမြို့သို့ ပြန်လည်ထွက်ခွာလာပြီး စင်းစယ်ကျေးရွာသို့ ဝင်ရောက်ကာ လူနေအိမ်များမှ စားနပ်ရိက္ခာ ပစ္စည်းများရှာဖွေယူဆောင်ခြင်း၊ လူနေအိမ်များ စပါးကျီများ လမ်းဘေးတောများမှ လူနေတဲများအား လက်နက်ကြီးဖြင့်ထုခြင်း ၊ မီးရှို့ဖျက်ဆီးခြင်းများ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

စစ်ကောင်စီတပ်များ ပြန်လည်ထွက်ခွာသွားပြီးနောက် စင်းစယ်ကျေးရွာ ပြည်သူများနှင့်အတူ ထီးလင်း PDF ရဲဘော်များက မီးရှို့ဖျက်ဆီးခံ လူနေအိမ်များအား မီးငြိမ်းကူခြင်း၊ ပစ္စည်းများပြောင်းရွေ့ကူခြင်း၊ မီးငြိမ်းနေသော ပြည်သူများ၏ လုံခြုံရေးအတွက် ရှေ့ကင်း၊နောက်ကင်းများယူ၍ အကာ အကွယ်ပေးခြင်းလုပ် ဆောင်ခဲ့ပြီး စစ်ဘေးရှောင်ပြည်သူများ၏ စားနပ်ရိက္ခာအတွက် အနီးအနားရွာများမှ အကူအညီတောင်းခံပေးခဲ့ကြောင်း အသိပေးထားသည်။

ထို့ပြင် ကျန်းမာရေးစောင့်ရှောက်မှုများပေးနိုင်ရန်အတွက်စီစဥ်ပေးခဲ့သည်ဟု ထီးလင်း PDFက ထုတ်ပြန် သည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်သည် ယခင်ကလည်း စင်းစယ်ရွာကို ဝင်ရောက်မီးရှို့ခဲ့ဖူးပြီး ယခုသည် ဒုတိယအကြိမ်မီးရှို့ခံရခြင်းဖြစ်သည်ဟု ဖော်ပြထားသည်။

စစ်ကောင်စီတပ်များသည် ပြည်သူလူထုနေအိမ်များကို မီးရှို့ဖျက်ဆီးမှုများ ဆက်တိုက်ပြုလုပ်လျက်ရှိရာ မေလအတွင်းက မကွေးတိုင်းရှိ အိမ် ၁,၀၀၀ နီးပါးနှင့် စစ်ကိုင်းတိုင်းမှ အိမ်ခြေ ၆,၃၀၀ ကျော် အပါအဝင် အိမ်ခြေ ၇,၀၀၀ကျော် မီးလောင်ပျက်စီးခဲ့ရကြောင်း Data for Myanmarက သတင်းထုတ်ပြန်သည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်ရှိ မြဇီးတောရွာကို အာဏာသိမ်းစစ်တပ်က ဝင်ရောက်မီးရှို့ဖျက်ဆီးရာ ဘုန်းကြီးကျောင်းနဲ့ နေအိမ် ၂၀ ကျော်အပြင် အိမ်သုံးနဲ့ လယ်ယာသုံးစက်ပစ္စည်းတွေ မီးလောင် ပျက်စီးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိိမ်တွေအပြင် စေတီပုထိုးတွေကိုပါ မီးရှို့ဖျက်ဆီးသွားကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

​မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ မြစ်ခြေမြို့က နေအိမ်မီးရှို့ခံရတဲ့ ပြည်သူတွေအတွက် အိမ်ပြန်ဆောက်ဖို့ဝါးနဲ့ စားနပ်ရိက္ခာတွေ အရေးပေါ်လိုအပ်နေကြောင်း ပခုက္ကူမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က သတင်းထုတ်ပြန်ပါတယ်။