Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ထီးလင်းမြို့နယ် စင်းစယ်ရွာကို စစ်ကောင်စီတပ် မီးရှို့ ၍ ​နေအိမ် ၁၂လုံးနှင့် စပါးတင်း ၅၀၀ကျော်ပျက်စီး

စစ်ကောင်စီတပ်သည် ယခင်ကလည်း စင်းစယ်ရွာကို ဝင်ရောက်မီးရှို့ခဲ့ဖူးပြီး ယခုသည် ဒုတိယအကြိမ်မီးရှို့ခံရခြင်းဖြစ်သည်ဟု ဖော်ပြထားသည်။

ထီးလင်း PDF
ထီးလင်း PDF

မကွေးတိုင်း ထီးလင်းမြို့နယ် စင်းစယ်ကျေးရွာကို စစ်ကောင်စီတပ်က ဒုတိယအကြိမ်မီးရှို့ဖျက်ဆီးခဲ့ရာ လူနေအိမ် ၁၂လုံးနှင့် စပါးတင်း ၅၀၀ သိုလှောင်ထားသည့် အဆောက်အဦတစ်လုံး မီးလောင်ပျက်စီးခဲ့ရကြောင်း ထီးလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်(PDF)က ယမန်နေ့တွင် သတင်းထုတ်ပြန်သည်။

မုံရွာ (နမခ)မှ ပုလဲ-မင်းတိုင်ပင်-ကျော-ရေမျက်နီ-ခေါင်းတုံ လမ်းအတိုင်း လမ်းဘေးရွာများကိုမီးရှို့ဖျက်ဆီး၍ ဂန့်ဂေါမြို့သို့တက်သွားသော စစ်ကောင်စီယာဉ်တန်းသည် ဇွန်လ ၆ရက်တွင် ဂန့်ဂေါမှ ကျောမြို့သို့ ပြန်လည်ထွက်ခွာလာပြီး စင်းစယ်ကျေးရွာသို့ ဝင်ရောက်ကာ လူနေအိမ်များမှ စားနပ်ရိက္ခာ ပစ္စည်းများရှာဖွေယူဆောင်ခြင်း၊ လူနေအိမ်များ စပါးကျီများ လမ်းဘေးတောများမှ လူနေတဲများအား လက်နက်ကြီးဖြင့်ထုခြင်း ၊ မီးရှို့ဖျက်ဆီးခြင်းများ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

စစ်ကောင်စီတပ်များ ပြန်လည်ထွက်ခွာသွားပြီးနောက် စင်းစယ်ကျေးရွာ ပြည်သူများနှင့်အတူ ထီးလင်း PDF ရဲဘော်များက မီးရှို့ဖျက်ဆီးခံ လူနေအိမ်များအား မီးငြိမ်းကူခြင်း၊ ပစ္စည်းများပြောင်းရွေ့ကူခြင်း၊ မီးငြိမ်းနေသော ပြည်သူများ၏ လုံခြုံရေးအတွက် ရှေ့ကင်း၊နောက်ကင်းများယူ၍ အကာ အကွယ်ပေးခြင်းလုပ် ဆောင်ခဲ့ပြီး စစ်ဘေးရှောင်ပြည်သူများ၏ စားနပ်ရိက္ခာအတွက် အနီးအနားရွာများမှ အကူအညီတောင်းခံပေးခဲ့ကြောင်း အသိပေးထားသည်။

ထို့ပြင် ကျန်းမာရေးစောင့်ရှောက်မှုများပေးနိုင်ရန်အတွက်စီစဥ်ပေးခဲ့သည်ဟု ထီးလင်း PDFက ထုတ်ပြန် သည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်သည် ယခင်ကလည်း စင်းစယ်ရွာကို ဝင်ရောက်မီးရှို့ခဲ့ဖူးပြီး ယခုသည် ဒုတိယအကြိမ်မီးရှို့ခံရခြင်းဖြစ်သည်ဟု ဖော်ပြထားသည်။

စစ်ကောင်စီတပ်များသည် ပြည်သူလူထုနေအိမ်များကို မီးရှို့ဖျက်ဆီးမှုများ ဆက်တိုက်ပြုလုပ်လျက်ရှိရာ မေလအတွင်းက မကွေးတိုင်းရှိ အိမ် ၁,၀၀၀ နီးပါးနှင့် စစ်ကိုင်းတိုင်းမှ အိမ်ခြေ ၆,၃၀၀ ကျော် အပါအဝင် အိမ်ခြေ ၇,၀၀၀ကျော် မီးလောင်ပျက်စီးခဲ့ရကြောင်း Data for Myanmarက သတင်းထုတ်ပြန်သည်။

ဆက်စပ်သတင်းများ

သတင်း

လှိုင်သာယာနှင့် အင်းစိန်မြို့နယ်တို့တွင် ယနေ့ ပေါက်ကွဲမှုများဖြစ်ခဲ့၍ စစ်ဆေးခြင်းဟုလည်း ဒေသခံအချို့က ပြောသည်။

သတင်း

စစ်ကောင်စီတပ်က လေကြောင်းမှ အဆိပ်ငွေ့ဗုံးများ၊ မီးလောင်ဗုံးများအသုံးပြုတိုက်ခိုက်လာကောင်းလည်း ဗိုလ်မှူးက ပြောသည်။ ကျားဖြူစစ်ကြောင်းမှ ရဲဘော်လေးဦးလည်း မစိုးရိမ်ရ ဒဏ်ရာရရှိကြောင်းလည်း ၎င်းက ဆက်ပြောသည်။

သတင်း

Urban Freedom စစ်ဆင်ရေးအနေဖြင့် ပထမဆုံးလုပ်ဆောင်မှုကို ဧပြီ ၁၀ ရက်တွင် မင်္ဂလာဒုံမြို့မရဲစခန်းကို တိုက်ခိုက်ခြင်းဖြင့် စတင်ခဲ့ပြီး ယင်းစစ်ဆင်ရေးတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးသေဆုံးကာ သုံးဦးဒဏ်ရာရရှိခဲ့သည်။

သတင်း

တိုက်ခိုက်မှုအတွင်း လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အပြန်အလှန်ပစ်ခတ်မှု ပြင်းထန်စွာဖြစ်ပွားခဲ့ပြီး ရန်သူ့တပ်ဘက်မှ အနည်းဆုံး(မျက်မြင်)လေးဦးထက်မနည်း ထိခိုက်သေဆုံးခဲ့ မြေပြင်အခြေအနေတွင် ယခုထက်ပိုနိုင်ကြောင်း မြိတ်ခရိုင် တပ်ရင်း(၁)က အသိပေးသည်။