Connect with us

Hi, what are you looking for?

သတင်း

ချောင်းဦး-ပခုက္ကူလမ်းပိုင်းကို PDF များကယာယီပိတ်

ချောင်းဦး-ပခုက္ကူလမ်းပိုင်းကိုအရေးပေါ်လိုအပ်ချက်အခြေအနေအရ ယခုကြေညာချက်ထုတ်ပြန်ချိန်မှစ၍နောက်ထပ်ကြေညာချက်တစုံတရာမထုတ်ပြန်မီအထိ ယာယီပိတ်ထားလိုက်ကြောင်း ချောင်းဦး PDF ၏ ထုတ်ပြန်ချက်တွင်ဖော်ပြသည်။

(ချောင်းဦး-ပခုက္ကူလမ်းပိုင်း၊ ဆင်ဖြူရှင်တံတားအနီးစစ်ကောင်စီဂိတ်စခန်းအား ဒေသတွင်းPDFများကတိုက်ခိုက်သိမ်းပိုက်ခဲ့စဥ်။ ။ဓါတ်ပုံ-​ရေစကြို PDF)
(ချောင်းဦး-ပခုက္ကူလမ်းပိုင်း၊ ဆင်ဖြူရှင်တံတားအနီးစစ်ကောင်စီဂိတ်စခန်းအား ဒေသတွင်းPDFများကတိုက်ခိုက်သိမ်းပိုက်ခဲ့စဥ်။ ။ဓါတ်ပုံ-​ရေစကြို PDF)

စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းဆက်သွယ်ထားသည့် ချောင်းဦး – ပခုက္ကူလမ်းပိုင်းရှိ ဆင်ဖြူရှင်တံတားစစ်ဆေးရေးဂိတ်ကို PDF များတိုက်ခိုက်သိမ်းပိုက်နိုင်ပြီးနောက်ချောင်းဦး-ပခုက္ကူလမ်းပိုင်းကို အရေးပေါ်လိုအပ်ချက်အခြေအနေအရ ယာယီပိတ်ထားလိုက်ကြောင်းချောင်းဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတိပေးကြေညာသည်။

ချောင်းဦး-ပခုက္ကူလမ်းပိုင်းကိုအရေးပေါ်လိုအပ်ချက်အခြေအနေအရ ယခုကြေညာချက်ထုတ်ပြန်ချိန်မှစ၍နောက်ထပ်ကြေညာချက်တစုံတရာမထုတ်ပြန်မီအထိ ယာယီပိတ်ထားလိုက်ကြောင်း ချောင်းဦး PDF ၏ ထုတ်ပြန်ချက်တွင်ဖော်ပြသည်။

ယာယီပိတ်ထားချိန်အတွင်းကြေညာချက်ပါလမ်းပိုင်းကိုပြည်သူတို့၏လုံခြုံရေးအတွက် လုံးဝအသုံးမပြုကြပါရန်နှင့်လိုက်နာခြင်းမရှိသူတို့၏လုံခြုံရေးအတွက်အာမမခံပါကြောင်း ချောင်းဦး PDFကသတိပေးသည်။

Public Service Announcement

အထက်ပါလမ်းပိုင်းတွင်သွားလာနေကြသေမော်တော်ယာဉ်များအနေဖြင့် အန္တရာယ်ကင်းရှင်းစေရန်အတွက် ရောက်ရာအရပ်တွင်ခေတ္တရပ်နားထားကြပါရန်နှင့် အဆိုပါလမ်းပိုင်းကိုလက်ရှိအသုံးပြုလျက်ရှိသော မိမိ၏ဆွေမျိုးမိတ်ဆွေများကို ထပ်ဆင့်အကြောင်းကြားပေးကြပါရန်လည်း ချောင်းဦး PDFကမေတ္တာရပ်ခံသည်။

Public Service Announcement

Public Service Announcement

စစ်ကိုင်းတိုင်းနှင့်မကွေးတိုင်းတို့ကိုဆက်သွယ်ထားသော ဆင်ဖြူရှင်တံတားကိုယနေ့မွန်းလွဲ၁နာရီကဒေသကာကွယ်ရေးတပ်များက တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။

မကွေးတိုင်းရှိ ရေစကြိုမြို့နယ်PDF၊မြိုင်မြို့နယ် PDF နှင့် စစ်ကိုင်းတိုင်းရှိဆားလင်းကြီးမြို့နယ်​ပြည်သူ့ကာကွယ်​ရေးတပ် (Salingyi Special Task Force)တို့ကပူးပေါင်း၍ တိုက်ပွဲဖြစ်ကာသိမ်းပိုက်ခဲ့သည်။

တံတားစောင့် ရဲနှင့်စစ်သား၃ဦးသေဆုံးပြီး၊ဒဏ်ရာရစစ်သားများအများအပြားထွက်​​ပြေးကာ ၁ဦး အရှင်မိခဲ့သည်။ ဂျီသရီး ၄ လက်၊ အူစီ ၃ လက် ၊ခြောက်လုံးပြူး ၁ လက် နှင့် ကျည် ( ၁၀၀၀ ) ၊ဆိုင်ကယ် ( ၄) စီး ၊ငွေကျပ်သိန်း၁၀၀ကျော်နှင့်ဗုံး ၁လုံး သိမ်းဆည်းရမိခဲ့ကြောင်း ၎င်းတို့ကအသိပေးသည်။

ထို့အပြင် စစ်ကူလာသည့် စစ်ကားတစ်စီးကိုလည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့- ရေစကြိုမှ မိုင်း၆လုံးဆွဲတိုက်ခိုက်ခဲ့ရာ ကားတစ်စီးလုံးစုတ်ပျက်သွားပြီး အများအပြား ဒါဏ်ရာရကာ စစ်သား၁၀ဦးခန့် နေရာတွင် ပွဲချင်းပြီးသေဆုံးကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ရေစကြိုမြို့နယ်က သတင်းထုတ်ပြန်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ချောင်းဦးမြို့နယ်မှာစစ်တပ်စစ်ကြောင်းအထိနာပြီး လက်နက်ခဲယမ်းတွေ ရတယ်လို့ ဒေသခံ စစ်ရေးသတင်းရင်းမြစ်တွေက လူထုနွေဦးကို ပြောပါတယ်။

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

သတင်း

ပခုက္ကူမြို့အခြေစိုက် တပ်မ(၁၀၁)က စစ်ကြောင်းတွေ မြိုင်မြို့နယ်က တွင်းမပြည်သူ့စစ်ကျေးရွာကို ဦးတည်လာနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

တတက(၁၃)ကျောင်းအုပ်ကြီးနဲ့အမှတ်(၄)လေကြောင်းချီတပ်မဟာကွပ်ကဲမှုဌာနချုပ် ဗိုလ်မှူးချုပ် ၂ဦး ဒဏ်ရာရ