Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ထိုင်ဝမ်ရဲ့ လွတ်လပ်ရေး ဆိုတာဟာ စစ်ပွဲကို ဖိတ်ခေါ်တဲ့ သဘောပဲလို့ အမေရိကန်ကို တရုတ် သတိပေး

ထိုင်ဝမ်ကို တရုတ်ဆီက ခွဲထုတ်ပြီး လွတ်လပ်တဲ့ နိုင်ငံတစ်ခု အနေနဲ့ သတ်မှတ်မယ်ဆိုရင် တရုတ် စစ်တပ်ကလည်း အစွမ်းကုန် လက်တုံ့ပြန် တိုက်ခိုက်တာကလွဲလို့ ရွေးချယ်စရာ ရှိတော့မှာ မဟုတ်ကြောင်း ဝေက ဆိုပါတယ်။

ထိုင်ဝမ်ရဲ့ လွတ်လပ်ရေး ဆိုတာဟာ စစ်ပွဲကို ဖိတ်ခေါ်တဲ့ သဘောပဲလို့ အမေရိကန်ကို တရုတ် သတိပေး
ထိုင်ဝမ်ရဲ့ လွတ်လပ်ရေး ဆိုတာဟာ စစ်ပွဲကို ဖိတ်ခေါ်တဲ့ သဘောပဲလို့ အမေရိကန်ကို တရုတ် သတိပေး

ထိုင်ဝမ်ကို လွတ်လပ်တဲ့ နိုင်ငံတစ်ခုအဖြစ် အသိအမှတ် ပြုလိုက်ခြင်းဟာ စစ်ပွဲကို ဖိတ်ခေါ်သလို ဖြစ်သွားစေလိမ့်မယ်လို့ အမေရိကန်ကို တရုတ်က သတိပေးစကား ပြောလိုက်ပါတယ်။

ကမ္ဘာ့ အင်အားကြီး နှစ်နိုင်ငံရဲ့ ကာကွယ်ရေး ဝန်ကြီးတွေဟာ စင်ကာပူနိုင်ငံမှာ အာရှ လုံခြုံရေး ညီလာခံ တက်ရောက်ရင်း တွေ့ဆုံကြတဲ့အခါ တရုတ်ရဲ့ ဝေဖန်ဟီက အမေရိကန်ရဲ့ လွိုက်ဒ် အော်စတင်ကို အခုလို တင်းမာတဲ့ သဘောထားမျိုး အသိပေးခဲ့တာ ဖြစ်ပါတယ်။

ထိုင်ဝမ်ကို တရုတ်ဆီက ခွဲထုတ်ပြီး လွတ်လပ်တဲ့ နိုင်ငံတစ်ခု အနေနဲ့ သတ်မှတ်မယ်ဆိုရင် တရုတ် စစ်တပ်ကလည်း အစွမ်းကုန် လက်တုံ့ပြန် တိုက်ခိုက်တာကလွဲလို့ ရွေးချယ်စရာ ရှိတော့မှာ မဟုတ်ကြောင်း ဝေက ဆိုပါတယ်။

တရုတ်ဟာ ထိုင်ဝမ်ကျွန်းကို လက်အောက်ခံ ပိုင်နက်နယ်မြေ တစ်ခုအဖြစ် သတ်မှတ်ထားပြီး လိုအပ်လာရင် စစ်အင်အားသုံး သိမ်းယူဖို့ တွန့်ဆုတ်နေမှာ မဟုတ်ကြောင်း အကြိမ်ကြိမ် ခြိမ်းခြောက်ဖူးပါတယ်။ ဒီမိုကရေစီ ပြည့်ဝထွန်းကားတဲ့ ထိုင်ဝမ်ကတော့ တရုတ်နဲ့ ဆက်စပ်မှု မရှိဘဲ သီးခြားစီ ရပ်တည်ဖို့သာ လိုလားနေပါတယ်။

Public Service Announcement

Public Service Announcement

အမေရိကန် ကာကွယ်ရေး ဝန်ကြီး အော်စတင်ကတော့ ထိုင်ဝမ်နဲ့ အနီးတဝိုက်မှာ တရုတ်ရဲ့ စစ်ရေး လှုပ်ရှားမှုတွေက ရန်လိုတဲ့ လုပ်ရပ်တွေဖြစ်ပြီး ဒေသ တည်ငြိမ်အေးချမ်းမှုကို ထိခိုက်စေတယ်လို့ မှတ်ချက် ပေးခဲ့ပါတယ်။

ဝေက ထိုင်ဝမ် အစိုးရအတွက် အမေရိကန်က လက်နက်တွေ ရောင်းချပေးနေခြင်းကိုလည်း ရှုတ်ချသွားခဲ့ပါတယ်။ တရုတ် ကာကွယ်ရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရ အရာရှိ တစ်ဦးက တစ်စုံတယောက်ဟာ ထိုင်ဝမ်ကို တရုတ်ဆီကနေ ခွဲထုတ်ဖို့ ကြံစည် ကြိုးစားလာမယ်ဆိုရင် အချုပ်အခြာ အာဏာ ပိုင်ဆိုင်ခွင့်ကို မဆုတ်မနစ် ကာကွယ်သွားမယ့် တရုတ် ပြည်သူ့ လွတ်မြောက်ရေးတပ် (PLA)ရဲ့ ပြင်းပြင်းထန်ထန် တုံ့ပြန်မှုကို မလွဲမသွေ ရင်ဆိုင်ရလိမ့်မယ်လို့ ဝန်ကြီးဝေက သတိပေးခဲ့ကြောင်း ပြောကြားသွားပါတယ်။

အော်စတင်ကတော့ အမေရိကန်ဟာ ဘေဂျင်းမှာရှိတဲ့ တရုတ် အစိုးရရဲ့ ရပ်တည်မှုကို ဆက်လက် အသိအမှတ် ပြုနေမှာဖြစ်ပြီး ထိုင်ဝမ်ရဲ့ လွတ်လပ်ရေးကို အသိအမှတ် ပြုမှာ မဟုတ်ဘူးလို့ ဝေကို အသိပေးခဲ့ပါတယ်။ ဒါ့အပြင် ဒေသတွင်းက တင်းမာမှုတွေကို စစ်အင်အားသုံး ဖြေရှင်းတာမျိုးလည်း အမေရိကန်က လုပ်မှာ မဟုတ်ကြောင်း သူက အတည်ပြုခဲ့ပါတယ်။

အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်ရဲ့ အစိုးရလက်ထက်မှာ အမေရိကန်နဲ့ တရုတ် ကာကွယ်ရေး ဝန်ကြီးတွေ ပထမဆုံး တွေ့ဆုံ ဆွေးနွေးမှုဟာ တစ်နာရီလောက် ကြာမြင့်ခဲ့ကြောင်း သိရပါတယ်။

ဆက်စပ်သတင်းများ

ဆောင်းပါး

စက်တင်ဘာ ၉ ရက်နေ့တုန်းက ဆိုးလ်မြို့တော်ရဲ့ အမေရိကန် သံရုံးနားမှာ ပြည်သူတချို့ စုဝေးပြီး အီရန်စစ်ပွဲမှာ ပါဝင်ပတ်သက်တာမျိုး မလုပ်ဖို့ အစိုးရကို တောင်းဆို ဆန္ဒပြခဲ့ပါတယ်။ အီရန်စစ်ပွဲ ဆိုတာက အမေရိကန်ရဲ့ တစ်ဖက်သတ် ဆုံးဖြတ်တဲ့ ကိစ္စဖြစ်ပြီး တောင်ကိုရီးယား အနေနဲ့ ဓားခုတ်ရာ လက်လျှိုသလို...

သတင်း

အမေရိကန် နဲ့ ဩစတေးလျ နိုင်ငံတွေရဲ့ မြို့ သုံးမြို့မှာ တော်လှန်အနုပညာရှင်တွေရဲ့ ဖျော်ဖြေပွဲသုံးပွဲကို ဒီနေ့ (စက်တင်ဘာ၁၂) ပြုလုပ်မှာ ဖြစ်ပါတယ်။

နိုင်ငံတကာ

လွန်ခဲ့တဲ့ ၂၅ နှစ်က ကြုံတွေ့ခဲ့တဲ့ 9/11 အကြမ်းဖက် တိုက်ခိုက်မှုကြီးရဲ့ နှစ်ပတ်လည် အောက်မေ့မှု အခမ်းအနားမှာ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က အဲဒီ ဆိုးရွားလှတဲ့ ကိစ္စကြီးကို အမေရိကန်က ဘယ်တော့မှ မေ့သွားမှာ မဟုတ်ဘူးလို့ ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

သိမ်းဆည်းရမိတဲ့ အမေရိကန် မောင်းသူမဲ့ ရေငုပ်သင်္ဘော (ဒရုန်း)ကို အီရန်က နည်းပညာပိုင်း ခွဲခြမ်းလေ့လာပြီး ကိုယ်တိုင်တုပ တည်ဆောက်တာမျိုး လုပ်လာနိုင်ကြောင်း သိရပါတယ်။