Connect with us

Hi, what are you looking for?

သတင်း

အင်းတော်မြို့နယ်တွင် စစ်ကောင်စီ စစ်ကြောင်းကို KIA မိုင်းဆွဲတိုက်ခိုက်

ဇွန်လ ၁၂ရက် နံနက် ၁၀နာရီခန့်တွင် ကင်းပုန်းဝင်ရန်လာသည့် စစ်ကောင်စီတပ် စစ်ကြောင်းကို အင်းတော်မြို့နယ် မော်လူးနှင့် နန့်စီးအောင်ကြားလမ်းပိုင်း တစ်နေရာတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

(ပုံအ​ဟောင်းများကို အသုံးပြုထားပါသည်။)
(ပုံအ​ဟောင်းများကို အသုံးပြုထားပါသည်။)

စစ်ကိုင်းတိုင်း အင်းတော်မြို့နယ်အတွင်း၌ အင်အား ၃၀ခန့်ရှိ စစ်ကောင်စီတပ်စစ်ကြောင်းကို ကချင်လွတ် လပ်ရေးတပ်မတော်(KIA)က မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း Indaw Revolution က ဖော်ပြထားသည်။

ဇွန်လ ၁၂ရက် နံနက် ၁၀နာရီခန့်တွင် ကင်းပုန်းဝင်ရန်လာသည့် စစ်ကောင်စီတပ် စစ်ကြောင်းကို အင်းတော်မြို့နယ် မော်လူးနှင့် နန့်စီးအောင်ကြားလမ်းပိုင်း တစ်နေရာတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

Public Service Announcement

အဆိုပါ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်မှ ၉ဦးခန့် ထိခိုက်ဒဏ်ရာရရှိပြီး နှစ်ဦးခန့်မှာသေဆုံးမည့် အခြေ အနေရှိသည်ဟု တပ်တွင်းသတင်းပေးက ပြောကြားကြောင်း၊ မိုင်းထိဒဏ်ရာရသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို မိုးညှင်းမြို့ဘက်သို့ ပို့ဆောင်ခဲ့သည်ဟု သိရကြောင်း ဖော်ပြသည်။

မိုင်းဆွဲတိုက်ခိုက်ခံရသည့် စစ်ကောင်စီတပ်သည် လက် နက်ကြီးများ ရမ်းသမ်းပစ်ခတ်ခဲ့ပြီး လမ်းသွားလမ်းလာ ခရီးသွား ကားများ၊ဆိုင်ကယ်များကိုလည်းတားဆီးစစ်ဆေးခဲ့သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်နဲ့ ရှမ်းမြောက်က မဘိမ်းမြို့နယ် ငါးအိုးကျေးရွာအကြားမှာ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီး စစ်တပ် အထိနာခဲ့တယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့အနီးမှာ ဒီကနေ့ ဇွန်လ ၁၂ရက်မှာလည်း တိုက်ပွဲပြင်းထန်နေပြီး ညနေပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မဘိမ်းမြို့နယ် ငါးအိုးဗျူဟာမှာစုဖွဲ့ပြီး ရွှေကူမြို့ထိုးစစ်ဆင်လာတဲ့ စစ်တပ်ဟာ မြို့အတွင်းကို ဝင်ရောက်သွားပြီဖြစ်ကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာနတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောကြားပါတယ်။

သတင်း

မြို့အဝင်လမ်းမကြီးနဲ့ ငါးအိုး-ရွှေကူလမ်းမကြီးကို ရက်အကန့်အသတ်မရှိ သွားလာခွင့်ပိတ်