Connect with us

Hi, what are you looking for?

သတင်း

စစ်အုပ်စုနဲ့ပေါင်းပြီးကျုးကျော်ဖျက်ရာမှာပါဝင်တယ်ဆိုတဲ့ ကုမ္ပဏီရဲ့ဆီဆိုင် ဗုံးခွဲသတိပေးခံရ

အောင်မြင်သူကုမ္ပဏီဟာ စစ်အုပ်စုနဲ့ပတ်သက်ဆက်နွယ်ပြီး စည်ပင်ပိုင်မြေများပေါ် လုပ်ပိုင်ခွင့်အများဆုံးရတဲ့ကုမ္ပဏီတစ်ခုလည်းဖြစ်ပါတယ်။

မန္တလေးမှာကျုးကျော်အဖြစ် ဖယ်ရှားခံရတဲ့အဆောက်အဦးတစ်လုံးကိုတွေ့ရစဉ်
မန္တလေးမှာကျုးကျော်အဖြစ် ဖယ်ရှားခံရတဲ့အဆောက်အဦးတစ်လုံးကိုတွေ့ရစဉ်

မန္တလေးမှာ ကျုးကျော်လို့ခေါင်းစဉ်တပ်ပြီး နေအိမ်တွေကို စစ်အုပ်စုက ဖယ်ရှားရာမှာ ပါဝင်ပတ်သက်မှုရှိတယ်ဆိုတဲ့အောင်မြင်သူကုမ္ပဏီရဲ့ စက်သုံးဆီဆိုင်တစ်ဆိုင်ကို မန္တလေးမြို့ပြပျောက်ကျားမဟာမိတ်တပ်ပေါင်းစု (ARFOM) က ဗုံးခွဲပြီး သတိပေးလိုက်တယ်လို့ထုတ်ပြန်လာပါတယ်။

ချမ်းအေးသာစံမြို့နယ်၊ အောင်နန်းရိပ်သာ အနောက်ရပ်ကွက် ၈၅လမ်းနဲ့ ၃၂လမ်းရှိ အောင်မြင်သူ ကုမ္ပဏီ ဆီဆိုင်ရှေ့မှာ မနေ့ ညပိုင်းက ဗုံးခွဲခဲ့တာလို့သိရပါတယ်။

ဒီဖောက်ခွဲမှုဟာ သတိပေးတာဖြစ်ပြီး စစ်ကောင်စီနဲ့ပေါင်းပြီးလူထုကို ဒုက္ခဆက်ပေးရင် အရေးယူမှုတွေဆက်လုပ်သွားမယ်လို့လည်းဆိုထားပါတယ်။

အောင်မြင်သူကုမ္ပဏီဟာ စစ်အုပ်စုနဲ့ပတ်သက်ဆက်နွယ်ပြီး စည်ပင်ပိုင်မြေများပေါ် လုပ်ပိုင်ခွင့်အများဆုံးရတဲ့ကုမ္ပဏီတစ်ခုလည်းဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်သံအမတ်ကြီးဦးကျော်မိုးထွန်းနဲ့ပတ်သက်လို့ အာဏာသိမ်းစစ်တပ်လက်အောက်ခံ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်ကို ကြည့်ရင် စစ်အုပ်စုအနေနဲ့ ကြံရာမရ(Desparation)ဘယ်လောက်ဖြစ်နေသလဲဆိုတာပြသနေတယ်လို့သံအမတ်ကြီးဦကျော်မိုးထွန်းက လူထုနွေဦးကို ပြောပါတယ်။

သတင်း

မြန်မာ့အရေးဆုံးဖြတ်မယ့်အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ ILO ရဲ့အစည်းအဝေးကို အာဆီယံနိုင်ငံတွေရဲ့ပံ့ပိုးမှုနဲ့ တက်ရောက်ခွင့်ရဖို့ အာဏာသိမ်းစစ်တပ်က ကြိုးပမ်းနေတယ်လို့မြန်မာနိုင်ငံလုံးဆိုင်ရာအလုပ်သမားသမဂ္ဂ အဖွဲ့ချုပ် CTUM ဗဟိုအလုပ်အမှုဆောင်ဒေါ်ခိုင်ဇာအောင်ကပြောပါတယ်။

သတင်း

ကျိုးကျသွားတဲ့ လေးမျက်နှာမြို့နယ်က ငဝန်မြစ်ရေကာတာကို ပိတ်နိုင်ပြီလို့ စစ်အုပ်စုကကြေညာပြီး တစ်ရက်အကြာ စက်တင်ဘာလ ၉ရက်နေ့ညမှာပဲ ပိတ်ထားတဲ့နေရာကနေပြန်ပွင့်သွားတယ်လို့ ဒေသခံတွေကပြောပါတယ်။

ဖွင့်ဆိုရှင်းပြ

ဇွတ်သမ္မတတဖြစ်လဲ အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်ဦးဆောင်သည့် စစ်အစိုးရသည် ကုလသမဂ္ဂနှင့် အာဆီယံစင်မြင့်ထက်တွင် နေရာမရဘဲ သံတမန်ရေးအရ အထီးကျန်နေချိန်တွင် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (Shanghai Cooperation Organization-SCO)ကိုသံတမန်ရေး အသက်ရှူပေါက်နှင့်နိုင်ငံတကာတရားဝင်မှု (Legitimacy)ရရှိရေးအတွက် အဖွဲ့ဝင်အဖြစ် ဝင်ရောက်ဖို့ ကြိုးစားနေပါသည်။