Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီအရာရှိအချို့ကို ဖမ်းထားပြီး အကျဉ်းသားချင်းလဲလှယ်လိုကြောင်း AAပြော

စစ်ကောင်စီတပ်က ဖမ်းထားသည့် ULA/AA တပ်ဖွဲ့ဝင် များကို ပြန်လွှတ်ပေးပါက စစ်ကောင်စီတပ်သားများကို ချက်ချင်း ပြန်လွှတ်ပေးမည်ဟု ၎င်းက ဆိုသည်။

AA
AA

▪️AAထံ ထွက်ပြေးခိုလှုံလာသည့် စစ်ကောင်စီတပ်သား ရာနှင့်ချီရှိဟုဆို

စစ်ကောင်စီတပ်က ရက္ခိုင့်တပ်တော်(AA) တပ်ဖွဲ့ဝင်များကို ဖမ်းဆီးမှုများ ပြုလုပ်လာ၍ စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ပြန်လည်ဖမ်းဆီးထားပြီး အကျဉ်းသားအချင်း ချင်း လဲလှယ်လိုကြောင်း AA ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ယနေ့ သတင်းစာရှင်းလင်းပွဲ၌ ပြောကြာသည်။

စစ်ကောင်စီဘက်က AA တပ်ဖွဲ့ဝင် နေအိမ်များကို ညအခါ ဝင်ရောက်ဖမ်းဆီးခြင်း အပါအဝင်ယခု ဇွန်လနှင့် ပြီးခဲသည့် မေလက AA တပ်ဖွဲ့ဝင်အချို့ အဖမ်းခံခဲ့ရသည်ဟု ဆိုသည်။

ယင်းအတွက် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ပြန်လည်ဖမ်းဆီးခဲ့ရာ ၎င်းတို့ကို မနှိပ်စက်ဘဲ ကောင်းမွန်စွာ ထိန်းသိမ်းထားသည်ဟု ဦးခိုင်သုခက ပြောသည်။

စစ်ကောင်စီတပ်က ဖမ်းထားသည့် ULA/AA တပ်ဖွဲ့ဝင် များကို ပြန်လွှတ်ပေးပါက စစ်ကောင်စီတပ်သားများကို ချက်ချင်း ပြန်လွှတ်ပေးမည်ဟု ၎င်းက ဆိုသည်။

Public Service Announcement

Public Service Announcement

Public Service Announcement

“ကျွန်တော်တို့ ဖမ်းဆီးထိန်းသိမ်းထားတာ မြန်မာစစ်တပ်ဘက်က အရာရှိ အချို့ရှိပါတယ်”ဟု ဦးခိုင်သုခက ပြော သည်။

အကျဉ်းသားအချင်းချင်း လဲလှယ်ရေး ကြားလူမှတဆင့် ညှိနှိုင်းနေသည်ဟုလည်း ၎င်းက ဆိုသည်။

ထို့ပြင် စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်သားများ AAထံတွင် ထွက်ပြေးခိုလှုံလာသူ ရာနှင့်ချီရှိနေသည်ဟု ဦးခိုင်သုခက ပြောကြားကြောင်း Western News က ဖော်ပြသည်။

“AA ဆီကို ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်သား တွေဟာ အရေအတွက် ရာနဲ့ချီပြီးတော့ ရှိပါတယ်။ အဲဒီလူတွေကို တက်နိုင်သမျှ လူသားချင်း စာနာမှု အပြည့်နဲ့ ကျနော်တို့ ကူညီပေးနေတာတွေ ရှိပါတယ်။ လူအရေအတွက် အတိအကျကိုတော့ ကျနော်တို့ ထုတ်ပြောဖို့ မရှိဘူး။ ဒါပေမဲ့ ထွက်ပြေးလာတဲ့ သူတွေ ကျနော်တို့ဆီကို ရောက်လာတယ်ဆိုရင်တော့ ကျနော်တို့က အကောင်းဆုံး ကူညီတာတွေ နေရာချထားပေးတာတွေ အဲဒါတွေကို ကျနော်တို့ဖက်က လုပ်ဆောင်ပေးနေတယ်”ဟု ဦးခိုင်သုခက ပြောကြားကြောင်း ဖော်ပြထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်တွေ-ပုဏ္ဏားကျွန်းမြို့အစပ်မှာ စက်တင်ဘာလဆန်းကစပြီးဖြစ်ပွားနေတဲ့တိုက်ပွဲ​တွေအတွင်းမှာ သိမ်းဆည်းရရှိတဲ့ လက်နက်ခဲယမ်း​တွေနဲ့ စစ်သား​အ​လောင်း​တွေရဲ့ ဓါတ်ပုံမှတ်တမ်း​တွေကိုအာရက္ခတပ်​တော်က ဒီ​​နေ့တရာဝင်ထုတ်ပြန်လိုက်ပါတယ်။

သတင်း

စစ်တွေ-ပုဏ္ဏားကျွန်းမြို့အစပ်မှာ စက်တင်ဘာလဆန်းကစပြီးဖြစ်ပွားနေတဲ့တိုက်ပွဲ​တွေအတွင်းမှာ သိမ်းဆည်းရရှိတဲ့ လက်နက်ခဲယမ်း​တွေနဲ့ ဖမ်းဆီးထားတဲ့ စစ်သုံ့ပန်း​တွေကို အာရက္ခတပ်​တော်က ဒီ​​နေ့တရာဝင်ထုတ်ပြန်ပါတယ်။

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်တိုက်ပွဲတွေအတွင်းအာဏာသိမ်းစစ်တပ်ရဲ့ကာကင်းအပါအဝင် ခြေကုတ်နေရာအချို့ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ရရှိထားပြီး တိုက်ပွဲတပါတ်ကျော်အတွင်း ​နေရာ​လေးခုထက်မနည်းရှိပြီဖြစ်တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။