Connect with us

Hi, what are you looking for?

သတင်း

ငရုတ်​ကောင်းမြို့နယ်တွင် PDFနှင့် စစ်​ကောင်စီတပ်တိုက်ပွဲဖြစ်ပြီး​နောက် ​ဒေသခံများအကြမ်းဖက်ဖမ်းဆီးခံ​နေရ

ဇွန်လဆန်းတွင်ပင်အင်္ဂပူမြို့ရှိစစ်ကောင်စီ၏ မိုင်တဲတာဝါတိုင်တစ်တိုင်ကို ပြည်သူ့ကာကွယ်ရေးအဖွဲ့က ​ဗုံး​ဖောက်ခွဲဖြိုလှဲခဲ့သည်။ မေလကုန်ပိုင်းကလည်း ဓနုဖြူမြို့အခြေစိုက်စစ်ကောင်စီတပ်ရင်းတစ်ခုကို ပြည်သူ့ကာကွယ်ရေးအဖွဲ့တစ်ဖွဲ့က တိုက်ခိုက်ခဲ့သည်။

ငရုတ်​ကောင်းမြို့နယ်
ငရုတ်​ကောင်းမြို့နယ်

တိုက်ပွဲတွင်စစ်​ကောင်စီတပ်သားနှစ်ဦး​သေနတ်ကျည်ထိမှန်

ငရုတ်ကောင်းမြို့နယ်၊ ဆင်ငံကျေးရွာအနီးတွင်ဒေသခံပြည်သူ့ကာကွယ်ရေးတပ်နှင့် စစ်ကောင်စီတပ်တို့ ဇွန် ၁၃ ရက်က တိုက်ပွဲဖြစ်ခဲ့ပြီး​နောက် စစ်ကောင်စီတပ်ကအရပ်သားများ
ကို အကြမ်းဖက်ဖမ်းဆီးနေ​​ကြောင်း ပြည်သူ့ကာကွယ်ရေးရဲဘော်များကပြောသည်။

ဆင်ငံကျေးရွာအနီးတွင် ဇွန်လ ၁၃ ရက်နေ့ နံနက် ရှစ်နာရီခန့်ကတိုက်ပွဲဖြစ်ပွားခဲ့သည်။

“စစ်ခွေးနှစ်ကောင်တွေ့လို့ PDF တွေဘက်က စပစ်တာ။ စစ်ကောင်စီက လက်နက်ကြီးတွေနဲ့ ပြန်ပစ်တယ်။ စစ်ခွေးနှစ်ကောင်ထိတာ အတည်ပြုနိုင်တယ်” ဟု ​PDFတစ်ဦးက​ပြောသည်။

စစ်ကောင်စီသည် ပြည်သူ့ကာကွယ်ရေးအဖွဲ့များအား ခြေရာခံနိုင်စေရန် ဒေသခံများကို ဖမ်းဆီးပြီး လမ်းပြခိုင်းနေသည်ဟု အဆိုပါ ပြည်သူ့ကာကွယ်ရေးရဲဘော်က​ပြောသည်။

Public Service Announcement

Public Service Announcement

စစ်ကိုင်းတိုင်း၊ မကွေးတိုင်းတို့ကဲ့သို့စစ်အာဏာရှင်အားလက်နက်ကိုင်တော်လှန်ရေးတွင် အားကောင်းမှုမရှိဟု ဝေဖန်ခံနေရသော ဧရာဝတီတိုင်းတွင် မေလမှစတင်ကာ ​ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်များက စစ်ကောင်စီတပ်အား တိုက်ခိုက်မှုများစတင်အရှိန်မြှင့်လာသည်။

ဇွန် ၂ရက်ကလည်း ထူးကြီးမြို့အနီး ကွင်းကောက်မြို့ရှိ စစ်ကောင်စီ၏ အမှတ်(၅)လေ့ကျင့်ရေးတပ်ရင်းဂိတ်ကို ဧရာနဂါးညီနောင် ပြည်သူ့ကာကွယ်ရေးအဖွဲ့က တိုက်ခိုက်ခဲ့သည်။

ဇွန်လဆန်းတွင်ပင်အင်္ဂပူမြို့ရှိစစ်ကောင်စီ၏ မိုင်တဲတာဝါတိုင်တစ်တိုင်ကို ပြည်သူ့ကာကွယ်ရေးအဖွဲ့က ​ဗုံး​ဖောက်ခွဲဖြိုလှဲခဲ့သည်။ မေလကုန်ပိုင်းကလည်း ဓနုဖြူမြို့အခြေစိုက်စစ်ကောင်စီတပ်ရင်းတစ်ခုကို ပြည်သူ့ကာကွယ်ရေးအဖွဲ့တစ်ဖွဲ့က တိုက်ခိုက်ခဲ့သည်။

အင်္ဂပူမြို့တွင်လည်း ​မေလအတွင်းစစ်ကောင်စီခန့်ရပ်ကွက်အုပ်ချုပ်ရေးမှုးကို စွန်ရဲနီပြည်သူ့ကာကွယ်ရေးတပ်မှ ရဲဘော်နှစ်ဦးကပစ်ခတ်ရှင်းလင်းစဥ်စစ်ကောင်စီတပ်၏ ဖမ်းဆီးခံရပြီးယင်းလူငယ်နှစ်ဦးအသတ်ခံလိုက်ရသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်​တွေမြို့နဲ့ တိုက်ပွဲ​တွေပိုနီးလာလို့​ငွေ​ကြေးတတ်နိုင်သူ​တွေ ရန်ကုန်​သို့ပြောင်း​ရွေ့

သတင်း

စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ စစ်တပ်လက်အောက်ခံရှမ်းနီတပ်(SNA)တို့ တိုက်ပွဲဖြစ်ပြီးနောက် စစ်ရေးဆက်တင်းမာနေပြီး ရွှေပြည်အေးမြို့ကိုလည်း စစ်တပ်က လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သတင်းရရှိပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့ထဲမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီ လက်နက်ချအလင်းဝင်လာတယ်လို့ သတင်းရရှိပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

Facebook