Connect with us

Hi, what are you looking for?

News

စစ်​​ခေါင်းဆောင်မင်းအောင်လှိုင်ကိုထောက်ခံတဲ့ ပြည်ခိုင်ဖြိုးနဲ့မိတ်ဖက် ၂၈ ပါတီထဲမှာ ‘၀’ အမျိုးသားပါတီပါဝင်မှု ဗဟိုကော်မတီဝင်တွေ ပြင်းထန်စွာကန့်ကွက်

ပါတီတွင်းလေးစားလိုက်နာရမယ့်စည်းမျဉ်းစည်းကမ်းတွေ၊ ဒီမိုက ရေစီစံနှုန်းတွေ၊ စည်းလုံးညီညွတ်ရေးဦးတည်ချက်တွေနဲ့ ကိုက်ညီခြင်း မရှိတဲ့အပြင် ‘၀’ အမျိုးသားပါတီအပေါ် ပြည်သူလူထုရဲ့ ယုံကြည်မှုထိခိုက်စေတယ်လို့လည်း ဗဟိုကော် မတီဝင်တွေက ဆိုပါတယ်။

အကြမ်းဖက်စစ်ကောင်စီခေါင်းဆောင်မင်းအောင်လှိုင်ကို ထောက်ခံတဲ့ ပြည်ခိုင်ဖြိုးနဲ့မိတ်ဖက်ပါတီ ၂၈ ပါတီထဲမှာ ‘၀’ အမျိုးသားပါတီ ပါဝင်မှုနဲ့ပတ်သက်ပြီး ပါတီရဲ့ဗဟို ကော်မတီဝင်တွေက ပြင်းထန်စွာကန့်ကွက်ရှုတ်ချတယ်လို့ ဒီနေ့ထုတ်ပြန်ပါတယ်။

ပြည်ခိုင်ဖြိုးနဲ့ မိတ်ဖက် ၂၈ ပါတီရဲ့ ထုတ်ပြန်ချက်မှာ ‘၀’ အမျိုးသားပါတီဥက္ကဌ ဦးဆိုင်ပေါင်းနပ်ပါဝင်လက်မှတ်ရေးထိုးထားပြီး အဲဒီလိုပါဝင်လက်မှတ်ရေးထိုးတာနဲ့ပတ်သက် ပြီး ပါတီဗဟိုကော်မတီဝင်တွေကို ကြိုတင်အသိပေးခြင်း၊ အများရဲ့ သဘောထားရယူခြင်း၊ ဆွေး နွေးညှိနှိုင်းတိုင်ပင်ခြင်း လုံး၀မရှိခဲ့ဘူးလို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

အဆိုပါလုပ်ရပ်ဟာ ပါတီတွင်းလေးစားလိုက်နာရမယ့်စည်းမျဉ်းစည်းကမ်းတွေ၊ ဒီမိုက ရေစီစံနှုန်းတွေ၊ စည်းလုံးညီညွတ်ရေးဦးတည်ချက်တွေနဲ့ ကိုက်ညီခြင်း မရှိတဲ့အပြင် ‘၀’ အမျိုးသားပါတီအပေါ် ပြည်သူလူထုရဲ့ ယုံကြည်မှုထိခိုက်စေတယ်လို့လည်း ဗဟိုကော် မတီဝင်တွေက ဆိုပါတယ်။

ဒါကြောင့် ‘၀’ အမျိုးသားပါတီဗဟိုကော်မတီဝင်တွေ၊ ပါတီဝင်တွေရဲ့ ရပ်တည်ချက်နဲ့ သွေဖည်တဲ့ အဲဒီလုပ်ရပ်ဟာ ပါတီနဲ့ သက်ဆိုင်ခြင်းမရှိဘဲ ပြင်းထန်စွာရှုတ်ချတယ်လို့ ထုတ်ပြန်ပါတယ်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

ဆောင်းပါး

ထိုင်းနိုင်ငံနဲ့ ထိုင်းပြည်သူတွေအတွက်လွန်စွာဝမ်းနည်းစိတ်မကောင်းဖြစ်ရပါတယ်လို့ ဦးစွာပြောလိုပါတယ်။ အကြောင်းရင်းကတော့ မိမိတို့နိုင်ငံရဲ့ ထုတ်ကုန်တစ်ခုဖြစ်တဲ့ ဗြဟ္မာ့ဦးခေါင်းကြီးကြောင့် သင်တို့မြေမှာ ဆိုးကျိုး တွေ ကြုံတွေ့ခဲ့ရတာကြောင့်ဖြစ်ပါတယ်။

သတင်း

ထိုင်းနိုင်ငံထဲ ကို မကောင်းတဲ့ စွမ်းအင်တွေ ၀င်ရောက်လာတယ်လို့ ထိုင်းရဲတပ်ဖွဲ့ဝင်တဦးက ဒီကနေ့ပြောပါတယ်။

သတင်း

အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင် ရှေ့မှာ ငြိမ်းချမ်းရေးနဲ့ လူသားချင်းစာနာမှုတွေအတွက် အော်ဟစ်ဆန္ဒပြခဲ့တဲ့ ပြည်သူ့ပါတီ (PP)ရဲ့ အမတ် အနူဆွမ် သွမ်ချိုင်က မင်းအောင်လှိုင်ဆီလိပ်မူတဲ့ပေးစာကိုထုတ်ပြန်ခဲ့ပါတယ်။

သတင်း

အာဏာသိမ်း မြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ထိုင်းနိုင်ငံခရီးစဉ်နဲ့ ပတ်သက်ပြီး ထိုင်းတက္ကသိုလ် ၃ ခုရဲ့ကျောင်းသား သမဂ္ဂတွေ နဲ့ ကျောင်းသား အဖွဲ့အစည်းတွေက ပူးတွဲထုတ်ပြန်ချက်တစ်စောင်နဲ့ကန့်ကွက်ရှုတ်ချခဲ့ပါတယ်။