Connect with us

Hi, what are you looking for?

LuduNwayOo

News

စစ်​​ခေါင်းဆောင်မင်းအောင်လှိုင်ကိုထောက်ခံတဲ့ ပြည်ခိုင်ဖြိုးနဲ့မိတ်ဖက် ၂၈ ပါတီထဲမှာ ‘၀’ အမျိုးသားပါတီပါဝင်မှု ဗဟိုကော်မတီဝင်တွေ ပြင်းထန်စွာကန့်ကွက်

ပါတီတွင်းလေးစားလိုက်နာရမယ့်စည်းမျဉ်းစည်းကမ်းတွေ၊ ဒီမိုက ရေစီစံနှုန်းတွေ၊ စည်းလုံးညီညွတ်ရေးဦးတည်ချက်တွေနဲ့ ကိုက်ညီခြင်း မရှိတဲ့အပြင် ‘၀’ အမျိုးသားပါတီအပေါ် ပြည်သူလူထုရဲ့ ယုံကြည်မှုထိခိုက်စေတယ်လို့လည်း ဗဟိုကော် မတီဝင်တွေက ဆိုပါတယ်။

အကြမ်းဖက်စစ်ကောင်စီခေါင်းဆောင်မင်းအောင်လှိုင်ကို ထောက်ခံတဲ့ ပြည်ခိုင်ဖြိုးနဲ့မိတ်ဖက်ပါတီ ၂၈ ပါတီထဲမှာ ‘၀’ အမျိုးသားပါတီ ပါဝင်မှုနဲ့ပတ်သက်ပြီး ပါတီရဲ့ဗဟို ကော်မတီဝင်တွေက ပြင်းထန်စွာကန့်ကွက်ရှုတ်ချတယ်လို့ ဒီနေ့ထုတ်ပြန်ပါတယ်။

ပြည်ခိုင်ဖြိုးနဲ့ မိတ်ဖက် ၂၈ ပါတီရဲ့ ထုတ်ပြန်ချက်မှာ ‘၀’ အမျိုးသားပါတီဥက္ကဌ ဦးဆိုင်ပေါင်းနပ်ပါဝင်လက်မှတ်ရေးထိုးထားပြီး အဲဒီလိုပါဝင်လက်မှတ်ရေးထိုးတာနဲ့ပတ်သက် ပြီး ပါတီဗဟိုကော်မတီဝင်တွေကို ကြိုတင်အသိပေးခြင်း၊ အများရဲ့ သဘောထားရယူခြင်း၊ ဆွေး နွေးညှိနှိုင်းတိုင်ပင်ခြင်း လုံး၀မရှိခဲ့ဘူးလို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

အဆိုပါလုပ်ရပ်ဟာ ပါတီတွင်းလေးစားလိုက်နာရမယ့်စည်းမျဉ်းစည်းကမ်းတွေ၊ ဒီမိုက ရေစီစံနှုန်းတွေ၊ စည်းလုံးညီညွတ်ရေးဦးတည်ချက်တွေနဲ့ ကိုက်ညီခြင်း မရှိတဲ့အပြင် ‘၀’ အမျိုးသားပါတီအပေါ် ပြည်သူလူထုရဲ့ ယုံကြည်မှုထိခိုက်စေတယ်လို့လည်း ဗဟိုကော် မတီဝင်တွေက ဆိုပါတယ်။

ဒါကြောင့် ‘၀’ အမျိုးသားပါတီဗဟိုကော်မတီဝင်တွေ၊ ပါတီဝင်တွေရဲ့ ရပ်တည်ချက်နဲ့ သွေဖည်တဲ့ အဲဒီလုပ်ရပ်ဟာ ပါတီနဲ့ သက်ဆိုင်ခြင်းမရှိဘဲ ပြင်းထန်စွာရှုတ်ချတယ်လို့ ထုတ်ပြန်ပါတယ်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

KRAအဖွဲ့သည် နိုဝင်ဘာ ၁၀ ရက် နံနက်ပိုင်းကလည်း ကျောက်ဆည်ခရိုင်တရားရုံးအတွင်းသို့ လက်ပစ်ဗုံးတစ်လုံး အနီးကပ်ပစ်သွင်းကာ တိုက်ခိုက်ခဲ့ရာ တရားသူကြီးထိခိုက်ခဲ့သေးသည်။

သတင်း

တိုင်ကြားသူများထဲတွင် ၂၀၂၁ခုနှစ်စက်တင်ဘာ ၂၉ ရက်က စစ်ကောင်စီတပ်က ပစ်သတ်ခံခဲ့သည့် ပူးရဲလ်တူးသမီးလည်းပါဝင်သည်။ ပူးရဲလ်တူးသည် ပူးဟရမ်ကျင်းနှင့်အတူ ထန်တလန်မြို့က ထွက်ပြေးပြီး ဆေးဝါးများပြန်ယူစဉ် စစ်ကောင်စီတပ်က နှစ်ဦးလုံးကို သတ်ဖြတ်ခဲ့သည်။

သတင်း

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်အမည်အား ဟာသ တစ်တော့ ရုပ်သံတစ်ခု၌ သုံးစွဲရိုက်ကူးထားသည်ဆိုကာ ၎င်းအား စစ်ကောင်စီ၏ ဝါဒဖြန့်ချန်နယ်များတွင်လှုံ့ဆော်ပြီးနောက် ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

သတင်း

တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi သည် ပြီးခဲ့သည့် ၂၀၂၂ ဇူလိုင်တွင် ပုဂံမြို့သို့လာရောက်ကာ စစ်ကောင်စီခန့်နိုင်ငံခြားရေးဝန်ကြီး ဝဏ္ဏမောင်လွင်နှင့်တွေ့ဆုံခဲ့သော်လည်း အာဏာသိမ်းစစ်ခေါင်း ဆောင်မင်းအောင်လှိုင်ကိုတွေ့ဆုံခြင်းမရှိခဲ့ပေ။