Connect with us

Hi, what are you looking for?

သတင်း

တက္ကသိုလ်ကျောင်းသူတစ်ဦးကို ရန်ကုန်မှာဖမ်းဆီးရာ ဖခင်ဖြစ်သူကိုပါ တပါတည်းစစ်ကောင်စီဖမ်းဆီးသွား

လက်ရှိ အဖမ်းခံလိုက်ရတဲ့ မရွှေရည်ဝင်းအပါအဝင် ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် က ဖမ်းဆီးခံ ကျောင်းသား ၊ကျောင်းသူ ၁၄ ဦးရှိပြီး စစ်အုပ်စုလက်ချက်ကြောင့် သေဆုံးရသူ ၁ ဦးရှိတယ်လို့ သိရပါတယ်။

ဓာတ်ပုံ−ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်ကျောင်းသားများသမဂ္ဂ-ဗကသ ဖေ့ဘွတ်ခ်
ဓာတ်ပုံ−ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်ကျောင်းသားများသမဂ္ဂ-ဗကသ ဖေ့ဘွတ်ခ်

ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်ဒုတိယနှစ်ကျောင်းသူတစ်ဦးကို မနေ့ကညပိုင်း ၁၀ နာရီလောက်မှာ စစ်ကောင်စီက ဖမ်းဆီးရာ ဖခင်ဖြစ်သူကိုပါ တပါတည်း ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့သိရပါတယ်။

ဥပဒေကျောင်းသူဖြစ်တဲ့ မရွှေရည်ဝင်းကို ကြည့်မြင်တိုင်မြို့နယ်၊ အိုဘိုလမ်းကနေအိမ်မှာ စစ်ကောင်စီတပ်အင်အားအလုံးအရင်းနဲ့ လာရောက်ဖမ်းဆီးခေါ်ဆောင်သွားတာလို့ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် ကျောင်းသားများသမဂ္ဂ − ဗကသ က ဒီနေ့ညပိုင်းမှာထုတ်ပြန်ပါတယ်။

ဒီနေ့ညနေအထိ ကြည့်မြင်တိုင်မြို့နယ် ရဲစခန်းမှာ ဖမ်းဆီးထားတယ်လို့သိရပြီး ညနေ ၆ နာရီလောက်မှာတော့ မရွှေရည်ဝင်းတို့သားအဖကို စစ်တပ်က လာခေါ်သွားပြီး စစ်ကြောရေးပို့လိုက်တယ်လို့ ထုတ်ပြန်ချက်အရသိရပါတယ်။

မည်သည့်စစ်ကြောရေးကို ပို့လိုက်တာကို စုံစမ်းမရသေးဘဲ အသက်အန္တရာယ်စိုးရိမ်ရတယ်လို့လည်း ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် ကျောင်းသားများသမဂ္ဂ − ဗကသ က ဆိုထားပါတယ်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီဟာ ပြီးခဲ့တဲ့ရက်ပိုင်းကစတင်ပြီး ရန်ကုန် မှာ လူငယ်အများအပြားကို ဖမ်းဆီးတာတွေ ခပ်စိတ်စိတ်ရှိလာပါတယ်။

လက်ရှိ အဖမ်းခံလိုက်ရတဲ့ မရွှေရည်ဝင်းအပါအဝင် ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် က ဖမ်းဆီးခံ ကျောင်းသား ၊ကျောင်းသူ ၁၄ ဦးရှိပြီး စစ်အုပ်စုလက်ချက်ကြောင့် သေဆုံးရသူ ၁ ဦးရှိတယ်လို့ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

ရန်ကုန်မြို့ရဲ့ မြိုနယ်နှစ်ခုမှာ ဒီရက်ပိုင်းအတွင်း ယာဉ်တိုက်မှုကြောင့် အမျိုးသမီး ၂ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ရန်ကုန်နဲ့ ဧရာဝတီတိုင်းမှာ အခုရက်ပိုင်းကြုံတွေ့နေရတဲ့ လေပြင်းဘေးကြောင့် စပါးခင်းအများအပြားပျက်စီးခဲ့တယ်လို့ ဒေသခံတောင်သူလယ်သမားတွေက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့လယ်ခေါင်ကျောက်တံတားမြို့နယ် ပန်းဆိုးတန်းနဲ့ မဟာဗန္ဓုလလမ်းထောင့်မှာ ဒီကနေ့ (စက်တင်ဘာ ၁၉)ညမှာအမျိုးသားတစ်ဦး မူးယစ်ဆေးသုံးစွဲပြီး ကားကိုမောင်းနှင်တာမှာ လမ်း​ပေါ်ရှိတဲ့ ကား​တွေကို လိုက်လံတိုက်ခိုက်မှု ဖြစ်ပွားခဲ့တယ်လို့ဒေသခံပြည်သူတွေက ပြောပါတယ်။

Facebook