Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ရေစကြိုတွင်လိုင်း​ကြေးအ​ကောက်ကြမ်း​သောရဲကိုဖမ်းဆီးစဥ်လက်နက်လုယူ၍ သုတ်သင်ရှင်းလင်းဟုPDFအဖွဲ့​ပြော

မဟာမိတ်များဖြစ်သော ပုဂံ​ညောင်ဦး PDF၊ Black Wolf PDF – MDY၊ MGN Tiger မြင်းခြံခရိုင်တပ်ရင်း(၂)တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ၎င်းတို့ကအသိပေးသည်။

ရေစကြိုတွင်လိုင်း​ကြေးအ​ကောက်ကြမ်း​သောရဲ
ရေစကြိုတွင်လိုင်း​ကြေးအ​ကောက်ကြမ်း​သောရဲ

မကွေးတိုင်း၊ရေစကြိုမြို့နယ်တွင် လိုင်းကြေးအကောက်ကြမ်းနေသည့် ရဲဝန်ထမ်းနယ်ထိန်းတစ်ဦးအား သွားရောက်ဖမ်းဆီးစဥ် လက်နက်လုရန်ကြိုးစားသဖြင့် သုတ်သင်ရှင်းလင်းခဲ့ကြောင်း ဒေသတွင်းPDFအဖွဲ့များက သတင်းထုတ်ပြန်သည်။

အဆိုပါနယ်ထိန်းရဲအား သွားရောက်စောင့်ကြည့် ဖမ်းဆီးခေါ်ဆောင်လာရာ လမ်းခုလတ် တစ်နေရာတွင် လက်နက်လုရန် ကြံစည်ခုခံသောကြောင့် ပစ်ခတ်ရာမှ သေဆုံးသွားခြင်းဖြစ်ကြောင်း Black Wolf PDF-Mdyက အသိပေးသည်။

ယနေ့ (ဇွန်လ ၁၇ရက်) မွန်းလွဲ ၁၂နာရီ ၄၀မိနစ်ခန့်ကရေစကြိုမြို့၊ အမှတ်(၈)သုခဝတီရပ်​ကွက်နေ ရဲဝန်ထမ်းနယ်ထိန်း နိုင်မင်းထွဋ်ခေါင်ဆိုသူသည် ရေစကြိုမြို့အတွင်းလှည့်ပတ်ပြီးလိုင်းကြေးကောက်၍ အမြတ်ထုတ်သည်ဟုသတင်းရရှိသောကြောင့်သုတ်သင်ရှင်းလင်းခဲ့ခြင်းဖြစ်သည်ဟု
Bagan Nyaung Oo PDFအဖွဲ့ကလည်းထုတ်ပြန်ထားသည်။

“နောက်နောင်လှည့်ပတ်ရိက္ခာမယူရေးအတွက်ငရဲပြည်သို့အပြီးအပိုင်ပို့ဆောင်ပေးလိုက်ပါသည်”ဟုပုဂံ​ညောင်ဦး PDFအဖွဲ့ကအသိ​ပေးထားသည်။

Public Service Announcement

Public Service Announcement

မဟာမိတ်များဖြစ်သော ပုဂံ​ညောင်ဦး PDF၊ Black Wolf PDF – MDY၊ MGN Tiger မြင်းခြံခရိုင်တပ်ရင်း(၂)တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ၎င်းတို့ကအသိပေးသည်။

ထုတ်ပြန်ချက်နှင့်ပတ်သက်၍ ပုဂံ​ညောင်ဦး PDFအဖွဲ့ထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်းမရှိသေးပါ။

မကွေးတိုင်း၊ရေ​စကြိုမြို့နယ်သည် အကြမ်းဖက်စစ်ကောင်စီအား ခုခံတော်လှန်မှုအားကောင်းရာဒေသတစ်ခုဖြစ်ပြီး စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်းရှိ PDF အဖွဲ့များနှင့်ပါ ပူးပေါင်းဆောင်ရွက်နေသည်။

ဆက်စပ်သတင်းများ

သတင်း

MDY-PDFသည် ယခု ဧပြီအတွင်း မန္တလေးတိုင်း ပြင်ဦးလွင်မြို့နှင့် (၁၀)မိုင်အကွာရှိ သရက်ကုန်း ကျေးရွာ စစ်စခန်း တိုက်ခိုက်သိမ်းပိုက် နိုင်မှုကို အသိပေးထားသည်။

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဆယ်ဇင်းဒေသခံတစ်ဦးကလည်း “လေကြောင်းကတော့ မနေ့က တောက်လျှောက် လာတယ်။ ညကလာတော့ လာတယ် ဝဲတော့ ဝဲတယ်"ဟုပြောသည်။

သတင်း

တိုက်ခိုက်ခံရပြီးနောက် လျှော်ဖြူကျေးရွာသို့ ရွာကြီးရွာမှ စစ်ကောင်စီတပ်သားများ လာရောက်အင်အားဖြည့်ထားကြောင်း ဒေသခံများက ပြောသည်။