Connect with us

Hi, what are you looking for?

သတင်း

ရေစကြိုတွင်လိုင်း​ကြေးအ​ကောက်ကြမ်း​သောရဲကိုဖမ်းဆီးစဥ်လက်နက်လုယူ၍ သုတ်သင်ရှင်းလင်းဟုPDFအဖွဲ့​ပြော

မဟာမိတ်များဖြစ်သော ပုဂံ​ညောင်ဦး PDF၊ Black Wolf PDF – MDY၊ MGN Tiger မြင်းခြံခရိုင်တပ်ရင်း(၂)တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ၎င်းတို့ကအသိပေးသည်။

ရေစကြိုတွင်လိုင်း​ကြေးအ​ကောက်ကြမ်း​သောရဲ
ရေစကြိုတွင်လိုင်း​ကြေးအ​ကောက်ကြမ်း​သောရဲ

မကွေးတိုင်း၊ရေစကြိုမြို့နယ်တွင် လိုင်းကြေးအကောက်ကြမ်းနေသည့် ရဲဝန်ထမ်းနယ်ထိန်းတစ်ဦးအား သွားရောက်ဖမ်းဆီးစဥ် လက်နက်လုရန်ကြိုးစားသဖြင့် သုတ်သင်ရှင်းလင်းခဲ့ကြောင်း ဒေသတွင်းPDFအဖွဲ့များက သတင်းထုတ်ပြန်သည်။

အဆိုပါနယ်ထိန်းရဲအား သွားရောက်စောင့်ကြည့် ဖမ်းဆီးခေါ်ဆောင်လာရာ လမ်းခုလတ် တစ်နေရာတွင် လက်နက်လုရန် ကြံစည်ခုခံသောကြောင့် ပစ်ခတ်ရာမှ သေဆုံးသွားခြင်းဖြစ်ကြောင်း Black Wolf PDF-Mdyက အသိပေးသည်။

ယနေ့ (ဇွန်လ ၁၇ရက်) မွန်းလွဲ ၁၂နာရီ ၄၀မိနစ်ခန့်ကရေစကြိုမြို့၊ အမှတ်(၈)သုခဝတီရပ်​ကွက်နေ ရဲဝန်ထမ်းနယ်ထိန်း နိုင်မင်းထွဋ်ခေါင်ဆိုသူသည် ရေစကြိုမြို့အတွင်းလှည့်ပတ်ပြီးလိုင်းကြေးကောက်၍ အမြတ်ထုတ်သည်ဟုသတင်းရရှိသောကြောင့်သုတ်သင်ရှင်းလင်းခဲ့ခြင်းဖြစ်သည်ဟု
Bagan Nyaung Oo PDFအဖွဲ့ကလည်းထုတ်ပြန်ထားသည်။

“နောက်နောင်လှည့်ပတ်ရိက္ခာမယူရေးအတွက်ငရဲပြည်သို့အပြီးအပိုင်ပို့ဆောင်ပေးလိုက်ပါသည်”ဟုပုဂံ​ညောင်ဦး PDFအဖွဲ့ကအသိ​ပေးထားသည်။

Public Service Announcement

Public Service Announcement

မဟာမိတ်များဖြစ်သော ပုဂံ​ညောင်ဦး PDF၊ Black Wolf PDF – MDY၊ MGN Tiger မြင်းခြံခရိုင်တပ်ရင်း(၂)တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ၎င်းတို့ကအသိပေးသည်။

ထုတ်ပြန်ချက်နှင့်ပတ်သက်၍ ပုဂံ​ညောင်ဦး PDFအဖွဲ့ထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်းမရှိသေးပါ။

မကွေးတိုင်း၊ရေ​စကြိုမြို့နယ်သည် အကြမ်းဖက်စစ်ကောင်စီအား ခုခံတော်လှန်မှုအားကောင်းရာဒေသတစ်ခုဖြစ်ပြီး စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်းရှိ PDF အဖွဲ့များနှင့်ပါ ပူးပေါင်းဆောင်ရွက်နေသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့မှာ ကင်းပတ်ထွက်လာတဲ့ စစ်တပ် တိုက်ခံရပြီး သေဆုံးထိခိုက်မှုတွေရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ရေစကြို(ပကဖ) တာ၀န်ရှိသူက ပြောပါတယ်။

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

သတင်း

မုံရွာ-မန္တလေးလမ်းပိုင်းက စစ်ယာဉ်တန်းတိုက်ခံရတဲ့နေရာကို စစ်တပ်က အထိုင်စခန်းချပြီး ပြည်သူတွေကို ဖမ်းဆီးငွေညစ်နေတယ်လို့ မုံရွာမြို့နယ်သတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

တတက(၁၃)ကျောင်းအုပ်ကြီးနဲ့အမှတ်(၄)လေကြောင်းချီတပ်မဟာကွပ်ကဲမှုဌာနချုပ် ဗိုလ်မှူးချုပ် ၂ဦး ဒဏ်ရာရ