Connect with us

Hi, what are you looking for?

သတင်း

ရန်ကုန်မြို့ မှပြည်သူများ တော်လှန်ရေး အင်အားစုများနှင့်အတူ ပူးပေါင်းပါဝင်ပေးရန် မေတ္တာရပ်ခံ

အဆက်အသွယ်ပြတ်တောက်နေသည့် ရဲဘော်များနှင့်ပက်သက်၍သေချာအတည်ပြုချက်မရယူနိုင်​သေးကြောင်း၄င်းတို့၏ သက်ဆိုင်ရာ အစုအဖွဲ့များနှင့် နီးစပ်သည့် သတင်းရင်းမြစ်များမှတဆင့်သိရှိရကြောင်း တော်လှန်ရေးအင်အားစုများက ထုတ်ပြန်သည်။

(၂၀၂၁၊ မတ်လအတွင်းက ရန်ကုန်၌ ဆန္ဒပြလူငယ်များကို ဖမ်းဆီးရန် ရှာဖွေနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဓာတ်ပုံ - Getty Images)
(၂၀၂၁၊ မတ်လအတွင်းက ရန်ကုန်၌ ဆန္ဒပြလူငယ်များကို ဖမ်းဆီးရန် ရှာဖွေနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဓာတ်ပုံ - Getty Images)

ရန်ကုန်မြို့ရှိ ဒေသခံပြည်သူများအ​နေဖြင့် အာဏာသိမ်းစစ်​ကောင်စီကိုတော်လှန်ရေးသည် မိမိတို့နှင့်ဆိုင်သည် ဟု မှတ်ယူပြီး ​တော်လှန်​ရေးအတွက် နိုင်ရာဝန်အား ထမ်း၍ တဖက်တလမ်း မှ ပူးပေါင်းပါဝင်ပေးကြပါရန်မြို့ပြတော်လှန်ရေးအင်အားစုများက ယနေ့ (ဇွန်လ ၁၇) ၌မေတ္တာရပ်ခံခဲ့သည်။

ပြီးခဲ့သည့် ဇွန်လ ၁၃ ရက် ညပိုင်းတွင် စမ်းချောင်း၊ ကြည့်မြင်တိုင်၊ တာမွေ နှင့် ရန်ကင်းမြို့နယ် အသီးသီးတို့တွင် မြေပြင်သပိတ် ကော်မတီဝင် ရဲဘော် ၃၀ကျော်မှာ အကြမ်းဖက်စစ်ကောင်စီ၏ ဖမ်းဆီးခံခဲ့ရသည်။ ဇွန် ၁၄ ၊ ၁၅ ၊၁၆ရက်များတွင်လည်း ထပ်မံဖမ်းဆီး ခံခဲံရသည့် လူငယ်အများအပြားရှိခဲ့ရာ ​လေးရက်အတွင်း ဖမ်းဆီးခံ ထားရသူဦးရေမှာ ၆၀ နှင့်အထက်တွင် ရှိနေကြောင်း သိရသည်။

ထို့အပြင်အဆက်အသွယ်ပြတ်တောက်နေသည့် ရဲဘော်များနှင့်ပက်သက်၍သေချာအတည်ပြုချက်မရယူနိုင်​သေးကြောင်း၄င်းတို့၏ သက်ဆိုင်ရာ အစုအဖွဲ့များနှင့် နီးစပ်သည့် သတင်းရင်းမြစ်များမှတဆင့်သိရှိရကြောင်း တော်လှန်ရေးအင်အားစုများက ထုတ်ပြန်သည်။

အလားသဏ္ဍန်တူ ဖြစ်ရပ်မျိုးသည် ၂၀၂၁နိုဝင်ဘာလအတွင်း တွင်ဖြစ်ပွားခဲ့ဖူးပြီး ထိုစဉ်က ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့ပြ‌ ပျောက်ကျား ရဲဘော်များနှင့် ထောက်ပို့ရဲဘော် များအပါအဝင် အင်အားရာ‌ကျော် ဆက်တိုက် ဖမ်းဆီးခံခဲ့ရ‌ပြီး ယင်းဖြစ်စဉ်အပြီးမြို့ပြတွင် စစ်ကောင်စီ၏ ဒုတိယအကြိမ် အမြောက်အမြား ဖမ်းဆီးခံရမှု ဖြစ်လာခဲ့သည်။

Public Service Announcement

Public Service Announcement

အကြမ်းဖက်စစ်ကောင်စီနှင့် ရဲတပ်ဖွဲ့ဝင်များသည် ညမထွက်ရအမိန့် ထုတ်ပြန်ထားသည့်အချိန်များတွင် ယင်းကဲ့သို့စစ်ဆင်ရေးများ ပြုလုပ်လေ့ရှိပြီးမြို့ထွက်ပေါက်များတွင်အသင့်ပိတ်ဆို့ ထားကာ မြို့ထဲတွင် ဝင်ရောက်မွေနှောက်ပြုလုပ်လေ့ရှိသည့်အတွက် ဒေသခံပြည်သူလူထု၏ ပူးပေါင်းပါဝင်မှုဖြင့် ဖေးမပေးရန် လိုအပ်နေကြောင်း မြို့ပြတော်လှန်ရေးအင်အားစုများက ​ပြောသည်။

ထို့ကြောင့် သာမန်ထက်ပိုသည့် အကြမ်းဖက်စစ်ကောင်စီနှင့် ရဲတပ်ဖွဲ့တို့၏ယာဉ်တန်းများအား တွေ့ရှိပါက ယုံကြည်ရသည့် Scout Channel များသို့အလျင်မီသတင်းပေးပို့ခြင်း ၊ တိမ်းရှောင်လာသည့် ရဲဘော်များအား ခိုလှုံ့ခွင့်ပြုခြင်း စသကဲ့သို့သော ပူးပေါင်းပါဝင်မှုများ လွန်စွာလိုအပ်နေကြောင်း သပိတ်ကော်မတီဝင် လူငယ်တစ်ဦးက လည်း​ပြောသည်။

” ဒေသခံလူထုရဲ့ ပါဝင်ပူးပေါင်းမှုမရှိသရွေ့ တော်လှန်ရေးရဲဘော်တွေအနေနဲ့ သမင်မွေးရင်း ကျားစားရင်း ဖြစ်နေပါလိမ့်မယ် ” ဟု ၎င်းက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ရေးအောင်မြင်မှုတွေ ဘယ်လောက်ပဲရရှိနေပါစေ၊ ပြည်သူ့မေတ္တာနဲ့ ယုံကြည်မှုကို ဆုံးရှုံးသွားရင် တော်လှန်ရေးဟာ အဓိပ္ပာယ်မဲ့သွားမှာဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက သတိပေးလိုက်ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။