Connect with us

Hi, what are you looking for?

သတင်း

ယင်းမာပင်တွင် NUG ပညာရေးဝန်ကြီးဌာန၏ ဘက်စုံထူးချွန်ဆုပေးပွဲနှင့် ပညာရေးစုံညီပွဲတော် ကျင်းပ

ဇွန်လ ၁၄ရက်ကလည်း စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင်တွင် NUGပညာရေးဝန်ကြီးဌာနက ဦးဆောင် ၍ မိုးရာသီအားကစားပြိုင်ပွဲကျင်းပခဲ့ပြီး NUG ကြား ပညာရေး စာသင်ကျောင်းများမှ ကျောင်းသား၊ ကျောင်း သူများနှင့် ပြည်သူများ ထောင်နှင့်ချီ၍ လာရောက် အားပေးခဲ့ကြသည်။

ဓာတ်ပုံ - Nan Oo Hlaing Facebook
ဓာတ်ပုံ - Nan Oo Hlaing Facebook

စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင်တွင် အမျိုးသားညီညွတ်​ရေးအစိုးရ(NUG)လက်အောက် ပညာရေးဝန်ကြီးဌာန၏ ဦးဆောင်မှုဖြင့် ဘက်စုံထူးချွန် ဆုပေးပွဲနှင့်ပညာရေး စုံညီပွဲတော်တို့ကို ယနေ့ (ဇွန်လ ၁၈)ကျင်းပပြုလုပ်ခဲ့သည်။

ယင်းမာပင်ခရိုင်တပ်ရင်း (၁)မှ စစ်ဘေးရှောင်ပြည်သူ များ၏ ကလေးသူငယ်များအား NUGမှ ချမှတ်ထားသည့် ကြားကာလပညာရေးမူအတိုင်း သင်ကြားပေးခဲ့ခြင်း ဖြစ်ပြီး ဘက်စုံထူးချွန်ဆုပေးပွဲနှင့် ပညာရေးစုံညီပွဲတော်ကိုလည်းပြည်သူလူထုများစွာဖြင့် အောင်မြင်စွာကျင်းပနိုင်ခဲ့ကြောင်း သိရသည်။

“ယင်းမာပင်ခရိုင်မှာ ဒီလိုမျိုး ပညာရေးစုံညီပွဲတော်တွေတောင် ကျင်းပနိုင်တဲ့ အရမ်းဝမ်းသာမိပါတယ်။ ဒါက တော်လှန်ရေးရဲ့ အသီးအပွင့်တစ်ခုပါပဲ”ဟု ယင်းမာပင် – ဆားလင်းကြီး ရွာပေါင်းစုံသပိတ်ကော်မတီဝင် တစ်ဦးက လူမှုကွန်ရက်တွင် ရေးသားဖော်ပြထားသည်။

ပြီးခဲ့သည့် ဇွန်လ ၁၄ရက်ကလည်း စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင်တွင် NUGပညာရေးဝန်ကြီးဌာနက ဦးဆောင် ၍ မိုးရာသီအားကစားပြိုင်ပွဲကျင်းပခဲ့ပြီး NUG ကြား ပညာရေး စာသင်ကျောင်းများမှ ကျောင်းသား၊ ကျောင်း သူများနှင့် ပြည်သူများ ထောင်နှင့်ချီ၍ လာရောက် အားပေးခဲ့ကြသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) သွားရောက်တွေ့ဆုံခဲ့မှုအပေါ် လှိုက်လှဲစွာကြိုဆိုကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က ဒီကနေ့ ဩဂုတ် ၄ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

တော်လှန်ရေးအင်အားစုများရဲ့ဘုံနိုင်ငံရေးသဘောတူညီချက် (ပထမမူကြမ်း)ကို သဘောတူအတည်ပြုကြောင်း သဘောတူညီချက်မှာ ပါဝင်တဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေက ဒီကနေ့ ဇူလိုင် ၃၀ရက်မှာ အသိပေးထုတ်ပြန်ပါတယ်။

ဆောင်းပါး

ပြည်နယ်/ယူနစ် အားကောင်းရေးမှ ပြည်ထောင်စု အားကောင်းရေး (Bottom-Up Federalism) အခြေခံမူဖြင့် ပြည်နယ်/ယူနစ် ဥပဒေအစီအမံများ စစ်ကိုင်း၊ မကွေး၊ မန္တလေးနှင့် ရန်ကုန်ဒေသတို့တွင် ၂၀၂၅ ခုနှစ် နှစ်လယ်ပိုင်းမှစ၍ အသီးသီးပေါ်ပေါက်လာကြသည်။

သတင်း

စစ်ကိုင်းတိုင်းက ယင်းမာပင်နဲ့ အရာတော်မြို့နယ်မှာ ဒေသခံပြည်သူတွေ၊ တော်လှန်သပိတ်အင်အားစုတွေက စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှုတွေကို ဒီကနေ့ (ဇူလိုင် ၂၀) မှာ ပြုလုပ်ခဲ့ပါတယ်။