Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

သေဒဏ်ကိုကန့်ကွက်ပြီးထောင်တွင်းညှင်းပန်းနှိပ်စက်မှုတွေ ရပ်တန့်ဖို့ အင်းစိန်ထောင်မှာဖမ်းဆီးခံထားရတဲ့နိုင်ငံရေးအင်အားစုတွေတောင်းဆို

အဲဒီအချက်တွေထဲမှာ ကိုဂျင်မီ၊ကိုဇေယျာသော်အပါအဝင် ၄ ဦးရဲ့သေဒဏ်ကိုအတည်ပြုပြီးကွပ်မျက်မယ်ဆိုတဲ့စစ်ကောင်စီရဲ့လုပ်ရပ်ကိုကန့်ကွက်ပြီး စစ်ခုံရုံးက သေဒဏ်အမိန့်ကို ပြည်ထောင်စုတရားလွှတ်တော်ချုပ်မှာပြန်လည်စစ်ဆေးဖို့ တောင်းဆိုထားပါတယ်။

အင်းစိန်ထောင်တွင်း ကိုတွေ့ရစဉ်
အင်းစိန်ထောင်တွင်း ကိုတွေ့ရစဉ်

သေဒဏ်စီရင်မယ်ဆိုတဲ့စစ်ကောင်စီရဲ့ လုပ်ရပ်ကို ကန့်ကွက်ပြီး ထောင်တွင်းညှင်းပန်းနှိပ်စက်မှုတွေကို ချက်ချင်းရပ်တန့်ဖို့ အင်းစိန်ဗဟိုအကျဉ်းထောင် နိုင်ငံရေးအင်အားစုတွေဟာ သဘောထားကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

ဒီနေ့ရက်စွဲနဲ့ထုတ်ပြန်တဲ့အဲဒီကြေညာချက်မှာ အချက် ၅ ချက်ကို အဓိကတောင်းဆိုထားတာတွေ့ရပါတယ်။

အဲဒီအချက်တွေထဲမှာ ကိုဂျင်မီ၊ကိုဇေယျာသော်အပါအဝင် ၄ ဦးရဲ့သေဒဏ်ကိုအတည်ပြုပြီးကွပ်မျက်မယ်ဆိုတဲ့စစ်ကောင်စီရဲ့လုပ်ရပ်ကိုကန့်ကွက်ပြီး စစ်ခုံရုံးက သေဒဏ်အမိန့်ကို ပြည်ထောင်စုတရားလွှတ်တော်ချုပ်မှာပြန်လည်စစ်ဆေးဖို့ တောင်းဆိုထားပါတယ်။

အင်းစိန်ထောင်တွင်းက နိုင်ငံရေးအင်အားစုတွေအပေါ် ရည်ရွယ်ချက်ရှိရှိ ဥပဒေမဲ့ ညှင်းပန်းနှိပ်စက်မှုတွေကို လည်းရပ်တန့်ဖို့ ကြေညာချက်မှာတောင်းဆိုထားပါသေးတယ်။

Public Service Announcement

Public Service Announcement

ထောင်မှာ ဖမ်းဆီးချုပ်နှောင်ထား နိုင်ငံရေးအင်အားစု အချုပ်သား၊အကျဉ်းသားတွေကို ထောင်အာဏာပိုင်တွေဟာ လုံလောက်တဲ့ကျန်းမာရေးစောင့်ရှောက်မှုမပေးဘူးလို့ သိရပါတယ်။

ဒါအပြင် မိသားစုပေးပို့တဲ့ ဆေးဝါးကို ထုတ်မပေးဘဲ သိမ်းထားတာမျိုးတွေလည်းရှိတယ်လို့ ကြေညာချက်မှာပါရှိပါတယ်။

ဒါကြောင့် ကျန်းမာရေးပြုစုစောင့်ရှောက်မှုကို ချက်ချင်းပြုလုပ်ပေးဖို့ တောင်းဆိုထားပါတယ်။

ဒါအပြင် နေ့စဉ်ကျွေးမွေးတဲ့ အကျဉ်းထောင် ထမင်းဟင်းမှာ အင်မတန်ညံဖျင်းပြီး ရရှိသင့်တဲ့ ရိက္ခာနှုန်းထားနဲ့ မကိုက်ညီတာ ၊သောက်ရေသန့်စက်ရှိပေမယ့် သောက်သုံးရေးကို လုံလုံလောက်လောက်မစီစဉ်ပေးတာ ၊ အချို့အိပ်ဆောင်တွေကို တမင်ရေဖြတ်ပစ်တာတွေ ရှိနေပြီး ဒီလုပ်ရပ်တွေကို ချက်ချင်းရပ်တန့်ဖို့လည်းတောင်းဆိုထားပါတယ်။

တောင်းဆိုချက်တွေထဲမှာ နိုင်ငံရေးအကျဉ်းသားအင်အားစုတွေကို ရာဇဝတ်သားတွေနဲ့ရောနှောထားတာ ၊ထောင်အာဏာပိုင်တွေနဲ့လက်ပါးစေရာဇဝတ်သားတွေက လူစုလူဝေးနဲ့ရိုက်နှက်တာ ၊တိုက်ပိတ်တာ ၊ မိလ္လာအညစ်အကြေးတွေသယ်ယူစေတာ ၊ရေထမ်းခိုင်းတာ စတဲ့ ရည်ရွယ်ချက်ရှိရှိလုပ်ရပ်တွေကို ချက်ချင်းရပ်တန့်ပစ်ဖို့ တောင်းဆိုထားတာတွေ့ရပါတယ်။

ဒီလို ထောင်တွင်းမှာဖြစ်ပွားနေတဲ့ ထောင်တွင်းညှင်းပန်းမှု ဥပဒေမဲ့လုပ်ရပ်တွေကို ရပ်တန့်နိုင်ဖို့နဲ့ နိုင်ငံရေးအင်အားစုတွေကို အကျဉ်းထောင်ထဲမှာ ဥပဒေနဲ့အညီ ပြုမှုဆက်ဆံနိုင်ဖို့ CRPH၊ NUG နဲ့တော်လှန်ရေးအင်အားစုတွေဟာ နိုင်ငံရေးလုပ်ငန်းစဉ်တစ်ရပ်အနေနဲ့ ဦးစားပေးလုပ်ဆောင်ကြဖို့ကိုလည်း တိုက်တွန်းထားပါတယ်။

ဒါအပြင် ဒီလုပ်ရပ်တွေအတွက် ပြည်တွင်းဥပဒေ ၊နိုင်ငံတကာဥပဒေတွေနဲ့အညီ တရားစွဲဆိုနိုင်ရေးဆောင်ရွက်ပေးဖို့တောင်းဆိုထား တာတွေ့ရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အဝေး က သဘောထား ကြေညာခဲ့ရာ ယင်းကြေညာမှု ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO/PNLA)၏ သဘောထား မပါဝင်ကြောင်း PNLO ဥက္ကဋ္ဌ ခွန်သူရိန်က ပြောကြားလိုက်သည်။

သတင်း

မနိုဘယ်လ်အေးသည် ၁၉၉၆ ကျောင်းသားလှုပ်ရှားမှုတွင် ပါဝင်ခဲ့‌သောကြောင့် ထောင်ဒဏ်(၄၂)နှစ် ကျခံရဖူးသူ နိုင်ငံရေးအကျဉ်းသူတစ်ဦးဖြစ်သည်။

သတင်း

▪︎"ဒီမှာရှိတဲ့ ခေါင်းဆောင်တွေ တပ်ဗိုလ်တပ်မှူးတွေ ယုံကြည်ချက် တူညီတဲ့ အစုအဖွဲ့တွေ စုဖွဲ့ပြီး စစ်အာဏာရှင်ကို တိုက်ဖျက်ချေမှုန်းဖို့ အတွက် ကျနော်တို့ အင်အားတစ်ခုအနေနဲ့ဆက်လက်တိုက်ပွဲဝင်မယ့်အကြောင်းပါ”

သတင်း

လတ်တလောတွင် KIAက ကချင်နှင့်ရှမ်းမြောက်ရှိစစ်ကောင်စီတပ်စခန်း တစ်ခုပြီး တစ်ခု ဆက်တိုက် တိုက်ခိုက်သိမ်းပိုက်နေသည့် အခြေအနေတွင် စစ်ရေးရှေ့အလားအလာကို မေးမြန်းရာ ယခုကဲ့သို့ ဖြေကြားခြင်းဖြစ်သည်။