Connect with us

Hi, what are you looking for?

သတင်း

ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ အထိမ်းအမှတ်အဖြစ် မုံရွာပြည်သူများ ချီတက်ဆန္ဒပြ

ဆန္ဒပြသူများက “ငါတို့အားလုံးအကျဉ်းသား အာဏာရှင်ရင်ဝကိုထိုးစိုက်မဲ့ သံမဏိဓား” ဆိုသည့် စာသားကို ကိုင်ဆောင်ပြီး စစ်ကောင်စီ၏ မတရားဖမ်းဆီးခံထားရသည့် လူထုခေါင်းဆောင်များ၊ ကျောင်းသားပြည်သူများနှင့်အတူရပ်တည်ကြောင်း ပြသခဲ့ကြသည်။

ဓာတ်ပုံ - Set Kaung San Monywa
ဓာတ်ပုံ - Set Kaung San Monywa

▪️သပိတ်စစ်ကြောင်းကို ဒေသခံ PDFများက လုံခြုံရေး စောင့်ရှောက်ပေးခဲ့

စစ်ကိုင်းတိုင်း မုံရွာမြို့ အမြင့်လမ်းရှိ ကျေးရွာတစ်ရွာတွင် ယနေ့ (ဇွန်လ ၁၉)ကျရောက်သည့် လူထုခေါင်း ဆောင် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အထိမ်းအမှတ် ဂုဏ်ပြုသောအားဖြင့် ပြည်သူများက စစ်အာဏာရှင် ဆန့်ကျင်ရေး ချီတက်ဆန္ဒပြခဲ့သည်။

ယင်းသပိတ်စစ်ကြောင်းတွင် ဆန္ဒပြပြည်သူများ၏ လုံခြုံရေးအတွက် ဒေသခံပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ (PDF) များက လိုက်ပါဝန်းရံစောင့်ရှောက်ခဲ့ကြသည်။

ဓာတ်ပုံ - Set Kaung San Monywa
ဓာတ်ပုံ – Set Kaung San Monywa

ဆန္ဒပြသူများက “ငါတို့အားလုံးအကျဉ်းသား အာဏာရှင်ရင်ဝကိုထိုးစိုက်မဲ့ သံမဏိဓား” ဆိုသည့် စာသားကို ကိုင်ဆောင်ပြီး စစ်ကောင်စီ၏ မတရားဖမ်းဆီးခံထားရသည့် လူထုခေါင်းဆောင်များ၊ ကျောင်းသားပြည်သူများနှင့်အတူရပ်တည်ကြောင်း ပြသခဲ့ကြသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ စစ်တပ်က လူငယ်တွေပေါ်တာဆွဲဖမ်းဆီးနေချိန် ဘုရားကြီးပွဲတော်ကို ပြန်လည်ပြုလုပ်ဖို့ ပြင်ဆင်နေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

မိခင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် မိခင်ရဲ့ နာမည် ၊ အကြောင်းအရာတွေကို ပြောပြီး ပါဝင်ပေးကြဖို့ သားဖြစ်သူ ကင်မ်အဲရစ်‌(ခ)ကိုထိန်လင်းက တောင်းဆိုထားပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်မှာ လူတစ်စုက အိမ်ခြံမြေပွဲစားတစ်ဦးကို အိမ်လိုက်ပြခိုင်းပြီး ဓါးနဲ့ခုတ်သတ်သွားကြောင်း မုံရွာမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ စစ်တပ်လက်အောက်ခံ စည်ပင်ဌာနက လမ်းဘေးစျေးသည်တွေကို ရှင်းလင်းရာမှာ လိုင်းကြေးမပေးနိုင်တဲ့ စျေးသည်တွေကို အဓိက ဖယ်ရှားနေကြောင်း မြို့ခံတွေက ပြောပါတယ်။