Connect with us

Hi, what are you looking for?

သတင်း

ထိန်း​ချောင်းဝတိုက်ပွဲတွင်စစ်​ကောင်စီတပ် ၁ဦး​သေ၊ ၁ဦးဒဏ်ရာရ

“ခုလောလောဆယ်စစ်ခွေးတွေရွာကအထွက်ပြပြီးရွာရဲ့အနောက်ဘက်မှာ ရှိနေကြတယ်ဗျ။ဒီကောင်တွေတော်တော်ထိနာသွားတယ်ဗျ။ ဒါကြောင့်ရွာက အရပ်သားတွေကိုသတ်သွားကြတာ”ဟု တနင်္သာရီ​ပျောက်ကြားအဖွဲ့ တာဝန်သူက​People’s Spring သို့ပြောသည်။

(ဇွန် ၆ ရက်တိုက်ပွဲအပြန်​ဒေသခံကာကွယ်​ရေးတပ်ဖွဲ့ဝင်များ။ ဓါတ်ပုံ-CJ)
(ဇွန် ၆ ရက်တိုက်ပွဲအပြန်​ဒေသခံကာကွယ်​ရေးတပ်ဖွဲ့ဝင်များ။ ဓါတ်ပုံ-CJ)

ဇွန် ၅ မှစ​သောတိုက်ပွဲများတွင်စစ်သားအနည်းဆုံး၅ဦး​​သေ

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ လယ်သစ်ရွာအနီး၊ ထိန်ချောင်းဝ တိုက်ပွဲတွင် စစ်ကောင်စီတပ်မှ တစ်ဦးသေဆုံးပြီး တစ်ဦး ဒဏ်ရာရရှိခဲ့သည်ဟု ​ဒေသခံကာကွယ်​ရေးတပ်ဖွဲ့က​ပြောသည်။

တနင်္သာရီမြို့နယ်၊ လယ်သစ်ရွာအနီး ထိန်း​ချောင်းဝတွင် ဇွန် ၁၇ ရက်နံနက်၁၀နာရီကျော်ချိန်၌တိုက်ပွဲစတင်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်ကလက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုကြောင့် အရပ်သားတစ်ဦးသေဆုံးခဲ့သည်ဟုလည်း တနင်္သာရီ​ပျောက်ကြားအဖွဲ့ ကထုတ်ပြန်သည်။

“ဇွန် ၅ ရက်ကတည်းက လယ်သစ်ကျေးရွာအုပ်စုဘက်ကို စစ်ကောင်စီတပ်က ထိုးစစ်ဆင်နေတာ။ လက်နက်ကြီးတွေနဲ့လည်း ပစ်ခတ်နေတာ။ ထိတွေ့တိုက်ပွဲက အခုရက်ပိုင်းမှ ဖြစ်တာ”ဟု ဒေသခံတစ်ဦးကပြောသည်။

Public Service Announcement
Public Service Announcement

လယ်သစ်ရွာတွင်ဇွန် ၁၅ ရက် ညနေပိုင်းမှစ၍တိုက်ပွဲဖြစ်ပွားနေခြင်းဖြစ်ပြီး ထိုနေ့မှစတင်ပြီးဇွန် ၁၈ ရက်အထိ ဖြစ်ပွား​သောတိုက်ပွဲများတွင် စစ်ကောင်စီတပ်ဘက်မှ အနည်းဆုံး ၅ ဦးသေဆုံးခဲ့သည်ဟု တနင်္သာရီကာကွယ်ရေး ပျောက်ကြားအဖွဲ့ကထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

ဇွန် ၁၆ ရက်တရက်တည်းတွင် စစ်ကောင်စီတပ်နှင့် ၎င်း၏ လက်​အောက်ခံပျူစောထီးအဖွဲ့တို့မှ နှစ်ဦးသေ၊ နှစ်ဦးဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။ ဇွန်၁၅ရက်တွင်စစ်ကောင်စီတပ်သား ၂ဦးသေပြီး၇ဦး ဒဏ်ရာရရှိခဲ့သည်။ထိုအပြင်စစ်ကောင်စီတပ်မှအရာရှိအပါအဝင် ၃ ဦးထွက်ပြေးခဲ့သည်ဟုတနင်္သာရီကာကွယ်ရေးပျောက်ကြားအဖွဲ့က အသိ​ပေးထားသည်။

“ခုလောလောဆယ်စစ်ခွေးတွေရွာကအထွက်ပြပြီးရွာရဲ့အနောက်ဘက်မှာ ရှိနေကြတယ်ဗျ။ဒီကောင်တွေတော်တော်ထိနာသွားတယ်ဗျ။ ဒါကြောင့်ရွာက အရပ်သားတွေကိုသတ်သွားကြတာ”ဟု တနင်္သာရီ​ပျောက်ကြားအဖွဲ့ တာဝန်သူက​People’s Spring သို့ပြောသည်။

လက်ရှိတွင်တိုက်ပွဲဆက်လက်မဖြစ်​သေး​ဘဲ စစ်​ရေးတင်းမာ​နေကြောင်းလည်း ၎င်းကဆက်​ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ် သေဆုံးသူများပြီး စစ်သုံ့ပန်းနဲ့ လက်နက်တွေ သိမ်းရ

သတင်း

အာဏာသိမ်းစစ်တပ်ဟာ ဒီနေ့ စက်တင်ဘာ ၁၃ ရက် နေ့လယ်ပိုင်းမှာ ရခိုင်ပြည်နယ်က ပုဏ္ဏားကျွန်းမြို့နယ် ဦးရာဇ်တော်ဘုရားတောင်ခြေရင်းရှိ စေတီရင်းရွာနဲ့ အနီးဝန်းကျင်တွေကို ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ပြည်သူ ၂ ဦးသေဆုံးပြီး ၃ ဦးထက်မနည်း ဒဏ်ရာရသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်​တွေ-ပုဏ္ဏားကျွန်းအစပ်တိုက်ပွဲ​တွေမှာစက်တင်ဘာ၄​နောက်ပိုင်းစစ်သား ၂၀၀ခန့်​သေဆုံးဟုဆို

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်က လုံးခင်းဆေးရုံကုန်းနဲ့ ဂေါက်ကွင်းအနီးမှာ စက်တင်ဘာ ၁၁ရက် ညနေကစပြီး တိုက်ပွဲဖြစ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

Facebook