Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ထိန်း​ချောင်းဝတိုက်ပွဲတွင်စစ်​ကောင်စီတပ် ၁ဦး​သေ၊ ၁ဦးဒဏ်ရာရ

“ခုလောလောဆယ်စစ်ခွေးတွေရွာကအထွက်ပြပြီးရွာရဲ့အနောက်ဘက်မှာ ရှိနေကြတယ်ဗျ။ဒီကောင်တွေတော်တော်ထိနာသွားတယ်ဗျ။ ဒါကြောင့်ရွာက အရပ်သားတွေကိုသတ်သွားကြတာ”ဟု တနင်္သာရီ​ပျောက်ကြားအဖွဲ့ တာဝန်သူက​People’s Spring သို့ပြောသည်။

(ဇွန် ၆ ရက်တိုက်ပွဲအပြန်​ဒေသခံကာကွယ်​ရေးတပ်ဖွဲ့ဝင်များ။ ဓါတ်ပုံ-CJ)
(ဇွန် ၆ ရက်တိုက်ပွဲအပြန်​ဒေသခံကာကွယ်​ရေးတပ်ဖွဲ့ဝင်များ။ ဓါတ်ပုံ-CJ)

ဇွန် ၅ မှစ​သောတိုက်ပွဲများတွင်စစ်သားအနည်းဆုံး၅ဦး​​သေ

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ လယ်သစ်ရွာအနီး၊ ထိန်ချောင်းဝ တိုက်ပွဲတွင် စစ်ကောင်စီတပ်မှ တစ်ဦးသေဆုံးပြီး တစ်ဦး ဒဏ်ရာရရှိခဲ့သည်ဟု ​ဒေသခံကာကွယ်​ရေးတပ်ဖွဲ့က​ပြောသည်။

တနင်္သာရီမြို့နယ်၊ လယ်သစ်ရွာအနီး ထိန်း​ချောင်းဝတွင် ဇွန် ၁၇ ရက်နံနက်၁၀နာရီကျော်ချိန်၌တိုက်ပွဲစတင်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်ကလက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုကြောင့် အရပ်သားတစ်ဦးသေဆုံးခဲ့သည်ဟုလည်း တနင်္သာရီ​ပျောက်ကြားအဖွဲ့ ကထုတ်ပြန်သည်။

“ဇွန် ၅ ရက်ကတည်းက လယ်သစ်ကျေးရွာအုပ်စုဘက်ကို စစ်ကောင်စီတပ်က ထိုးစစ်ဆင်နေတာ။ လက်နက်ကြီးတွေနဲ့လည်း ပစ်ခတ်နေတာ။ ထိတွေ့တိုက်ပွဲက အခုရက်ပိုင်းမှ ဖြစ်တာ”ဟု ဒေသခံတစ်ဦးကပြောသည်။

Public Service Announcement
Public Service Announcement

လယ်သစ်ရွာတွင်ဇွန် ၁၅ ရက် ညနေပိုင်းမှစ၍တိုက်ပွဲဖြစ်ပွားနေခြင်းဖြစ်ပြီး ထိုနေ့မှစတင်ပြီးဇွန် ၁၈ ရက်အထိ ဖြစ်ပွား​သောတိုက်ပွဲများတွင် စစ်ကောင်စီတပ်ဘက်မှ အနည်းဆုံး ၅ ဦးသေဆုံးခဲ့သည်ဟု တနင်္သာရီကာကွယ်ရေး ပျောက်ကြားအဖွဲ့ကထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

ဇွန် ၁၆ ရက်တရက်တည်းတွင် စစ်ကောင်စီတပ်နှင့် ၎င်း၏ လက်​အောက်ခံပျူစောထီးအဖွဲ့တို့မှ နှစ်ဦးသေ၊ နှစ်ဦးဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။ ဇွန်၁၅ရက်တွင်စစ်ကောင်စီတပ်သား ၂ဦးသေပြီး၇ဦး ဒဏ်ရာရရှိခဲ့သည်။ထိုအပြင်စစ်ကောင်စီတပ်မှအရာရှိအပါအဝင် ၃ ဦးထွက်ပြေးခဲ့သည်ဟုတနင်္သာရီကာကွယ်ရေးပျောက်ကြားအဖွဲ့က အသိ​ပေးထားသည်။

“ခုလောလောဆယ်စစ်ခွေးတွေရွာကအထွက်ပြပြီးရွာရဲ့အနောက်ဘက်မှာ ရှိနေကြတယ်ဗျ။ဒီကောင်တွေတော်တော်ထိနာသွားတယ်ဗျ။ ဒါကြောင့်ရွာက အရပ်သားတွေကိုသတ်သွားကြတာ”ဟု တနင်္သာရီ​ပျောက်ကြားအဖွဲ့ တာဝန်သူက​People’s Spring သို့ပြောသည်။

လက်ရှိတွင်တိုက်ပွဲဆက်လက်မဖြစ်​သေး​ဘဲ စစ်​ရေးတင်းမာ​နေကြောင်းလည်း ၎င်းကဆက်​ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

လှိုင်သာယာနှင့် အင်းစိန်မြို့နယ်တို့တွင် ယနေ့ ပေါက်ကွဲမှုများဖြစ်ခဲ့၍ စစ်ဆေးခြင်းဟုလည်း ဒေသခံအချို့က ပြောသည်။

သတင်း

စစ်ကောင်စီတပ်က လေကြောင်းမှ အဆိပ်ငွေ့ဗုံးများ၊ မီးလောင်ဗုံးများအသုံးပြုတိုက်ခိုက်လာကောင်းလည်း ဗိုလ်မှူးက ပြောသည်။ ကျားဖြူစစ်ကြောင်းမှ ရဲဘော်လေးဦးလည်း မစိုးရိမ်ရ ဒဏ်ရာရရှိကြောင်းလည်း ၎င်းက ဆက်ပြောသည်။

သတင်း

မြန်မာနိုင်ငံမှာ နိုင်ငံသားတွေ၊ အာဆီယံ အဖွဲ့ဝင်တွေ အပါအဝင် နိုင်ငံခြားသားတွေ အားလုံးရဲ့ လုံခြုံဘေးကင်းရေးကို အလေးထား ဆောင်ရွက်ပေးဖို့ကလည်း အထူးအရေးပါတဲ့ တောင်းဆိုမှု တစ်ခုလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားခဲ့ပါတယ်။

သတင်း

Urban Freedom စစ်ဆင်ရေးအနေဖြင့် ပထမဆုံးလုပ်ဆောင်မှုကို ဧပြီ ၁၀ ရက်တွင် မင်္ဂလာဒုံမြို့မရဲစခန်းကို တိုက်ခိုက်ခြင်းဖြင့် စတင်ခဲ့ပြီး ယင်းစစ်ဆင်ရေးတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးသေဆုံးကာ သုံးဦးဒဏ်ရာရရှိခဲ့သည်။