Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီတပ်က မီးရှို့သတ်ဖြတ်ခဲ့သည့် CDM ဆရာ၊ ဆရာမနှစ်ဦးအား ဂုဏ်ပြုဦးညွတ်ကြောင်း သံလျင် ပညာရေးဘုတ်အဖွဲ့ ထုတ်ပြန်

ဆရာကြီး၊ ဆရာမနှင့် ဆရာမ၏ ရင်သွေးတို့ ငြိမ်းချမ်းစွာ အနားယူပါကြောင်း ပြောကြားရင်း လေးမြတ်စွာ ဦးညွှတ် ဂုဏ်ပြုလိုက်ကြောင်း၊ ဘ၀ဆက်တိုင်း ယခုကဲ့ သို့ အဖြစ်ဆိုးမျိုးနှင့် ကင်းဝေးပါစေကြောင်း သန်လျင်ပညာရေးဘုတ်အဖွဲ့ ဆုတောင်းပေးခဲ့သည်။

သံလျင် ပညာရေးဘုတ်အဖွဲ့ ထုတ်ပြန်
သံလျင် ပညာရေးဘုတ်အဖွဲ့ ထုတ်ပြန်

▪️အာဏာရူးအကြမ်းဖက်စစ်အုပ်စုကျရှုံးသည်အထိတော်လှန်ရေးခရီး၌ ဆက်လက်တိုက်ပွဲဝင်မည်ဟု ဖော်ပြ

မကွေးတိုင်း ရေစကြိုမြို့နယ်၌ အာဏာသိမ်း စစ်ကောင် စီတပ်က ဖမ်းဆီးပြီးမီးရှို့သတ်ဖြတ်သည့် CDM ကျောင်းအုပ်ဆရာကြီး ဦးဝင်းကျော်နှင့် CDM ဆရာမ ဒေါ်ခင်နှင်းဝေ(ကိုယ်ဝန် ၅လ လွယ်ထားရသူ) တို့ကို ဝမ်းနည်းစွာ ဂုဏ်ပြုဦးညွတ်ကြောင်း သံလျင်မြို့နယ် ပညာရေးဘုတ်အဖွဲ့က ထုတ်ပြန်ခဲ့သည်။

စစ်ကောင်စီတပ်သည်CDM ဆရာ၊ CDM ဆရာမနှင့် သူနာပြု ဆရာမ အပါအဝင် ၅ဦးကို ဇွန်လ ၁၁ရက်က ရေစကြိုမြို့နယ်မှာ ဖမ်းဆီးပြီး အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီတပ် လက်ချက်ကြောင့်ကျဆုံးခဲ့ရသည့် ဆရာကြီးဦးဝင်းကျော်သည် မြိုင်မြို့နယ် မကျီးစုရွာ အခြေခံပညာ အထက်တန်းကျောင်းခွဲ၌ အလယ်တန်း ကျောင်းအုပ်ဖြစ်ပြီး ဆရာမဒေါ်ခင်နှင်းဝေသည် ရေစကြိုမြို့နယ် နိပဆေးတောကျေးရွာအခြေခံပညာ အလယ်တန်းကျောင်းမှ မူလတန်းပြ ဖြစ်ကြောင်း၊ ဆရာနှင့် ဆရာမတို့သည် အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု(CDM) ပြုလုပ်ပြီး ပြည်သူနှင့်တသားတည်း ရပ်တည်ခဲ့ကြသည့် ပြည်သူ့ဝန်ထမ်းကောင်းများဖြစ် ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

အကြမ်းဖက်စစ်တပ်က ဆရာကြီးနှင့် ဆရာမတို့ကို အဓမ္မဖမ်းဆီးပြီး လူမဆန်စွာ အရှင်လတ်လတ် မီးရှို့ သတ်ဖြတ်ခဲ့ခြင်းကို ကြားသိရင သန်လျင်ပညာရေး ဘုတ်အဖွဲ့နှင့် CDM ဝန်ထမ်းများက ကာယကံရှင် မိသားစုများနှင့် ထပ်တူ ကြေကွဲဝမ်းနည်းရကြောင်း ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

ဆရာကြီး၊ ဆရာမနှင့် ဆရာမ၏ ရင်သွေးတို့ ငြိမ်းချမ်းစွာ အနားယူပါကြောင်း ပြောကြားရင်း လေးမြတ်စွာ ဦးညွှတ် ဂုဏ်ပြုလိုက်ကြောင်း၊ ဘ၀ဆက်တိုင်း ယခုကဲ့ သို့ အဖြစ်ဆိုးမျိုးနှင့် ကင်းဝေးပါစေကြောင်း သန်လျင်ပညာရေးဘုတ်အဖွဲ့ ဆုတောင်းပေးခဲ့သည်။

သန်လျင်ပညာရေးဘုတ်အဖွဲ့ CDM ပညာရေးမိသားစုများ အနေဖြင့် အာဏာရူးအကြမ်းဖက်စစ်အုပ်စု ကျရှုံး သည်အထိ တော်လှန်ရေးခရီး၌ ဆက်လက် တိုက်ပွဲဝင်သွားမည်ဟု ထုတ်ပြန်ခဲ့သည်။

ဖက်ဒရယ်နိုင်ငံတော်သစ်၊ ဖက်ဒရယ်ပညာရေးစနစ် ပေါ်ထွန်းသည်အထိ ပညာနှင့် အစွမ်းကုန် တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်းလည်း သန်လျင်ပညာရေးဘုတ်အဖွဲ့က ကတိသစ္စာပြုထားသည်။

ဆက်စပ်သတင်းများ

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။

သတင်း

ကျော်သောင်း ဆိုသူက ကျောက်စိမ်းမြေ ဖားကန့်ကို လှုပ်လှုပ်ရှားရှားဖြစ်သွားစေပါတယ်။စစ်တပ်ရဲ့ အကြိးစား ဒေါက်တိုင်လက်နက်ပွဲစား စီးပွားရေးလုပ်ငန်းရှင် ခရိုနီ ဂျော်နသန်ကျော်သောင်းမဟုတ်ပါ။ ဖားကန့်မြို့က နာမည်ကြီးပြည့်တန်ဆာလုပ်ငန်းရှင် ကျော်သောင်းဆိုသူဖြစ်ပါတယ်။