Connect with us

Hi, what are you looking for?

News

သံအမတ်ကြီး ဦးကျော်မိုးထွန်းအပေါ်ခြိမ်းခြောက်မှုကို အမေရိကန် ကန့်ကွက်ရှုတ်ချ

ဒီလုပ်ရပ်ဟာ စိုးရိမ်ထိတ်လန့်ဖွယ် လုပ်ရပ်မျိုးဖြစ်တယ်လို့ လည်း ဆိုထားပါတယ်။

သံအမတ်ကြီး ဦးကျော်မိုးထွန်းအပေါ် ခြိမ်းခြောက်မှု ကို ကန့်ကွက်ရှုတ်ချတယ်လို့ ရန်ကုန်မြို့မှာရှိတဲ့ အမေရိကန် သံရုံးက သဘောထားထုတ်ပြန်လိုက်ပါတယ်။

ဒါအပြင် ဒီလုပ်ရပ်ဟာ စိုးရိမ်ထိတ်လန့်ဖွယ် လုပ်ရပ်မျိုးဖြစ်တယ်လို့ လည်း ဆိုထားပါတယ်။

အမေရိကန် အနေနဲ့ ဒီမိုကရေစီပြန်လည်ရရှိရေး အတွက် တောင်းဆိုနေကြတဲ့ မြန်မာ လူထူ ကိုယ်စား ပြောဆိုရာမှာ ရဲရင့်မှု နဲ့ သတ္တိကို ပြသနေတဲ့ သံအမတ်ကြီး ဦးကျော်မိုးထွန်းနဲ့အတူ ခိုင်ခိုင်မာမာ ရပ်တည်တယ်လို့လည်း အဲဒီသဘောထားထုြတ်ပန်ချက်မှာ ပါရှိတာကိုတွေ့ရပါတယ်။

စစ်အာဏာသိမ်းတာကို လက်မခံတဲ့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ထိခိုက်နာကျင်အောင် အကြမ်းဖက် တိုက်ခိုက်ဖို့ ပူးပေါင်းကြံစည်မှုနဲ့ မြန်မာနိုင်ငံသားနှစ်ဦးကို ဖမ်းဆီးထားတယ်လို့ ပြီးခဲ့တဲ့ ရက်ပိုင်းက အမေရိကန် တရားရေးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

Public Service Announcement

Public Service Announcement

ဒီအမှုကို အမေရိကန် ထောက်လှမ်းရေးအဖွဲ့ FBI ကကိုင်တွယ်နေတယ်လို့လည်းသိရပါတယ်။

သံအမတ်ကြီးကတော့ သူရဲ့ လုံခြုံရေးကို အမေရိကန် အစိုးရက ဆောင်ရွက်ပေးထားတယ်လို့ မီဒီယာတွေကို ဖြေကြားထားတာရှိပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အီရန်စစ်ပွဲအတွင်း အမေရိကန် စစ်တပ်ရဲ့ လက်နက်တိုက်ထဲမှာ ထိခိုက်လျော့နည်းမှုတွေ စာရင်းကို ကာကွယ်ရေး ဝန်ကြီးဌာနရဲ့ စုံစမ်းစစ်ဆေးရေးမှူးချုပ်က ထုတ်ပြန်ခဲ့ပါတယ်။

နိုင်ငံတကာ

အာကာသထဲမှာ လက်နက် တပ်ဆင်ထားကြောင်း အမေရိကန် စစ်တပ်က ပထမဆုံးအကြိမ် အတည်ပြုခဲ့ပါတယ်။

သတင်း

ကုလသမဂ္ဂဆိုင်ရာမြန်မအမြဲတမ်းကိုယ်စားလှယ်သံအမတ်ကြီး ဦးကျော်မိုးထွန်းဟာ အဖွဲ့ဝင် ၅၅ နိုင်ငံပါဝင်တဲ့ အာရှ-ပစိဖိတ်ဒေသအုပ်စုရဲ့ အလှည့်ကျဥက္ကဋ္ဌအဖြစ် စက်တင်ဘာ ၁၄ရက်မှာ ကျင်းပတဲ့ ကုလသမဂ္ဂအထွေထွေညီလာခံကို တက်ရောက်မိန့်ခွန်းပြောကြားခဲ့ပါတယ်။

သတင်း

ဩစတြေးလျနိုင်ငံ မဲလ်ဘုန်းမြို့မှာ ပြည်ပရောက် မြန်မာတွေ စုပေါင်းပြီး ကုလသမဂ္ဂဆိုင်ရာ သံအမတ်ကြီး ဦးကျော်မိုးထွန်းကို မြန်မာပြည်သူတွေကိုယ်စား ဆက်လက်အသိအမှတ်ပြုခန့်အပ်ထားပေးဖို့ တောင်းဆိုဆန္ဒပြပွဲကို စက်တင်ဘာ ၁၃ ရက်က ပြုလုပ်ခဲ့ပါတယ်။

Facebook