Connect with us

Hi, what are you looking for?

သတင်း

စစ်ကိုင်းတိုင်းနဲ့မကွေးတိုင်းမြောက်ပိုင်း အဓိကလမ်းမကြီးတွေရဲ့ ၉၀ ရာခိုင်နှုန်းကို PDF တွေ ထိန်းချုပ်ထားနိုင်ပြီလို့ဆို

ပြည်နယ်တွေအနေနဲ့ ကချင်ပြည်နယ် ၊ကရင်နီ (ကယားပြည်နယ် ) ၊ ကရင်ပြည်နယ် ၊ချင်းပြည်နယ် ၊မွန်ပြည်နယ်မြောက်ပိုင်းတွေမှာ မဟာမိတ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ၊ PDF တွေရဲ့စိုးမိုးမှု တိုးပွားနေတယ်လို့သိရပါတယ်။

PDF တပ်ဖွဲ့ဝင်တွေ လုံခြုံရေးစစ်ဆေးနေပုံ
PDF တပ်ဖွဲ့ဝင်တွေ လုံခြုံရေးစစ်ဆေးနေပုံ

နယ်မြေစိုးမိုးမှုအနေနဲ့ စစ်ကိုင်းတိုင်းနဲ့မကွေးတိုင်း မြောက်ပိုင်းမှာရှိတဲ့ အဓိက လမ်းမကြီးတွေရဲ့ ၉၀ ရာခိုင်နှုန်းခန့်ကို PDF တွေက စိုးမိုးထိန်းချုပ်နိုင်ပြီလို့ ဒီနေ့ဇွန်လ ၂၁ ရက်ညနေပိုင်းမှာကျင်းပတဲ့ အမျိုးသားညီညွှတ်ရေးအစိုးရ(NUG) ရဲ့ သတင်းစာရှင်းလင်းပွဲမှာ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

ဒါအပြင် စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းမြောက်ပိုင်းက ကျေးရွာတွေရဲ့ ၈၀ ရာခိုင်နှုန်းကို စိုးမိုးထားနိုင်ပြီလို့လည်း NUG သတင်းထုတ်ပြန်ရေးအဖွဲ့ရဲ့အတွင်းရေးမှူး ဦးနေဘုန်းလတ်က သတင်းစာရှင်းလင်းပွဲမှာပြောပါတယ်။

ဒီလို စိုးမိုးထားတဲ့ လမ်းမကြီးတွေမှာ သွားလာနေတဲ့ ယာဉ်တွေကို လုံခြုံရေးအတွက် PDF တပ်ဖွဲ့တွေက စစ်ဆေးနေတဲ့ ဓာတ်ပုံမှတ်တမ်းတွေကို သတင်းစာရှင်းလင်းပွဲမှာ ပြသခဲ့ပါသေးတယ်။

PDF တွေအနေနဲ့ အရင် ပြောက်ကျားစစ်ဆင်နွှဲရာကနေ လက်ရှိအချိန်မှာလိုအပ်ရင် တပ်ရင်းအလိုက် ရင်ဆိုင်တိုက်ပွဲဆင်နွှဲနိုင်တဲ့အနေအထားကိုရောက်လာပြီလို့လည်း သတင်းစာရှင်းလင်းပွဲမှာအသိပေးပါတယ်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

မန္တလေးတိုင်း မြောက်ပိုင်း ၊ တနင်္သာရီတိုင်းတွေမှာ PDF တွေရဲ့ လှုပ်ရှားမှုပိုမိုအားကောင်းလာပြီး ရန်ကုန်တိုင်း ၊ပဲခူးတိုင်း ၊ဧရာဝတီတိုင်း ၊နေပြည်တော်တို့မှာ မြို့ပြပြောက်ကျားတွေလှုပ်ရှားမှုတွေ ဆက်လက်ရှင်သန်နေ ဆဲလို့ပြောပါတယ်။

ပြည်နယ်တွေအနေနဲ့ ကချင်ပြည်နယ် ၊ကရင်နီ (ကယားပြည်နယ် ) ၊ ကရင်ပြည်နယ် ၊ချင်းပြည်နယ် ၊မွန်ပြည်နယ်မြောက်ပိုင်းတွေမှာ မဟာမိတ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ၊ PDF တွေရဲ့စိုးမိုးမှု တိုးပွားနေတယ်လို့သိရပါတယ်။

ရခိုင်ပြည်နယ် ၊ရှမ်းပြည်နယ်မြောက်ပိုင်းတွေမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့နယ်မြေစိုးမိုးမှုအားကောင်းနေတယ်လို့လည်း ဒီနေ့ သတင်းစာရှင်းလင်းပွဲမှာအသိပေးသွားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်ရှိ မြဇီးတောရွာကို အာဏာသိမ်းစစ်တပ်က ဝင်ရောက်မီးရှို့ဖျက်ဆီးရာ ဘုန်းကြီးကျောင်းနဲ့ နေအိမ် ၂၀ ကျော်အပြင် အိမ်သုံးနဲ့ လယ်ယာသုံးစက်ပစ္စည်းတွေ မီးလောင် ပျက်စီးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်းအတွင်းက ဒေသခံပြည်သူတွေ၊ တော်လှန်သပိတ်အင်အားစုတွေ စုပေါင်းပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၁) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် နှင်းဆီလှုပ်ရှားမှုတွေ ပြုလုပ်ဖို့ လှုံ့ဆော်မှုတွေကို ဒီက​နေ့ (ဇွန် ၁၇) မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းနဲ့ မကွေးတိုင်းအတွင်းက ဒေသခံပြည်သူတွေ၊ တော်လှန်သပိတ်အင်အားစုတွေ စုပေါင်းပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၁)နှစ်ပြည့် မွေးနေ့အကြိုအဖြစ် နှင်းဆီလှုပ်ရှားမှုတွေကို ဒီက​နေ့ (ဇွန် ၁၆)မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်း ရောက်ရှိ​နေတဲ့ စစ်တပ်စစ်ကြောင်းကြောင့် ကျေးရွာ ၁၀ ရွာထက်မနည်း တိမ်းရှောင်နေရကြောင်း ဒေသခံတွေက ပြောပါတယ်။