Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီတပ်ကို စွန့်ခွာလိုသူ အများအပြားရှိနေဟုမကြာသေးမီက CDM ပြုလုပ်လာသူ စစ်သည်ပြော

စစ်ကောင်စီ လက်အောက်ခံ စကခ (၈)၊ ခမရ (၄၀၉) မှ စစ်သည်တစ်ဦးသည် ရှေ့တန်းစခန်းတစ်နေရာမှ CDM ပြုလုပ်လာပြီး လွတ်မြောက်နယ်မြေ တစ်နေရာရှိ ပြည်သူ့ပန်းတိုင်အဖွဲ့၏ စခန်းသို့ ဇွန် ၂၀ ရက်တွင် ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။

ပြည်သူ့ပန်းတိုင်
ပြည်သူ့ပန်းတိုင်

စစ်ကောင်စီတပ် ရှေ့တန်းစခန်းမှ စစ်သည်တစ်ဦးသည် CDM ပြုလုပ်လာပြီး စစ်ကောင်စီတပ်ကို စွန့်ခွာလိုသူ အများအပြားရှိနေကြောင်း ပြည်သူ့ပန်းတိုင်အဖွဲ့က ယမန်နေ့တွင် ထုတ်ပြန်သည်။

စစ်ကောင်စီ လက်အောက်ခံ စကခ (၈)၊ ခမရ (၄၀၉) မှ စစ်သည်တစ်ဦးသည် ရှေ့တန်းစခန်းတစ်နေရာမှ CDM ပြုလုပ်လာပြီး လွတ်မြောက်နယ်မြေ တစ်နေရာရှိ ပြည်သူ့ပန်းတိုင်အဖွဲ့၏ စခန်းသို့ ဇွန် ၂၀ ရက်တွင် ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီ လက်အောက်ခံတပ်များအတွင်း စစ်သည်များ ထိခိုက်ကျဆုံးမှု များပြားခြင်းနှင့် အရာရှိ/စစ်သည်များကြား သဘောထားကွဲလွဲကာ စည်းရုံးမှု ပျက်ပြားနေကြပြီး စစ်ဆင်ရေးကာလကြာမြင့်မှုနှင့်အတူ ရှေ့တန်းစစ်ဆင်ရေး တပ်များအတွက် ရိက္ခာများ လုံလောက်စွာမရှိဘဲ အခက်အခဲများ ဖြစ်ပေါ်နေကြောင်း CDM စစ်သည်က ပြည်သူ့ပန်းတိုင်သို့ ပြောသည်။

ယင်းအခြေအနေများကြောင့် ၎င်းစစ်သည်၏ တပ်တစ်တပ်တည်းတွင် ထိခိုက်ကျဆုံးသူများနှင့် CDM ပြုလုပ်သွားသည့် စစ်သည်များ စုစုပေါင်း ၂၀ ကျော်ခန့်ရှိပြီး PDF တပ်ဖွဲ့များ၏ မိုင်းစစ်ဆင်ရေးသည် စစ်ကောင်စီတပ်များအတွက် ထိခိုက်ကျဆုံးမှု အများဆုံးဖြစ်စေကြောင်း CDM စစ်သည်က ဆက်ပြောသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် စစ်ကောင်စီ အထက်ပိုင်းအရာရှိများသည် အောက်ခြေစစ်သည်များအား လစာ/စရိတ်၊ မိသားစုကိစ္စများနှင့် ပတ်သက်၍ ချုပ်ကိုင်ထားမှုများ ပိုမို လုပ်ဆောင်နေကြောင်းနှင့် CDM ပြုလုပ်၍ စစ်ကောင်စီ တပ်ကို စွန့်ခွာချင်သူများရှိသော်လည်း အခက်အခဲများ ကြုံတွေ့နေရခြင်းကြောင့် ထွက်မလာရသေးသည့် စစ်သည် အများအပြားရှိနေသေးကြောင်းလည်း ၎င်းက ဆိုသည်။

စစ်ကောင်စီတပ်မှ စွန့်ခွာ၍ CDM ပြုလုပ်ကာ ပြည်သူနှင့် အတူရပ်တည်ချင်သည့် အရာရှိ/စစ်သည်များအနေဖြင့် ပြည်သူ့ပန်းတိုင်အဖွဲ့၏ Telegram https://t.me/CDMSOLDIERS သို့ ချိတ်ဆက်မေးမြန်း၍ လိုအပ်သည့် အကူအညီ ရယူနိုင်ပြီး မိဘပြည်သူများ အနေဖြင့်လည်း CDM ပြုလုပ်လာသည့် တပ်မတော်သားများအား ကူညီထောက်ပံ့လိုပါက ပြည်သူ့ပန်းတိုင်အဖွဲ့ ၏ Facebook page messenger (သို့) www.peoplesoldiers.org သို့ဆက်သွယ်၍ ကူညီထောက်ပံ့နိုင်ကြောင်း အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF)နဲ့ အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု(CDM) နိုင်ငံ့ဝန်ထမ်းတွေ ဆွေးနွေးပွဲကို ဇူလိုင် ၁၂ရက်က ကျင်းပခဲ့ကြောင်း SCEFနဲ့ CDM အ ဖွဲ့အစည်းတွေက အသိပေးထုတ်ပြန်ပါတယ်။