Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်ကောင်စီတပ်ကို စွန့်ခွာလိုသူ အများအပြားရှိနေဟုမကြာသေးမီက CDM ပြုလုပ်လာသူ စစ်သည်ပြော

စစ်ကောင်စီ လက်အောက်ခံ စကခ (၈)၊ ခမရ (၄၀၉) မှ စစ်သည်တစ်ဦးသည် ရှေ့တန်းစခန်းတစ်နေရာမှ CDM ပြုလုပ်လာပြီး လွတ်မြောက်နယ်မြေ တစ်နေရာရှိ ပြည်သူ့ပန်းတိုင်အဖွဲ့၏ စခန်းသို့ ဇွန် ၂၀ ရက်တွင် ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။

ပြည်သူ့ပန်းတိုင်
ပြည်သူ့ပန်းတိုင်

စစ်ကောင်စီတပ် ရှေ့တန်းစခန်းမှ စစ်သည်တစ်ဦးသည် CDM ပြုလုပ်လာပြီး စစ်ကောင်စီတပ်ကို စွန့်ခွာလိုသူ အများအပြားရှိနေကြောင်း ပြည်သူ့ပန်းတိုင်အဖွဲ့က ယမန်နေ့တွင် ထုတ်ပြန်သည်။

စစ်ကောင်စီ လက်အောက်ခံ စကခ (၈)၊ ခမရ (၄၀၉) မှ စစ်သည်တစ်ဦးသည် ရှေ့တန်းစခန်းတစ်နေရာမှ CDM ပြုလုပ်လာပြီး လွတ်မြောက်နယ်မြေ တစ်နေရာရှိ ပြည်သူ့ပန်းတိုင်အဖွဲ့၏ စခန်းသို့ ဇွန် ၂၀ ရက်တွင် ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီ လက်အောက်ခံတပ်များအတွင်း စစ်သည်များ ထိခိုက်ကျဆုံးမှု များပြားခြင်းနှင့် အရာရှိ/စစ်သည်များကြား သဘောထားကွဲလွဲကာ စည်းရုံးမှု ပျက်ပြားနေကြပြီး စစ်ဆင်ရေးကာလကြာမြင့်မှုနှင့်အတူ ရှေ့တန်းစစ်ဆင်ရေး တပ်များအတွက် ရိက္ခာများ လုံလောက်စွာမရှိဘဲ အခက်အခဲများ ဖြစ်ပေါ်နေကြောင်း CDM စစ်သည်က ပြည်သူ့ပန်းတိုင်သို့ ပြောသည်။

ယင်းအခြေအနေများကြောင့် ၎င်းစစ်သည်၏ တပ်တစ်တပ်တည်းတွင် ထိခိုက်ကျဆုံးသူများနှင့် CDM ပြုလုပ်သွားသည့် စစ်သည်များ စုစုပေါင်း ၂၀ ကျော်ခန့်ရှိပြီး PDF တပ်ဖွဲ့များ၏ မိုင်းစစ်ဆင်ရေးသည် စစ်ကောင်စီတပ်များအတွက် ထိခိုက်ကျဆုံးမှု အများဆုံးဖြစ်စေကြောင်း CDM စစ်သည်က ဆက်ပြောသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် စစ်ကောင်စီ အထက်ပိုင်းအရာရှိများသည် အောက်ခြေစစ်သည်များအား လစာ/စရိတ်၊ မိသားစုကိစ္စများနှင့် ပတ်သက်၍ ချုပ်ကိုင်ထားမှုများ ပိုမို လုပ်ဆောင်နေကြောင်းနှင့် CDM ပြုလုပ်၍ စစ်ကောင်စီ တပ်ကို စွန့်ခွာချင်သူများရှိသော်လည်း အခက်အခဲများ ကြုံတွေ့နေရခြင်းကြောင့် ထွက်မလာရသေးသည့် စစ်သည် အများအပြားရှိနေသေးကြောင်းလည်း ၎င်းက ဆိုသည်။

စစ်ကောင်စီတပ်မှ စွန့်ခွာ၍ CDM ပြုလုပ်ကာ ပြည်သူနှင့် အတူရပ်တည်ချင်သည့် အရာရှိ/စစ်သည်များအနေဖြင့် ပြည်သူ့ပန်းတိုင်အဖွဲ့၏ Telegram https://t.me/CDMSOLDIERS သို့ ချိတ်ဆက်မေးမြန်း၍ လိုအပ်သည့် အကူအညီ ရယူနိုင်ပြီး မိဘပြည်သူများ အနေဖြင့်လည်း CDM ပြုလုပ်လာသည့် တပ်မတော်သားများအား ကူညီထောက်ပံ့လိုပါက ပြည်သူ့ပန်းတိုင်အဖွဲ့ ၏ Facebook page messenger (သို့) www.peoplesoldiers.org သို့ဆက်သွယ်၍ ကူညီထောက်ပံ့နိုင်ကြောင်း အသိပေးထားသည်။

ဆက်စပ်သတင်းများ

မေးမြန်းခန်း

လေကြောင်း တိုက်ခိုက်ခံရမှု အပါအဝင် မင်းတပ်မြို့နယ်အတွင်း စစ်ရေးအခြေအနေကို မင်းတပ်မြို့နယ် ချင်းကာကွယ်ရေးတပ်(CDF) မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဟာအွမ်အားဆက်သွယ်မေးမြန်းဖော်ပြလိုက်သည်။

သတင်း

ရေးမြို့နယ် ခေါဇာမြို့နယ်ခွဲ၊ ကျုံညှဲကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး ပြည်သူ့စစ်အဖွဲ့အား လက်နက်ဖြုတ်သိမ်းရန်နှင့် အရေးယူပေးရန် ပြည်သူများမှတိုင်ကြားလာ၍ ဧပြီ ၂၃ရက် တွင် ခေါ်ယူဖမ်းဆီး လက်နက်ဖြုတ်သိမ်းခဲ့သည်ဟု ဖော်ပြသည်။

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။