Connect with us

Hi, what are you looking for?

သတင်း

ရေစကြိုမြို့နယ်တွင် Non-CDM ဝန်ထမ်းများအား ခြိမ်းခြောက်ငွေညှစ်နေသည့် PDF အမည်ခံအဖွဲ့ကို ဖော်ထုတ်အရေးယူမည်ဟု ရေလယ်ကျွန်းဒေသ ပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစုတပ်ရင်းက ထုတ်ပြန်

ရေလယ်ကျွန်းဒေသ ပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစုတပ်ရင်းအနေဖြင့် ခြိမ်းခြောက်ငွေညှစ်နေသည့် အဖွဲ့အစည်းကို NUG ကာကွယ်ရေးဝန်ကြီးဌာနက ချမှတ်ထားသော စည်းမျဥ်းစည်းကမ်းများနှင့်အညီ ပြင်းထန်စွာအရေးယူနိုင်ရေး ကူညီဆောင်ရွက်ပေးသွားမည်ဟု အသိပေးသည်။

ရေလယ်ကျွန်းဒေသ ပြည်သူ့ကာကွယ်ရေး
ရေလယ်ကျွန်းဒေသ ပြည်သူ့ကာကွယ်ရေး

မကွေးတိုင်း၊ ရေစကြိုမြို့နယ်တွင် Non-CDM ဝန်ထမ်းများအား ခြိမ်းခြောက်ငွေညှစ်နေသည့် PDF အမည်ခံ အဖွဲ့ကို ဖော်ထုတ်အရေးယူမည်ဟု ရေလယ်ကျွန်းဒေသ ပြည်သူ့ကာကွယ်ရေး တပ်ပေါင်းစုတပ်ရင်းက သတိ​ပေးထုတ်ပြန်သည်။

ရေလယ်ကျွန်းဒေသရှိ ပြည်သူ့ဝန်ထမ်းကောင်း CDM ဝန်ထမ်းများကို နွေးထွေးပျူငှာစွာ အားပေးကူညီလျက်ရှိပြီး Non-CDM ဝန်ထမ်းများအား CDM ဝင်ရန် တိုက်တွန်းလျက်ရှိကြောင်း၊ Non-CDM ဝန်ထမ်းများအပေါ် ခြိမ်းခြောက်ငွေညှစ်ခြင်း၊ အလှူခံခြင်းများအား (လုံးဝ)လုံးဝ မပြုလုပ်ခဲ့ကြောင်း ရေလယ်ကျွန်းဒေသ ပြည်သူ့ကာကွယ်ရေး တပ်ပေါင်းစုတပ်ရင်းက ဇွန်လ၂၂ရက်တွင် ထုတ်ပြန်ကြေညာသည်။

ယခုအချိန်တွင် ရေစကြိုနယ်အခြေစိုက် PDFအဖွဲ့ဟုအမည်ခံထားသူ အဖွဲ့အစည်းတစ်ခုက Non-CDM ဝန်ထမ်းများအပေါ် ခြိမ်းခြောက်အကြပ်ကိုင်ကာ ငွေညှစ်နေကြောင်းသိရပြီး များစွာစိတ်မကောင်းဖြစ်ရပြီးအဆိုပါအဖွဲ့အစည်းအား ပြင်းထန်စွာရှုံ့ချကြောင်း ရေလယ်ကျွန်းဒေသ ပြည်သူ့ကာကွယ်ရေး တပ်ပေါင်းစုတပ်ရင်းက အသိပေးသည်။

PDFအဖွဲ့အမည်ခံ Non-CDMဝန်ထမ်းများအား ခြိမ်း​ခြောက်ငွေညှစ်နေသော အဖွဲ့အစည်းနှင့်ပတ်သက်၍ “ရေစကြိုမြို့နယ်၊ အနောက်ခြမ်းမှာ CDM မလုပ်တဲ့သူတွေကို အဖွဲ့တစ်ဖွဲ့ကနေ ငါးသိန်းနှူန်းနဲ့ တောင်းနေတယ်ပေါ့။ ရေလယ်ကျွန်းဘက်မှာ သုံးသိန်းနှူန်းနဲ့ တောင်းနေတယ်ဆိုပြီးတော့ သတင်းတွေထွက်နေတယ်။ အမြန်ဆုံးဖော်ထုတ်ဖို့ကိုလည်း အထက်ကညွှန်ကြားထားပြီးသားပါ။ “ဟု ရေလယ်ကျွန်းဒေသ ပြည်သူ့ကာကွယ်ရေး တပ်ပေါင်းစုတပ်ရင်း၏ တပ်ရင်းမှူး ကိုတတ်တိုးက ပြောသည်။

Public Service Announcement

Public Service Announcement

ရေလယ်ကျွန်းဒေသ ပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစုတပ်ရင်းအနေဖြင့် ခြိမ်းခြောက်ငွေညှစ်နေသည့် အဖွဲ့အစည်းကို NUG ကာကွယ်ရေးဝန်ကြီးဌာနက ချမှတ်ထားသော စည်းမျဥ်းစည်းကမ်းများနှင့်အညီ ပြင်းထန်စွာအရေးယူနိုင်ရေး ကူညီဆောင်ရွက်ပေးသွားမည်ဟု အသိပေးသည်။

ပြည်သူများအနေဖြင့် ထိုအဖွဲ့အစည်းကို အမြန်ဆုံးဖော်ထုတ်အရေးယူနိုင်စေရေး ဝိုင်းဝန်းကူညီပေးကြရန်နှင့် သတင်းအတိအကျရရှိပါက ရေလယ်ကျွန်းဒေသ ပြည်သူ့ကာကွယ်ရေး တပ်ပေါင်းစုတပ်ရင်း၏ Facebook စာမျက်နှာသို့ သတင်းပေးပို့ကြရန် မေတ္တာရပ်ခံထားသည်။

ရေလယ်ကျွန်းဒေသ ပြည်သူ့ကာကွယ်ရေး တပ်ပေါင်းစုတပ်ရင်းသည် လွတ်လပ်ပြီး တရားမျှတသော ဒီမိုကရေစီအရေးအတွက် ရေလယ်ကျွန်းဒေသရှိ ကျေးရွာများစွာဖြင့် စနစ်တကျဖွဲ့စည်းထားသော အဖွဲ့အစည်းဖြစ် ကြောင်း၊ တရားဝင် NUGVအစိုးရမှချမှတ်ထားသော စည်းမျဥ်းစည်းကမ်းများအား လိုက်နာကာ အကြမ်းဖက်စစ်ကောင်စီအား ခုခံတော်လှန်ရန် တော်လှန်ရေးအရှိန် ပိုမိုမြှင့်တင်လျက်ရှိကြောင်း အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

နွားထိုးကြီးမြို့ဆိုင်းဘုတ်ရှေ့ကနေ PDFတပ်ရင်းမှူးကိုစိုးအောင် ကို နာမည်တပ်စိန်ခေါ်တာ တွေဆက်တိုက်လုပ်ခဲ့တဲ့အာဏာသိမ်းစစ်တပ်လက်​အောက်ခံရဲကွန်မန်ဒိုစစ်ကြောင်းကဆိုတဲ့ ရဲတပ်ဖွဲ့ဝင် ကောင်းထက်ဖြိုးရဲ့ မိဘတွေထံ PDF ​တွေကသွား​ရောက်​တွေ့ဆုံပြီး သားဖြစ်သူကိုထိန်းကြောင်းပေးဖို့ပြောခဲ့ကြပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ယာဥ်တန်းနဲ့ စစ်သားတွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)က FPV ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တဲ့ရုပ်သံမှတ်တမ်းကို PDF စစ်ရုံးချုပ်က ဒီကနေ့ မှာ ထပ်မံထုတ်ပြန်ပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့မြို့သစ်မြို့နယ်ထဲမှာ စစ်တပ်​လက်​အောက်ခံရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တဦးက လက်နက်ခဲယမ်း တွေယူဆောင်လာပြီးတမူးခရိုင်၊အမှတ်(၂)တပ်ရင်းထံအလင်းဝင်လာပါတယ်။

သတင်း

ဗိုလ်မှူးအဆင့်အပါအဝင်၉ဦးသေဆုံး ၊လက်နက်မျိုးစုံ ၆ လက်နဲ့ခဲယမ်း​တွေရ၊​ဟောင်ဝစ်ဇာကိုမသယ်နိုင်လို့ဖျက်ဆီးခဲ့