Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ရေစကြိုမြို့နယ်တွင် Non-CDM ဝန်ထမ်းများအား ခြိမ်းခြောက်ငွေညှစ်နေသည့် PDF အမည်ခံအဖွဲ့ကို ဖော်ထုတ်အရေးယူမည်ဟု ရေလယ်ကျွန်းဒေသ ပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစုတပ်ရင်းက ထုတ်ပြန်

ရေလယ်ကျွန်းဒေသ ပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစုတပ်ရင်းအနေဖြင့် ခြိမ်းခြောက်ငွေညှစ်နေသည့် အဖွဲ့အစည်းကို NUG ကာကွယ်ရေးဝန်ကြီးဌာနက ချမှတ်ထားသော စည်းမျဥ်းစည်းကမ်းများနှင့်အညီ ပြင်းထန်စွာအရေးယူနိုင်ရေး ကူညီဆောင်ရွက်ပေးသွားမည်ဟု အသိပေးသည်။

ရေလယ်ကျွန်းဒေသ ပြည်သူ့ကာကွယ်ရေး
ရေလယ်ကျွန်းဒေသ ပြည်သူ့ကာကွယ်ရေး

မကွေးတိုင်း၊ ရေစကြိုမြို့နယ်တွင် Non-CDM ဝန်ထမ်းများအား ခြိမ်းခြောက်ငွေညှစ်နေသည့် PDF အမည်ခံ အဖွဲ့ကို ဖော်ထုတ်အရေးယူမည်ဟု ရေလယ်ကျွန်းဒေသ ပြည်သူ့ကာကွယ်ရေး တပ်ပေါင်းစုတပ်ရင်းက သတိ​ပေးထုတ်ပြန်သည်။

ရေလယ်ကျွန်းဒေသရှိ ပြည်သူ့ဝန်ထမ်းကောင်း CDM ဝန်ထမ်းများကို နွေးထွေးပျူငှာစွာ အားပေးကူညီလျက်ရှိပြီး Non-CDM ဝန်ထမ်းများအား CDM ဝင်ရန် တိုက်တွန်းလျက်ရှိကြောင်း၊ Non-CDM ဝန်ထမ်းများအပေါ် ခြိမ်းခြောက်ငွေညှစ်ခြင်း၊ အလှူခံခြင်းများအား (လုံးဝ)လုံးဝ မပြုလုပ်ခဲ့ကြောင်း ရေလယ်ကျွန်းဒေသ ပြည်သူ့ကာကွယ်ရေး တပ်ပေါင်းစုတပ်ရင်းက ဇွန်လ၂၂ရက်တွင် ထုတ်ပြန်ကြေညာသည်။

ယခုအချိန်တွင် ရေစကြိုနယ်အခြေစိုက် PDFအဖွဲ့ဟုအမည်ခံထားသူ အဖွဲ့အစည်းတစ်ခုက Non-CDM ဝန်ထမ်းများအပေါ် ခြိမ်းခြောက်အကြပ်ကိုင်ကာ ငွေညှစ်နေကြောင်းသိရပြီး များစွာစိတ်မကောင်းဖြစ်ရပြီးအဆိုပါအဖွဲ့အစည်းအား ပြင်းထန်စွာရှုံ့ချကြောင်း ရေလယ်ကျွန်းဒေသ ပြည်သူ့ကာကွယ်ရေး တပ်ပေါင်းစုတပ်ရင်းက အသိပေးသည်။

PDFအဖွဲ့အမည်ခံ Non-CDMဝန်ထမ်းများအား ခြိမ်း​ခြောက်ငွေညှစ်နေသော အဖွဲ့အစည်းနှင့်ပတ်သက်၍ “ရေစကြိုမြို့နယ်၊ အနောက်ခြမ်းမှာ CDM မလုပ်တဲ့သူတွေကို အဖွဲ့တစ်ဖွဲ့ကနေ ငါးသိန်းနှူန်းနဲ့ တောင်းနေတယ်ပေါ့။ ရေလယ်ကျွန်းဘက်မှာ သုံးသိန်းနှူန်းနဲ့ တောင်းနေတယ်ဆိုပြီးတော့ သတင်းတွေထွက်နေတယ်။ အမြန်ဆုံးဖော်ထုတ်ဖို့ကိုလည်း အထက်ကညွှန်ကြားထားပြီးသားပါ။ “ဟု ရေလယ်ကျွန်းဒေသ ပြည်သူ့ကာကွယ်ရေး တပ်ပေါင်းစုတပ်ရင်း၏ တပ်ရင်းမှူး ကိုတတ်တိုးက ပြောသည်။

Public Service Announcement

Public Service Announcement

ရေလယ်ကျွန်းဒေသ ပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစုတပ်ရင်းအနေဖြင့် ခြိမ်းခြောက်ငွေညှစ်နေသည့် အဖွဲ့အစည်းကို NUG ကာကွယ်ရေးဝန်ကြီးဌာနက ချမှတ်ထားသော စည်းမျဥ်းစည်းကမ်းများနှင့်အညီ ပြင်းထန်စွာအရေးယူနိုင်ရေး ကူညီဆောင်ရွက်ပေးသွားမည်ဟု အသိပေးသည်။

ပြည်သူများအနေဖြင့် ထိုအဖွဲ့အစည်းကို အမြန်ဆုံးဖော်ထုတ်အရေးယူနိုင်စေရေး ဝိုင်းဝန်းကူညီပေးကြရန်နှင့် သတင်းအတိအကျရရှိပါက ရေလယ်ကျွန်းဒေသ ပြည်သူ့ကာကွယ်ရေး တပ်ပေါင်းစုတပ်ရင်း၏ Facebook စာမျက်နှာသို့ သတင်းပေးပို့ကြရန် မေတ္တာရပ်ခံထားသည်။

ရေလယ်ကျွန်းဒေသ ပြည်သူ့ကာကွယ်ရေး တပ်ပေါင်းစုတပ်ရင်းသည် လွတ်လပ်ပြီး တရားမျှတသော ဒီမိုကရေစီအရေးအတွက် ရေလယ်ကျွန်းဒေသရှိ ကျေးရွာများစွာဖြင့် စနစ်တကျဖွဲ့စည်းထားသော အဖွဲ့အစည်းဖြစ် ကြောင်း၊ တရားဝင် NUGVအစိုးရမှချမှတ်ထားသော စည်းမျဥ်းစည်းကမ်းများအား လိုက်နာကာ အကြမ်းဖက်စစ်ကောင်စီအား ခုခံတော်လှန်ရန် တော်လှန်ရေးအရှိန် ပိုမိုမြှင့်တင်လျက်ရှိကြောင်း အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဆယ်ဇင်းဒေသခံတစ်ဦးကလည်း “လေကြောင်းကတော့ မနေ့က တောက်လျှောက် လာတယ်။ ညကလာတော့ လာတယ် ဝဲတော့ ဝဲတယ်"ဟုပြောသည်။

သတင်း

တိုက်ခိုက်ခံရပြီးနောက် လျှော်ဖြူကျေးရွာသို့ ရွာကြီးရွာမှ စစ်ကောင်စီတပ်သားများ လာရောက်အင်အားဖြည့်ထားကြောင်း ဒေသခံများက ပြောသည်။

သတင်း

သရက်ကုန်းတိုက်ပွဲအတွင်း လက်နက်ငယ် (၄၀)ကျော် ၊ ၆၀မမ (၂)လတ် ၊ Drone Jammar (၁)ခု ၊ ခဲယမ်းအမြောက်အများအပါအဝင် ရန်သူ့အလောင်း ၂၁လောင်းသိမ်းဆည်းရမိခဲ့သည်ဟု ထုတ်ပြန်သည်။