Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ဦးထက်မနည်းသေပြီး ရဲဘော်နှစ်ဦးကျဆုံးခဲ့သည့် ဟဲလုပ်ရွာတိုက်ပွဲခက်ခဲမှုအကြောင်း CDF – KKG ရဲဘော်တစ်ဦးဖွင့်ဟ

ပြည်သူ့ကာကွယ်ရေးမဟာမိတ်အဖွဲ့ဘက်တွင် ပ.က.ဖ ရဲဘော် တစ်ဦး၊ Vakok/NA (CNDF) ရဲဘော် နှစ်ဦး၊ PDF Kalay ရဲဘော် တစ်ဦး၊ စုစုပေါင်း လေး ဦး ဒဏ်ရာရခဲ့ပြီး ရဲဘော် နှစ်ဦးကျဆုံးခဲ့ရသည်။

ဓာတ်ပုံ - CDF - KKG
ဓာတ်ပုံ - CDF - KKG

စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ဦးထက်မနည်းသေဆုံးပြီး ပြည်သူ့ကာကွယ်ရေးတပ်မှ ရဲဘော်နှစ်ဦး ကျဆုံးခဲ့သည့် ဟဲလုပ်ရွာတိုက်ပွဲတွင် လက်နက်နှင့်ကျည်မလုံလောက်သည့် ပြဿနာကို ခက်ခက်ခဲခဲရင်ဆိုင်ခဲ့ရကြောင်း Chinland Defense Force – Kalay Kabaw Gangaw မှ တပ်ဖွဲ့ဝင်တစ်ဦးက အသိပေးသည်။

အင်အား ၁၀၀ခန့်ရှိသော စစ်ကောင်စီစစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးမဟာမိတ်များက ကလေးမြို့ ဟဲလုပ်ကျေးရွာအနီးတွင် ဇွန် ၂၂ရက်က တိုက်ခိုက်ခဲ့သည့် တိုက်ပွဲနှင့်ပတ်သက်၍ ပြည်သူ့ရဲဘော်တစ်ဦးက လူမှုကွန်ရက်တွင် ရှင်းပြထားခြင်းဖြစ်သည်။

” တိုက်ပွဲမှာသိခဲ့ရတာက ရဲဘော်များတယ်။Gun(သေနတ်မ)ကောင်းလို့ မတိုက်ရတဲ့ရဲဘော်အရမ်းများတယ်။ အဲ့ဒီထဲမှာကျနော်အပါဝင်ပေါ့။ကျနော်ခါးချိုးလေးပဲကိုင်ရတယ်။ပြီးမှ ဆရာတစ်ယောက်ဆီကနေ Sniperငှားပြီး ခွေး(စစ်ကောင်စီတပ်ဖွဲ့ဝင်)တွေကို သတ်ခဲ့နိုင်လို့ အံ့အားသင့်နေတုန်း ကိုယ့်​ဖက်မှာကျည်ကလည်း မလောက်ပြန်တော့ဘူး။အရမ်းကို ဒုက္ခရောက်တယ်ဗျ” ဟု ရေးသားထားသည်။

Public Service Announcement
Public Service Announcement

စစ်ကောင်စီဖက်က လက်နက်အင်အားအသာဖြင့် ပြန်လည်ပစ်ခတ်ခဲ့၍ အသက်လုကာ ပြန်ဆုတ်ခွာ ခဲ့ရသည်ဟုလည်း ဆိုသည်။ ဇွန်လ ၂၂ရက်နံနက် ၉နာရီခွဲခန့်မှစ၍ ၃နာရီခန့်ကြာဖြစ်ပွားသော တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ၁၀ဦးထက်မနည်းသေဆုံးကာ အများအပြားဒဏ်ရာရခဲ့ကြောင်း CDF – KKG က ထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

ပြည်သူ့ကာကွယ်ရေးမဟာမိတ်အဖွဲ့ဘက်တွင် ပ.က.ဖ ရဲဘော် တစ်ဦး၊ Vakok/NA (CNDF) ရဲဘော် နှစ်ဦး၊ PDF Kalay ရဲဘော် တစ်ဦး၊ စုစုပေါင်း လေး ဦး ဒဏ်ရာရခဲ့ပြီး ရဲဘော် နှစ်ဦးကျဆုံးခဲ့ရသည်။

လက်နက်အင်အားမမျှ၍ ရဲဘော်နှစ်ဦးကျဆုံးခဲ့ရခြင်းဖြစ်ပြီး ပြည်သူလူထုအနေဖြင့် တတ်နိုင်သည့် နည်းလမ်းဖြင့် ကူညီပေးကြရန်လည်း တောင်းဆိုထားသည်။

“ရှေ့တန်းကိုတစ်ခါလောက်လိုက်ကြည့်ပေးပါလား။အဲ့ဒီကျမှ သိမယ်။ တကယ့်ကို အရမ်းအကူညီတွေများကြီးလိုအပ်နေပါတယ်ဗျ။ သေနတ်ဖိုးမတတ်နိူင်ရင်လည်း ကျည်ဖိုးလောက်တော့ကူညီကြပါအုန်း။ ကျနော်တို့ဖက်က အသက်ပေးပြီး တိုက်ပေးပါ့မယ်။ခများတို့ကတတ်နိုင်သလောက်ပဲ လှူပေးကူပေးကြပါ” ဟု အထက်ပါ ပြည်သူရဲဘော်က တောင်းဆိုထားသည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့အနီးမှာ ဒီကနေ့ ဇွန်လ ၁၂ရက်မှာလည်း တိုက်ပွဲပြင်းထန်နေပြီး ညနေပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ချင်းပြည်နယ်၊ မင်းတပ်မြို့က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲ ဖျက်ဆီးနေကြောင်း ဒေသခံ သတင်းရင်းမြစ်က အသိပေးပါတယ်။