Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီက ကျေးရွာထဲကို နှစ်နာရီအတွင်း လက်နက်ကြီးနဲ့အလုံးရေ ၄၀ ကျော်ပစ်ခတ်

စစ်ကောင်စီရဲ့လက်နက်ကြီးပစ်ခတ်မှုကြောင့် ကေအဲန်ယူထိန်းချုပ်နယ် ခလယ်လွီထူခရိုင် ကျောက်ကြီးနဲ့ မုန်းမြို့အတွင်းရှိ ကျေးရွာခြောက်ရွာက ဒေသခံပြည်သူဦးရေ စုစုပေါင်း(၃၄၇၂)ဦးဟာ ဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်နေခဲ့ရတယ်လို့ ကေအဲန်ယူက ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီက ကျေးရွာထဲကို လက်နက်ကြီးပစ်ခတ်
စစ်ကောင်စီက ကျေးရွာထဲကို လက်နက်ကြီးပစ်ခတ်

ကေအဲန်ယူ-ကျောက်ကြီးမြို့နယ်နဲ့ မုန်းမြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်က ကျေးရွာတွေထဲကို လက်နက်ကြီးနဲ့ပစ်ခတ်ခဲ့လို့ ဒေသခံပြည်သူငါးဦး အပြင်းအထန် ထိခိုက်ဒဏ်ရာရရှိသွားခဲ့တယ်လို့ ကေအဲန်ယူက သတင်းထုတ်ပြန်ထားပါတယ်။

ကေအဲန်ယူ-ခလယ်လွီထူ(ညောင်လေးပင်)ခရိုင် တပ်မဟာ ၃ နယ်မြေ လယ်ဒို(ကျောက်ကြီး)မြို့နယ် အင်းနက်ကျေးရွာအုပ်စုထဲကို မနေ့ ဇွန် ၂၅ ရက် မနက် ၇ နာရီကစတင်ပြီး စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ရည်ရွယ်ချက်ရှိရှိပစ်ခတ်ခဲ့တယ်လို့ ကေအဲန်ယူက ဆိုပါတယ်။

“နံနက်(၇)နာရီမှ (၉)နာရီကျော်အထိ လက်နက်ကြီးအလုံးရေ (၄၀)ကျော်ပစ်ခတ်ခဲ့တယ်လို့ပါ” လို့ ကေအဲန်ယူရဲ့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

အဲ့ဒီပစ်ခတ်မှုကို ခလရ-၆၀၊ ခမရ-၄၃၉၊ ခမရ-၃၅၁ ပူးပေါင်းတပ်တွေက ဗိုလ်ကြီးအဆင့်ရှိတဲ့ဇေယျာလင်းမှဦးဆောင်ပြီး ဆိပ်ကြီးနဲ့ ညောင်ကုန်းရွာမှာ စခန်းချကာ အင်းနက်ကျေးရွာအုပ်စုထဲကို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီရဲ့ပစ်ခတ်မှုကြောင့် အင်းနက်ကျေးရွာပြည်သူလူထု (၅)ဦး အပြင်းအထန်ဒဏ်ရာရရှိခဲ့ပြီး ဒဏ်ရာရရှိသူတွေကိုတော့ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးက ဆေးဝါးကုသမှု ပေးလျက်ရှိတယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

“အမှန်မှာတော့ ပြည်သူကိုကာဗာယူပြီးတော့ အဲ့လိုပဲ သူတို့က။ အခုတစ်ခုခုဖြစ်ပြီဆိုရင် တိုက်ပွဲဖြစ်တာနည်းနည်း ကျေးရွာထဲမှာလက်နက်ကြီးတွေထုချတာ။ အခြေအနေကတော့ ကျနော်တို့ဘာမှမသိရသေးဘူး။ တော်တော်ကြာတယ် တစ်နာရီနှစ်နာရီလောက်ကြာတယ်။ ကျောက်ကြီးနားမှာပဲ။ အရင်တုန်းကဖြစ်တဲ့ အင်းနက်တို့ အဲ့ဒီနားတစ်ဝိုက်ပဲ။ အခြေအနေကတော့ ဒီကာလတော့ နားစွင့်ရတာပဲနေ့တိုင်း။ ဒီမနက်တော့ နည်းနည်းလေးတော့ လက်နက်ကြီးတော်တော်များများထုတယ်” လို့ ကျောက်ကြီးမြို့နယ် ဒေသခံတစ်ဦးက ပြောပါတယ်။

ဒါ့အပြင် ပြည်သူလူထုရဲ့ နေအိမ်တွေ၊ ဘာသာရေးကျောင်းတွေနဲ့ စာသင်ကျောင်းတွေ ထိခိုက်ပျက်စီးမှုရှိပြီး ပျက်စီးမှုအရေအတွက်ကိုလည်း အတည်ပြုလို့မရသေးဘူးလို့ ကေအဲန်ယူက ဆိုပါတယ်။

ဇွန် ၂၅ ရက်နေ့ မွန်းလွဲ ၂ နာရီကျော်မှာလည်း စစ်ကောင်စီတပ်ဘက်က လူအင်အားအပြည့်နဲ့ ကားလေးစီးရောက်ရှိလာပြီး နတ်သံကွင်းမြို့မှာတစ်စီး၊ တံခွန်တိုင်ထိပ်မှာသုံးစီး ချထားခဲ့ကာ အဲ့ဒီနောက် ဘိုကဒေါအင်းဘက်ကို ဆက်သွားပြီး စခန်းချကကာ ရန်မျိုးအောင်ကျေးရွာဘက်ကို လက်နက်ကြီးပစ်ခတ်ခဲ့သေးတယ်လို့ ကေအဲန်ယူက ဆိုပါသေးတယ်။

ရန်မျိုးအောင်ကျေးရွာက ပြည်သူတွေဟာ ရွာလုံးကျွတ်ထွက်ပြေးပြီးနောက် အခုအချိန်မှာ စစ်ကောင်စီတပ်က ဝင်ရောက်တပ်စွဲထားပြီး ညနေ ၃ နာရီခွဲမှာ လူအင်အားအပြည့်နဲ့ စစ်ကား(၁၀)စီး နတ်သံကွင်းမြို့ကို ထပ်မံရောက်ရှိလာကာ နတ်သံကွင်းတံတားမှာ ဂိတ်ချစစ်ဆေးမှုတွေပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။

စစ်ကောင်စီရဲ့လက်နက်ကြီးပစ်ခတ်မှုကြောင့် ကေအဲန်ယူထိန်းချုပ်နယ် ခလယ်လွီထူခရိုင် ကျောက်ကြီးနဲ့ မုန်းမြို့အတွင်းရှိ ကျေးရွာခြောက်ရွာက ဒေသခံပြည်သူဦးရေ စုစုပေါင်း(၃၄၇၂)ဦးဟာ ဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်နေခဲ့ရတယ်လို့ ကေအဲန်ယူက ထုတ်ပြန်ထားပါတယ်။

ကေအဲန်ယူ-ခလယ်လွီထူ(ညောင်လေးပင်)ခရိုင် တပ်မဟာ ၃ နယ်မြေ လယ်ဒို(ကျောက်ကြီး)မြို့နယ်ထဲမှာ မနေ့က KNLA တပ်မဟာ ၃ နဲ့ စစ်ကောင်စီတပ်တို့အကြား တစ်နေ့ကုန်တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီဘက်က ၆ ဦးသေဆုံးခဲ့တယ်လို့လည်း ကရင်းသတင်းရင်းမြစ်တစ်ခုရဲ့ ဖော်ပြချက်အရ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်က ငါးဘတ်ကြီးရွာကို စစ်တပ်က လေကြောင်းနဲ့ လက်နက်ကြီးအသုံးပြုပစ်ခတ်တာ​ကြောင့် ကလေးငယ်တဦးအပါအဝင် အရပ်သားနှစ်ဦးလက်နက်ကြီးကျည်ထိမှန်သေဆုံးသွားတယ်လို့ဒေသခံတွေကပြောပါတယ်။

သတင်း

ချင်းတွင်းမြစ်ကြောင်းအတိုင်းပြန်ပြီး စုန်ဆင်းလာတဲ့စစ်သင်္ဘောအုပ်စုက ဖောင်းပြင်မြို့နယ်၊သရောင်းစံပြကျေးရွာကို လက်နက်ကြီးနဲ့ရော လေကြောင်းကနေပါ ပစ်ခတ်လို့ ဒေသခံတွေရဲ့ နေအိမ်အချို့ ပျက်စီးပြီး အိမ် မွေးတိရိစ္ဆာန်အချို့ သေဆုံးခဲ့ပါတယ်။