Connect with us

Hi, what are you looking for?

သတင်း

ကျိုက်ထိုမြို့နယ်ထဲ ပြည်သူများ ခရီးသွားလာမှုကို သတိပေး

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ဒူးသထူ(သထုံ)ခရိုင် တပ်မဟာ ၁ နယ်မြေ ကျိုက်ထိုမြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းတပ်ဖွဲ့တို့အကြား ထိတွေ့ပစ်ခတ်မှုတွေ မကြာခဏ ဖြစ်ပွားနေတာဖြစ်ပါတယ်။

ကျိုက်ထိုမြို့နယ်
ကျိုက်ထိုမြို့နယ်

ကျိုက်ထိုမြို့နယ်အတွင်း လမ်းတွေပေါ်မှာ ခရီးသွားလာနေကြတဲ့ ပြည်သူလူထုတွေအနေနဲ့ စစ်ကောင်စီရဲ့ မော်တော်ယာဉ်တန်းတွေနဲ့ အနီးကပ်သွားလာတာမျိုး အထူးရှောင်ကြဉ်ကြဖို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း-၃ သထုံခရိုင်က ဒီကနေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အနေနဲ့ စစ်ကောင်စီတပ်တွေရဲ့ စစ်ရေးလှုပ်ရှားမှုတွေကို ကန့်သတ်ဖို့နဲ့ နယ်မြေစိုးမိုးမှုတည်ဆောက်ဖို့ အရှိန်အဟုန်မြင့် ဆောင်ရွက်သွားတော့မှာဖြစ်တဲ့အတွက် ကျိုက်ထိုမြို့နယ်ရှိ လမ်းမတွေပေါ်မှာ သွားလာကျမယ့် ခရီးသွားပြည်သူတွေအနေနဲ့ မနက် ၆ ည ၈ အတွင်း ခရီးသွားလာစဉ် စစ်ကောင်စီရဲ့ မော်တော်ယာဉ်များနဲ့ အနီးကပ်သွားလာတာမျိုးကို အထူးရှောင်ကျဉ်ကြဖို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း-၃ က တိုက်တွန်းထားတာပါ။

ဒါ့အပြင် ည ၈ နာရီနောက်ပိုင်းမှာ အရေးပေါ်ကျန်းမာရေးကိစ္စနဲ့ သွားလာရမယ်ဆိုပါက လူနာတင်ယာဉ်ကို မီးတန်းဖွင့် အသံဖွင့်ပြီး သွားလာကျဖို့ ည ၈နာရီနောက်ပိုင်း သေရေးရှင်ရေးမဟုတ်ပါက အပြင်မထွက်ကြဖို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း-၃ က မေတ္တာရပ်ခံထားပါတယ်။

Public Service Announcement
Public Service Announcement

အထက်ပါ သတိပေးချက်တွေကို လိုက်နာခြင်းမရှိပါက ထိခိုက်မှု တစ်စုံတစ်ရာရှိလာပါက ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း-၃ အနေနဲ့ တာ၀န်ယူပေးနိုင်မှာမဟုတ်ဘူးလို့ ကြိုတင်အသိပေးကြောင်း ထုတ်ပြန်ထားချက်အရ သိရပါတယ်။

Public Service Announcement

Public Service Announcement

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ဒူးသထူ(သထုံ)ခရိုင် တပ်မဟာ ၁ နယ်မြေ ကျိုက်ထိုမြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းတပ်ဖွဲ့တို့အကြား ထိတွေ့ပစ်ခတ်မှုတွေ မကြာခဏ ဖြစ်ပွားနေတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

အတွေးအမြင်

လူအများစုက "သဘာဝအလှအပနဲ့ ရှေးဟောင်းသမိုင်းဝင်ဗိသုကာတွေရှိရင် ခရီးသွားဧည့်သည်တွေ လာမှာပဲလို့ " ရိုးရှင်းစွာ ထင်မြင်တတ်ကြပါတယ်။ ဒါပေမဲ့ အဲ့ဒီလိုတွေးခေါ်ယူဆတဲ့ ခေတ်ကာလက ကျော်လွန်သွားခဲ့ပါပြီ။

သတင်း

အိုင်ကွန်ကနေ သတိပေးတာကတော့လက်တလောကာလမှာ မသမာသူတွေက မိဘပြည်သူတွေရဲ့ မှတ်ပုံတင်နဲ့ Face ID (မျက်နှာမှတ်တမ်းတင်စနစ်)တွေကို အသုံးပြုပြီးငွေကျပ်ငါးသောင်း မက်လုံးပေးကာ kpay အကောင့်ဖွင့်တဲ့ ဖြစ်စဉ်တွေ ဖြစ်ပွားနေတယ်လို့ ကြေညာပါတယ်။

သတင်း

ကရင်နီပြည်နယ်မှာ စစ်တပ်က ပြည်သူတွေရဲ့ စားနပ်ရိက္ခာနဲ့ ဝင်ငွေရလမ်းကြောင်းတွေကို ပစ်မှတ်ထားတိုက်ခိုက်နေတယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ (KnHRG) က မေလ ၁၅ရက်မှာ ထုတ်ပြန်ပါတယ်။

နိုင်ငံတကာ

အများပြည်သူနဲ့ သက်ဆိုင်တဲ့ နေရာတွေမှာ လိင်ဆက်ဆံခဲ့တဲ့ ဖြစ်စဉ်တွေ ပေါ်ပေါက်ခဲ့တဲ့နောက် ကမ္ဘာလှည့် ခရီးသွားတွေရဲ့ အပြုအမူပိုင်းနဲ့ ပတ်သက်ပြီး ကိုင်တွယ်တဲ့ စည်းမျဉ်းတွေကို ပိုမို တင်းကျပ်သွားမယ်လို့ ထိုင်းအစိုးရက ပြောပါတယ်။