Connect with us

Hi, what are you looking for?

သတင်း

ဒေါ်အောင်ဆန်းစုကြည်ကို မူလထိန်းသိမ်းထားရာနေအိမ်သို့ ပြန်ပို့ရန် အာဆီယံအထူးကိုယ်စားလှယ်တောင်းဆို

“ငြိမ်းချမ်းတဲ့နိုင်ငံရေးအဖြေရှာမှုကနေ မြန်မာနိုင်ငံပုံမှန်ပြန်ဖြစ်ရေးနဲ့ အမျိုးသားပြန်လည်သင့် မြတ်ရေးအတွက် ဒေါ်အောင်ဆန်းစုကြည်ဟာ အရေးပါတဲ့အခန်းကဏ္ဍမှာ ရှိနေတယ်ဆိုတာကို နိုင်ငံတကာကရော၊ ပြည်တွင်းက ပြည်သူအများအပြားကပါ မှတ်ယူထားဆိုတာသေချာပါတယ်” ဟု Prak Sokhonn က ဆိုသည်။

Prak Sokhonn
Prak Sokhonn

▪️အာဆီယံအထူးကိုယ်စားလှယ်၏ တောင်းဆိုချက်မှာ လုံလောက်မှုမရှိဟု လေ့လာသူအချို့သုံးသပ်

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်အကျဉ်းထောင်အတွင်းမှ ယခင်ထိန်းသိမ်းထားရာနေအိမ်သို့ ပြန်ပို့ရန် အာဆီယံအထူးကိုယ်စားလှယ် Prak Sokhonn က တောင်းဆိုလိုက်သည်။

မြန်မာ့အကျပ်အတည်းငြိမ်းချမ်းစွာအဖြေရှာရေးအတွက် အားလုံးပါဝင်သော အမျိုးသားပြန်လည် သင့်မြတ်ရေးလုပ်ငန်းစဉ်ကို ထပ်မံအချိန်မဆိုင်းဘဲ စတင်ဆောင်ရွက်သင့်ကြောင်း အာဆီယံ နိုင်ငံများက ခိုင်မာစွာတိုက်တွန်းထားကြောင်း အာဆီယံအထူးကိုယ်စားလှယ်၊ ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီးက ထုတ်ပြန်သည်။

“ငြိမ်းချမ်းတဲ့နိုင်ငံရေးအဖြေရှာမှုကနေ မြန်မာနိုင်ငံပုံမှန်ပြန်ဖြစ်ရေးနဲ့ အမျိုးသားပြန်လည်သင့် မြတ်ရေးအတွက် ဒေါ်အောင်ဆန်းစုကြည်ဟာ အရေးပါတဲ့အခန်းကဏ္ဍမှာ ရှိနေတယ်ဆိုတာကို နိုင်ငံတကာကရော၊ ပြည်တွင်းက ပြည်သူအများအပြားကပါ မှတ်ယူထားဆိုတာသေချာပါတယ်” ဟု Prak Sokhonn က ဆိုသည်။

သို့သော် အာဆီယံအထူးကိုယ်စားလှယ်၏ တောင်းဆို ချက်သည် မြန်မာ့အကျပ်အတည်းကို ဖြေရှင်းရန် အထောက်အကူပြုမည်မဟုတ်သကဲ့သို့ လုံလောက်မှုမရှိကြောင်း နိုင်ငံရေးလေ့လာသူ အချို့က သုံးသပ်သည်။

Public Service Announcement

Public Service Announcement

ပြည်တွင်းနှင့် ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာက တောင်းဆိုနေသည်မှာ ဒေါ်အောင်ဆန်းစုကြည်နှင့် မတရား သဖြင့်ဖမ်းဆီးထိန်းသိမ်းခံ နိုင်ငံရေးအကျဉ်းသားအားလုံးလွတ်မြောက်ရေး၊ ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်သွားရေး၊ အကြမ်းဖက်စစ်တပ်၏ ပြည်သူလူထုအပေါ် ကျူးလွန်မှုမှန်သမျှကို အရေးယူအပြစ်ပေးရေး စသည့်အချက်များဖြစ်ကြောင်း လေ့လာသူအချို့က ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ကနေဒါနိုင်ငံ၊ ဗန်ကူးဗား ဆာရီမြို့ရှိ ဟော်လန်ပန်းခြံမှာ ပြည်ပရောက်မြန်မာတွေ ပါဝင်တဲ့ BCSBC အဖွဲ့က ဦးဆောင်ပြီး သံအမတ်ကြီးဦးကျော်မိုးထွန်းထောက်ခံရေးဆန္ဒပြပွဲနဲ့ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး "FREE HER" ကမ်ပိန်းကို စက်တင်ဘာ ၁၉ ရက်က ပြုလုပ်ခဲ့ပါတယ်။

သတင်း

မိခင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် မိခင်ရဲ့ နာမည် ၊ အကြောင်းအရာတွေကို ပြောပြီး ပါဝင်ပေးကြဖို့ သားဖြစ်သူ ကင်မ်အဲရစ်‌(ခ)ကိုထိန်လင်းက တောင်းဆိုထားပါတယ်။

သတင်း

ပြည်သူတွေကို သတ်ဖြတ်ဖို့အတွက် ဒရုန်းနည်းပညာကို အသုံးပြုနေတဲ့ စစ်တပ်ကို အာဆီယံဒေသဆိုင်ရာဖိုရမ်(ARF) ရဲ့ မောင်းသူမဲ့လေယာဉ်စနစ်- ဒရုန်းဆိုင်ရာ အလုပ်ရုံဆေးနွေးပွဲကို တက်ရောက်ခွင့် မပေးဖို့ Justice For Myanmar-JFM က တောင်းဆိုလိုက်ပါတယ်။

သတင်း

မ​​လေးရှား​က သူ့နိုင်ငံ​ရောက်​နေတဲ့ရိုဟင်ဂျာနှစ်သိန်း​လောက်ကို မြန်မာကိုပြန်ပို့ချင်​နေတာဖြစ်ပါတယ်။