Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ဒေါ်အောင်ဆန်းစုကြည်ကို မူလထိန်းသိမ်းထားရာနေအိမ်သို့ ပြန်ပို့ရန် အာဆီယံအထူးကိုယ်စားလှယ်တောင်းဆို

“ငြိမ်းချမ်းတဲ့နိုင်ငံရေးအဖြေရှာမှုကနေ မြန်မာနိုင်ငံပုံမှန်ပြန်ဖြစ်ရေးနဲ့ အမျိုးသားပြန်လည်သင့် မြတ်ရေးအတွက် ဒေါ်အောင်ဆန်းစုကြည်ဟာ အရေးပါတဲ့အခန်းကဏ္ဍမှာ ရှိနေတယ်ဆိုတာကို နိုင်ငံတကာကရော၊ ပြည်တွင်းက ပြည်သူအများအပြားကပါ မှတ်ယူထားဆိုတာသေချာပါတယ်” ဟု Prak Sokhonn က ဆိုသည်။

Prak Sokhonn
Prak Sokhonn

▪️အာဆီယံအထူးကိုယ်စားလှယ်၏ တောင်းဆိုချက်မှာ လုံလောက်မှုမရှိဟု လေ့လာသူအချို့သုံးသပ်

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်အကျဉ်းထောင်အတွင်းမှ ယခင်ထိန်းသိမ်းထားရာနေအိမ်သို့ ပြန်ပို့ရန် အာဆီယံအထူးကိုယ်စားလှယ် Prak Sokhonn က တောင်းဆိုလိုက်သည်။

မြန်မာ့အကျပ်အတည်းငြိမ်းချမ်းစွာအဖြေရှာရေးအတွက် အားလုံးပါဝင်သော အမျိုးသားပြန်လည် သင့်မြတ်ရေးလုပ်ငန်းစဉ်ကို ထပ်မံအချိန်မဆိုင်းဘဲ စတင်ဆောင်ရွက်သင့်ကြောင်း အာဆီယံ နိုင်ငံများက ခိုင်မာစွာတိုက်တွန်းထားကြောင်း အာဆီယံအထူးကိုယ်စားလှယ်၊ ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီးက ထုတ်ပြန်သည်။

“ငြိမ်းချမ်းတဲ့နိုင်ငံရေးအဖြေရှာမှုကနေ မြန်မာနိုင်ငံပုံမှန်ပြန်ဖြစ်ရေးနဲ့ အမျိုးသားပြန်လည်သင့် မြတ်ရေးအတွက် ဒေါ်အောင်ဆန်းစုကြည်ဟာ အရေးပါတဲ့အခန်းကဏ္ဍမှာ ရှိနေတယ်ဆိုတာကို နိုင်ငံတကာကရော၊ ပြည်တွင်းက ပြည်သူအများအပြားကပါ မှတ်ယူထားဆိုတာသေချာပါတယ်” ဟု Prak Sokhonn က ဆိုသည်။

သို့သော် အာဆီယံအထူးကိုယ်စားလှယ်၏ တောင်းဆို ချက်သည် မြန်မာ့အကျပ်အတည်းကို ဖြေရှင်းရန် အထောက်အကူပြုမည်မဟုတ်သကဲ့သို့ လုံလောက်မှုမရှိကြောင်း နိုင်ငံရေးလေ့လာသူ အချို့က သုံးသပ်သည်။

Public Service Announcement

Public Service Announcement

ပြည်တွင်းနှင့် ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာက တောင်းဆိုနေသည်မှာ ဒေါ်အောင်ဆန်းစုကြည်နှင့် မတရား သဖြင့်ဖမ်းဆီးထိန်းသိမ်းခံ နိုင်ငံရေးအကျဉ်းသားအားလုံးလွတ်မြောက်ရေး၊ ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်သွားရေး၊ အကြမ်းဖက်စစ်တပ်၏ ပြည်သူလူထုအပေါ် ကျူးလွန်မှုမှန်သမျှကို အရေးယူအပြစ်ပေးရေး စသည့်အချက်များဖြစ်ကြောင်း လေ့လာသူအချို့က ပြောသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တိုက်ပွဲတွေက ထိုင်းပိုင်နက်နဲ့ အရမ်း နီးနီးကပ်ကပ် ဖြစ်ပွားခဲ့ပြီး ဒီလို ကိစ္စမျိုးနဲ့ ပတ်သက်ရင် အာဆီယံကပါ ပါဝင်ကိုင်တွယ် အဖြေရှာပေးသင့်တယ်လို့ နစ်ခွန်ဒက်ဂျ်က ဆိုပါတယ်။

သတင်း

စစ်ကောင်စီက မြဝတီမြို့ကို ဆက်သွယ်ရေးဖုန်းလိုင်းများ ဖြတ်တောက်ထားကြောင်းလည်း ဒေသခံများက ပြောသည်။

သတင်း

မြန်မာနိုင်ငံမှာ နိုင်ငံသားတွေ၊ အာဆီယံ အဖွဲ့ဝင်တွေ အပါအဝင် နိုင်ငံခြားသားတွေ အားလုံးရဲ့ လုံခြုံဘေးကင်းရေးကို အလေးထား ဆောင်ရွက်ပေးဖို့ကလည်း အထူးအရေးပါတဲ့ တောင်းဆိုမှု တစ်ခုလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားခဲ့ပါတယ်။

မေးမြန်းခန်း

အမျိုးသားညီညွတ်ရေးအစိုးရ​NUG သမ္မတရုံးပြောခွင့်ရပုဂ္ဂိုလ်ဦးကျော်ဇောကို People’s Spring လူထုနွေဦးသတင်းဌာနက ဆက်သွယ်မေးမြန်းထားပါသည်။