Connect with us

Hi, what are you looking for?

News

တောင်ဒဂုံတွင် ဆိုင်ကယ်ဖြင့် ဖောက်ခွဲတိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရ

တောင်ဒဂုံ ဘုန်းကြီးကျောင်းကွေ့နဲ့ ၅၄ မှတ်တိုင်ကြားတိုက်ခိုက်မှုဖြစ်စဉ်ပါ တစ်ဦးသေ တစ်ဦးဒဏ်ရာရစာရင်းဟာ အတည်ပြုနိုင်တဲ့စာရင်းသာဖြစ်ပြီး မြေပြင်အနေအထားအထားမှာ အဲဒီထက်ပိုနိုင်လို့ ဖဆလတ ကဆိုပါတယ်။

ဒဂုံမြို့သစ်တောင်ပိုင်း ၅၄ မှတ်တိုင်အနီး ဆိုင်ကယ်နဲ့ ဖောက်ခွဲတိုက်ရာမှာ စစ်ကောင်စီလက်အောက်ခံ လက်နက်ကိုင်တစ်ဦး သေဆုံးပြီး တစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဖက်ဆစ်ဆန့်ကျင်ရေးလက်ရုံးတပ်ဖွဲ့(ဖဆလတ)က ဒီကနေ့ ထုတ်ပြန်ပါတယ်။

လတ်တလော ကပ်ရောဂါဘေးနဲ့ရင်ဆိုင်နေရချိန် စစ်ကောင်စီဟာ လူ့အသက်တွေကိုရင်းပြီး ၎င်းတို့ ရဲ့အာဏာတည်မြဲရေး လုပ်ဆောင်နေတဲ့အပြင် ပြည်သူ လူထုရဲ့ အသက်အိုးအိမ်စီးစိမ်များကိုပါ လုယက်ဖျက်ဆီးတာတွေ ကျူးလွန်နေတာကြောင့် စစ်ကောင်စီလက်အောက်ခံတပ်ဖွဲ့တွေကို ဒီကနေ့(သြဂုတ် ၈)မှာ ဦးတည်တိုက်ခိုက်မှုပြုလုပ်ခဲ့တာလို့ ဖဆလတရဲ့ ထုတ်ပြန်ချက်က ဆိုပါတယ်။

တောင်ဒဂုံ ဘုန်းကြီးကျောင်းကွေ့နဲ့ ၅၄ မှတ်တိုင်ကြားတိုက်ခိုက်မှုဖြစ်စဉ်ပါ တစ်ဦးသေ တစ်ဦးဒဏ်ရာရစာရင်းဟာ အတည်ပြုနိုင်တဲ့စာရင်းသာဖြစ်ပြီး မြေပြင်အနေအထားအထားမှာ အဲဒီထက်ပိုနိုင်လို့ ဖဆလတ ကဆိုပါတယ်။

အခင်းဖြစ်ရပ်အနီးနေထိုင်သူတချို့ရဲ့အဆိုအရ ဖက်ဆက်စစ်တပ် အမြစ်ဖြတ် စာသာကပ်ထားတဲ့ဆိုင်ကယ်တစ်စီးနားကိုသွားရောက်ချိန် ပေါက်ကွဲမှုဖြစ်တာကြောင့် စစ်ကောင်စီရဲ့လက်နက်ကိုင်တွေ သေဆုံးထိခိုက်ဒဏ်ရာရတာတွေ ဖြစ်ခဲ့တာလို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

လက်ရှိအခြေအနေမှာ အာဏာရှင်ဆန့်ကျင်ရေး တော်လှန် ရေးအင်အားစုတွေက စစ်ကောင်စီရဲ့လက်အောက်ခံတပ်တွေကို ဦးတည်တိုက်ခိုက်တာတွေရှိသလို တစ်ဖက်မှာလည်း ဒလန်တွေနဲ့ ပျူစောထီးအဖွဲ့ဝင်တွေက အများပြည်သူအထိတ်တလန့်ဖြစ်အောင် တန်ပြန်တိုက်ခိုက်တာတွေရှိလို့ ပြည်သူတွေအနေနဲ့ သတိပြုသွားလာနေထိုင်ကြဖို့ ဖဆလတက အသိပေးထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မွန်ပြည်နယ်၊ သထုံမြို့မှာ ဆိုင်ကယ်နဲ့ ကားတိုက်မိပြီး ဆိုင်ကယ်မောင်းလာတဲ့ အသက် ၇၀ကျော်အရွယ်အမျိုးသား သေဆုံးသွားတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

နိုင်ငံတကာ

တိဘက်ကုန်းမြင့် ဒေသနဲ့ ထိစပ်ရာ နယ်စပ်နားမှာ ဖြစ်ပွားခဲ့တဲ့ ရုတ်တရက် ရေကြီးမှုအတွင်း သေဆုံးသူတွေကို နီပေါ အာဏာပိုင်တွေက အစုလိုက် စတင်မြှုပ်နှံနေပြီ ဖြစ်ပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်က ကျေးရွာတွေကို စစ်ကြောင်းထိုးလာတဲ့ စစ်တပ်ဟာ ဒေသခံတွေပိုင်ဆိုင်တဲ့ ကားအချို့နဲ့ ဆိုင်ကယ်တွေကို ယူဆောင်သွားသလို နေအိမ်အချို့ကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။