Connect with us

Hi, what are you looking for?

သတင်း

အလုံမြို့နယ် ကမ်းနားလမ်းရှိ SKY WAY Club & KTV မီးလောင်

မီးလောင်ကျွမ်းသည့် အကြောင်းအရင်း အတိအကျကိုမူ ထုတ်ပြန်ထားခြင်း မရှိသေးပေ။

ဓာတ်ပုံ - CJ
ဓာတ်ပုံ - CJ

ရန်ကုန်မြို့၊ အလုံမြို့နယ် သစ်တောရပ်ကွက်၊ ကမ်းနားလမ်းနှင့် အလုံလမ်းထောင့်ရှိ SKY WAY Club & KTV ယနေ့ (ဇွန်လ ၂၉)ညပိုင်း၌ မီးလောင်ကျွမ်းမှုဖြစ်ပွားနေကြောင်း ရပ်ကွက်နေပြည်သူများမှ တစ်ဆင့်သိရသည်။

ဓာတ်ပုံ - CJ
ဓာတ်ပုံ – CJ

“၁၀ နာရီမခွဲခင်လောက်က စလောင်တာပါ။ Sky Way နဲ့ Queen star စားသောက်ဆိုင်ကြားထဲကနေ စလောင်နေတာလို့ သိရတယ်။ မီးတော့တော်တော်များတယ်။ လူတွေ ပြေးထွက်လာတာလဲ တွေ့တယ်။ ထိခိုက်မှု မရှိဘူးလို့တော့ ကြားပါတယ် “ဟု အလုံမြို့နယ်နေ ပြည်သူတစ်ဦးက ဆိုသည်။

ဓာတ်ပုံ - CJ
ဓာတ်ပုံ – CJ

SKY WAY Club & KTV သည် ယနေ့ ည၁၀နာရီခွဲဝန်းကျင်အချိန်က မီးလောင်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အလုံမြို့နယ် မီးသတ်တပ်ဖွဲ့က သွားရောက်ငြှိမ်းသက်ခဲ့ရာ ည ၁၁ နာရီဝန်းကျင်တွင် မီးငြိမ်းနိုင်ခဲ့ကြောင်း နိုင်ငံမီးသတ်တပ်ဖွဲ့က ထုတ်ပြန်ထားသည်။

မီးလောင်ကျွမ်းသည့် အကြောင်းအရင်း အတိအကျကိုမူ ထုတ်ပြန်ထားခြင်း မရှိသေးပေ။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့မှာ စစ်တပ်လက်အောက်ခံ ပြည်သူ့စစ်အဖွဲ့တွေဖွင့်ထားတဲ့ KTVမှာ K လို့ လူသိများတဲ့ မူးယစ်ဆေးသုံးတဲ့ အမျိုးသား ၂ဦး သေဆုံးသွားပြီး တစ်ဦးကို ဆေးကုသနေရပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်က အရက်ဘား မီးလောင်မှုမှာ သေဆုံးခဲ့သူ အများစုဟာ မီးခိုးမွှန်ပြီး အသက်ဆုံးရှုံးခဲ့တာလို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့၊ အလုံမြို့နယ်က ဆင်မင်းဈေးကားမှတ်တိုင်အနီးမှာ အသက်ကြီးပိုင်း အမျိုးသမီး ၁ဦး YBS-144 ယာဉ်တိုက်ပြီး သေဆုံးသွားတယ်လို့ အခင်းနေရာကို သွားရောက်ကူညီခဲ့တဲ့ ကြီးလေးကြီး လူမှူကူညီရေးအသင်းက အသိပေးထားပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်မှာ ဖြစ်ပွားခဲ့တဲ့ အရက်ဘား မီးလောင်မှုကြောင့် သေဆုံးသူဟာ ၃၀ ထိ မြင့်တက်လာကြောင်း သိရပါတယ်။