Connect with us

Hi, what are you looking for?

သတင်း

ခင်ဦးတိုက်ပွဲတွင် စစ်သားနှင့်ပျူ ၃ဦး​သေဟုPDFများ​ပြော

ရေဦး-ခင်ဦးလမ်းပိုင်းတွင် လာသမျှကား ဆိုင်ကယ်များအား ဖမ်းဆီးစစ်ဆေးမှုများပြုလုပ်နေပြီး ကင်းပုန်းများလည်း လမ်းပိုင်းတစ်လျှောက် ချထားကြောင်း၊ ရေဦး-ခင်ဦး လမ်းပိုင်းအား ရှောင်ကွင်းသွားလာကြရန် ဒေသတွင်းအဖွဲ့များက သတိပေးခဲ့သည်။

(ခင်ဦးPDF အဖွဲ့ဝင်များ စစ်ဆင်ရေးတစ်ခုသွားနေစဥ်။ ဓါတ်ပုံ-KSO)
(ခင်ဦးPDF အဖွဲ့ဝင်များ စစ်ဆင်ရေးတစ်ခုသွားနေစဥ်။ ဓါတ်ပုံ-KSO)

စစ်​သားနှင့်ပျူများရမ်းပစ်၍ ၃ နှစ်အရွယ်က​လေးငယ်တစ်ဦး​သေဆုံး၊ဆိုင်တစ်ဆိုင်မှ​ကား၊ငွေနှင့်​ရွှေများလုယက်သွား

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်တွင်စစ်​ကောင်စီတပ်နှင့် ဒေသတွင်းပြည်သူ့ကာကွယ်ရေးအဖွဲ့များ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်​သားနှင့်ပျူ ၃ ဦးသေဆုံးခဲ့ကြောင်း ဒေသတွင်းပြည်သူ့ကာကွယ်ရေးအဖွဲ့များကပြောသည်။

ယမန်နေ့(ဇွန်လ ၂၉ရက်နေ့) နံနက် ၁၀နာရီအချိန်က ခင်ဦးမြို့နယ်၊ မြင်းဒေါင်းကျေးရွာစျေးကို စျေးလာဝယ်သော အကြမ်းဖက်စစ်တပ်နှင့် ပျူစောထီးများကို ခင်ဦးမြို့နယ်ဒေသကာကွယ်ရေးတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက်စစ်တပ်နှင့်ပျူ ၃ ဦးသေဆုံးခဲ့ခြင်းဖြစ်ကြောင်း ဒေသတွင်း PDFများက ပြောသည်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များထိခိုက်မှုမရှိကြောင်း ၎င်းအဖွဲ့များက ဆိုသည်။

အကြမ်းဖက်စစ်တပ်က ရမ်းသမ်းပစ်ခတ်မှုကြောင့် အသတ် ၃ နှစ်အရွယ် ကလေးငယ်တစ်ဦး ကျည်ထိမှန်ပြီးသေဆုံးခဲ့ကြောင်း ဒေသတွင်း PDFများက ပြောသည်။သေဆုံးသူကလေးငယ်မှာမြင်းဒေါင်းကျေးရွာအ.ထ.ကစာသင်ကျောင်းအနီး၌ စိုက်ပျိုးခင်း ရှင်းရန်လာသော မိသားစုမှဖြစ်ပြီး လည်ပင်းအား လက်နက်ငယ် ထိမှန်ခဲ့ခြင်းဖြစ်ကြောင်းလည်း​ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

ထို့အပြင်စစ်သားနှင့်ပျူများက မြင်းဒေါင်းကျေးရွာ၊ ဂွတ်ဒေး စားသောက်ဆိုင်မှ Light Truck တစ်စီးနှင့်နားကပ်၊လက်စွပ်တစ်ကွင်းနှင့် ငွေကျပ် ၅ သိန်းကို အကြမ်းဖက်လုယူသွားကြောင်း ဒေသခံများက ပြောသည်။

ရေဦး-ခင်ဦးလမ်းပိုင်းတွင် လာသမျှကား ဆိုင်ကယ်များအား ဖမ်းဆီးစစ်ဆေးမှုများပြုလုပ်နေပြီး ကင်းပုန်းများလည်း လမ်းပိုင်းတစ်လျှောက် ချထားကြောင်း၊ ရေဦး-ခင်ဦး လမ်းပိုင်းအား ရှောင်ကွင်းသွားလာကြရန် ဒေသတွင်းအဖွဲ့များက သတိပေးခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ် သေဆုံးသူများပြီး စစ်သုံ့ပန်းနဲ့ လက်နက်တွေ သိမ်းရ

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ရဲဘော် တွေအနေနဲ့ ဒရုန်းနည်းပညာ စစ်ရေးမှာ အသုံးပြုတာနဲ့ ပတ်သက်ပြီး စစ်အုပ်စုထက် ပိုသာကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က ပြောပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်ဟာ ဒီနေ့ စက်တင်ဘာ ၁၃ ရက် နေ့လယ်ပိုင်းမှာ ရခိုင်ပြည်နယ်က ပုဏ္ဏားကျွန်းမြို့နယ် ဦးရာဇ်တော်ဘုရားတောင်ခြေရင်းရှိ စေတီရင်းရွာနဲ့ အနီးဝန်းကျင်တွေကို ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ပြည်သူ ၂ ဦးသေဆုံးပြီး ၃ ဦးထက်မနည်း ဒဏ်ရာရသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

Facebook