Connect with us

Hi, what are you looking for?

သတင်း

ပုလဲဘက်မှထွက်လာသော စစ်ကောင်စီစစ်ကြောင်းကို ပဒေသာမိုင်းများဖြင့်တိုက်ခိုက်၊ ထိခိုက်သေဆုံးမှုရှိနိုင်

“လောလောဆယ်တော့ စစ်ရေးအရ သတိရှိဖို့နဲ့ အသက်ကြီးရွယ်အိုများ ကလေးသူငယ်များ အမျိုးသမီးများအနေနဲ့ အချိန်မီ ရှောင်ရှားကြဖို့ ပြောလိုပါတယ်ခင်ဗျာ”ဟု ကျားသစ်နက်ပြောက်ကျားတပ်ဖွဲ့ဝင် ရဲဘော်တစ်ဦးက သတင်းစကားပါးသည်။

ကျားသစ်နက်ပြောက်ကျားတပ်
ကျားသစ်နက်ပြောက်ကျားတပ်

ပုလဲမြို့ မှထွက်ခွာလာသော စစ်ကောင်စီတပ် စစ်ကြောင်းကို ကံကြီးကျေးရွာအနီးတွင် ပဒေသာမိုင်းများဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း ကျားသစ်နက်ပြောက်ကျားတပ်က ယနေ့ (ဇူလိုင် ၂) ထုတ်ပြန်သည်။

ယမန်နေ့(ဇူလိုင် ၁)နံနက် ၉ နာရီအချိန်ခန့်က ပုလဲမြို့နယ် ကံကြီးကျေးရွာအနီးတွင် ကျား သစ်နက်ပြောက်ကျားတပ်ဖွဲ့မှ အသင့်စောင့်ဆိုင်းကာ ပဒေသာ ၂ တွဲအား Remove မိုင်းဖြင့် မိုင်းဆွဲတိုက်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြသည်။

“ကျဆုံးမှုကိုတိတိကျကျ မသိရသေးပေမယ့် ထိခိုက်မှုအများအပြား ရှိမှာတော့သေချာပါ သည်”ဟု ကျားသစ်နက်ပြောက်ကျားတပ်က ဆိုသည်။

လက်ရှိအခြေအနေတွင် စစ်ကောင်စီတပ်စစ်ကြောင်းသည် အင်အားအများအပြားဖြင့် စစ်ကြောင်းဖြန့်ကာ ပုလဲမြို့နယ်တောင်ပိုင်းကျေးရွာများအနှံ့ ဒုက္ခပေးနိုင်ပါသောကြောင့် စစ်ရေးသတိနှင့် ရှောင်တိမ်းကြပါရန်အရေးကြီးလိုအပ်ကြောင်း အသိပေးသည်။

Public Service Announcement

Public Service Announcement

“လောလောဆယ်တော့ စစ်ရေးအရ သတိရှိဖို့နဲ့ အသက်ကြီးရွယ်အိုများ ကလေးသူငယ်များ အမျိုးသမီးများအနေနဲ့ အချိန်မီ ရှောင်ရှားကြဖို့ ပြောလိုပါတယ်ခင်ဗျာ”ဟု ကျားသစ်နက်ပြောက်ကျားတပ်ဖွဲ့ဝင် ရဲဘော်တစ်ဦးက သတင်းစကားပါးသည်။

ထို့ကြောင့် ကျေးရွာအနှံ့ ဖြန့်လာသော စစ်ကောင်စီတပ်စစ်ကြောင်းများက ကျေးရွာနေ ပြည်သူများကို ဒုက္ခမပေးနိုင်အောင် ကျားသစ်နက်ပြောက်ကျားတပ်ဖွဲ့မှ အကာကွယ်ပေးနေပါသဖြင့် နီးစပ်ရာမဟာမိတ်တပ်ဖွဲ့များအနေဖြင့်လည်း ပူးပေါင်းပါဝင်ပေးကြရန် မေတ္တာရပ်ခံတိုက်တွန်းထားသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။

သတင်း

ရန်ကုန်မြို့၊တောင်ဥက္ကလာပမြို့နယ်မှာ အမျိူသမီး ၁ဦး ဓာတ်လိုက်သေဆုံးမှုဖြစ်ခဲ့တယ်လို့ သွားရောက်ကူညီပေးခဲ့တဲ့ မေတ္တာသီတာရေစင်လူမှုကူညီရေးအသင်းက အသိပေးထားပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။