Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဟောင်ကောင် ကမ်းလွန်မှာ သင်္ဘော ထက်ပိုင်းကျိုး နစ်မြုပ်ပြီး လူ ၂ ဒါဇင်လောက် ပျောက်ဆုံးနေ

မုန်တိုင်းဟာ ဇူလိုင် ၂ ရက် ညပိုင်းမှာတော့ ဟောင်ကောင် ကမ်းရိုးတန်းက ဂွမ်ဒေါင်းဒေသကို ကုန်းတွင်းဝင်ရောက် တိုက်ခတ်ခဲ့ပါတယ်။ သင်္ဘော နစ်မြုပ်တဲ့ နေရာမှာ ကယ်ဆယ်ရေး ဆောင်ရွက်ဖို့အတွက် ဟောင်ကောင် အာဏာပိုင်တွေက လေယာဉ် ၂ စီးနဲ့ ရဟတ်ယာဉ် ၄ စီးကို စေလွှတ်ထားကြောင်း သိရပါတယ်။

ဟောင်ကောင် ကမ်းလွန်မှာ သင်္ဘော ထက်ပိုင်းကျိုး နစ်မြုပ်ပြီး လူ ၂ ဒါဇင်လောက် ပျောက်ဆုံးနေ
ဟောင်ကောင် ကမ်းလွန်မှာ သင်္ဘော ထက်ပိုင်းကျိုး နစ်မြုပ်ပြီး လူ ၂ ဒါဇင်လောက် ပျောက်ဆုံးနေ

တောင်တရုတ်ပင်လယ်ထဲမှာ ကုန်တင် သင်္ဘောတစ်စီး ထက်ပိုင်းကျိုး နစ်မြုပ်သွားပြီး လူပေါင်း ဒါဇင်နဲ့ချီ ပျောက်ဆုံးနေကြောင်း သိရပါတယ်။

စက်မှုလုပ်ငန်းဆိုင်ရာ ထောက်ပံ့ရေး ကုန်သင်္ဘော တစ်စီး ဇူလိုင် ၂ ရက်က နစ်မြုပ်သွားခဲ့ပြီး ရေယာဉ် အမှုထမ်း ၂ ဒါဇင် ဝန်းကျင်လောက် ပျောက်ဆုံးနေတယ်လို့ ယုံကြည်ရကြောင်း ဟောင်ကောင် ကမ်းခြေစောင့် ကယ်ဆယ်ရေးအဖွဲ့က ပြောပါတယ်။ သင်္ဘောပေါ်မှာ အမှုထမ်း ၃၀ လောက် လိုက်ပါလာခဲ့ပြီး ညနေပိုင်းထိ အခြေအနေတွေအရ လူ ၃ ဦးထက် မနည်းကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးနိုင်ခဲ့ကြောင်း ကယ်ဆယ်ရေးတွေက ဆိုပါတယ်။

အာဏာပိုင်တွေက ကယ်ဆယ်ရေး ကဏ္ဍမှာ ပူးပေါင်း ဆောင်ရွက်ဖို့အတွက် ရဟတ်ယာဉ်တွေကိုလည်း စေလွှတ်ပေးခဲ့ပါတယ်။ ကယ်ဆယ်ရေးတွေ ထုတ်ပြန်တဲ့ ဓာတ်ပုံတစ်ပုံမှာတော့ သင်္ဘောသား တစ်ယောက်ကို ရဟတ်ယာဉ်ပေါ် ကြိုးသိုင်းပြီး ဆွဲတင်နေတာ တွေ့ခဲ့ရပါတယ်။

ဟောင်ကောင် တောင်ပိုင်း ကမ်းခြေကနေ ကီလိုမီတာ ၃၀၀ လောက်အကွာ ရေပြင်မှာ လှိုင်းထန်နေချိန် ရေယာဉ် နှစ်ပိုင်းကျိုးပြီး နစ်မြုပ်ခဲ့တာပါ။ ဘာကြောင့် အခုလို မတော်တဆမှုနဲ့ ကြုံခဲ့သလဲ ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

Public Service Announcement

Public Service Announcement

ဟောင်ကောင် ကမ်းခြေစောင့် ကယ်ဆယ်ရေး အဖွဲ့က သင်္ဘောကို ပိုင်ဆိုင်တဲ့ နိုင်ငံနဲ့ သင်္ဘောသားတွေရဲ့ နာမည်တွေကိုတော့ မထုတ်ပြန်သေးပါဘူး။ လောလောဆယ် သင်္ဘော နစ်မြုပ်တဲ့ နေရာတဝိုက်မှာ အပူပိုင်းမုန်တိုင်း ချာဘာရဲ့ သက်ရောက်မှုကြောင့် ကယ်ဆယ်ရေး လုပ်ငန်းတွေ ဆောင်ရွက်ရာမှာ အခက်တွေ့နေပါတယ်။ မုန်တိုင်းနဲ့ ဆက်စပ်တဲ့ လေပြင်း တိုက်ခတ်မှုတွေဟာ တစ်နာရီကို ကီလိုမီတာ ၁၁၀ နှုန်းလောက်ထိ ပြင်းထန်ခဲ့ပါတယ်။

မုန်တိုင်းဟာ ဇူလိုင် ၂ ရက် ညပိုင်းမှာတော့ ဟောင်ကောင် ကမ်းရိုးတန်းက ဂွမ်ဒေါင်းဒေသကို ကုန်းတွင်းဝင်ရောက် တိုက်ခတ်ခဲ့ပါတယ်။ သင်္ဘော နစ်မြုပ်တဲ့ နေရာမှာ ကယ်ဆယ်ရေး ဆောင်ရွက်ဖို့အတွက် ဟောင်ကောင် အာဏာပိုင်တွေက လေယာဉ် ၂ စီးနဲ့ ရဟတ်ယာဉ် ၄ စီးကို စေလွှတ်ထားကြောင်း သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

တဦးတည်းသင်္ဘော ၄စီးထိဆုံးရှုံးရသူများရှိပြီး သင်္ဘောတစီး ကျပ်သိန်းရှစ်ထောင်မှသိန်းနှစ်သောင်းထိရှိကာ ​နွေဦး​တော်လှန်​ရေးရဲအရင်းအနှီးဟု အသိ​ပေး

သတင်း

ကချင်ပြည်နယ်၊ရွှေကူမြို့‌နယ်ထဲက ဧရာ၀တီမြစ်ကြောင်းမှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နဲ့ KPDF ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်ခဲ့တဲ့ စစ်သင်္ဘောကို နှစ်မြှုပ်ဖျက်ဆီးလိုက်ပြီလို့ နယ်မြေခံစစ်ရေးသတင်းရင်းမြစ်အချို့ကပြောပါတယ်။

နိုင်ငံတကာ

ဟောင်ကောင်က အိမ်မွေးတိရစ္ဆာန်တွေ ယာယီ ထိန်းသိမ်းစောင့်ရှောက်ပေးရာ ဟိုတယ် (pet hotel) တစ်ခုမှာ ခွေးတစ်ကောင် ကိုက်သတ်လို့ ဝန်ထမ်း အမျိုးသမီးတစ်ဦး သေဆုံးသွားပါတယ်။

နိုင်ငံတကာ

ဟောင်ကောင်မှာ အိမ်မွေးခွေးလေး နှစ်ကောင်ကို ခွေးကြီးတစ်ကောင်က ရက်ရက်စက်စက် ကိုက်သတ်ခဲ့တဲ့နောက် ပိုင်ရှင်ဖြစ်သူကို ရဲတွေက ဖမ်းဆီးခဲ့ပါတယ်။