Connect with us

Hi, what are you looking for?

News

လက်ဝေခံအဖြစ်မှနှုတ်ထွက်ရန် စစ်ကောင်စီခန့် ပြည်နယ်ဝန်ကြီးအား ရခိုင်ရှိချင်းအရပ်ဘက်အဖွဲ့များ တိုက်တွန်း

ဦးတင်လှသည် ရခိုင်ပြည်နယ် ချင်းလူမျိုးများမှ ရွေးချယ်တင်မြှောက်သည့် တရားဝင်မှုရှိသော ကိုယ်စား လှယ်မဟုတ်သည့်အပြင် ရခိုင်ပြည်နယ်မှ ချင်းလူထုကိုလည်း ကိုယ်စားမပြုကြောင်း၊ အကယ်၍ ဦးတင်လှအနေဖြင့် ၎င်းရာထူးမှ မနှုတ်ထွက်ပါက စစ်ကောင်စီ၏ တရားမဲ့ ပြုကျင့်မှုများအတွက် တာဝန်ခံရမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

အာဏာသိမ်းစစ်ကောင်စီ၏ လုပ်ဆောင်ချက်များသည် လူမျိုးစုများ လိုလားသော ဖက်ဒရယ်ဒီမိုကရေစီလမ်း စဉ်နှင့် သွေဖီနေသောကြောင့် ၎င်း၏ အုပ်ချုပ်မှု ယန္တရားအောက်တွင် လက်ဝေခံအဖြစ် တာဝန်ထမ်းဆောင်ခြင်းမှ နှုတ်ထွက်ရန် စစ်ကောင်စီခန့် ရခိုင်ပြည်နယ် တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး ဦးတင်လှကို ချင်းအရပ်ဘက်အဖွဲ့အစည်းများမှ တိုက်တွန်းခဲ့သည်။

စစ်ကောင်စီသည် ဩဂုတ် ၁ရက်တွင် တရားဝင်မှု မရှိဘဲ အိမ်စောင့်အစိုးရ အဖြစ် ပြောင်းလဲ ကြေညာခဲ့သည့်အပြင် ပြည်နယ် တိုင်းဒေသကြီး အစိုးရ အဖွဲ့ကို ဖွဲ့စည်းပြီးရခိုင်ပြည်နယ်၏ တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးအဖြစ် ချင်းလူမျိုး ဦးတင်လှကိုခန့်အပ်လိုက်ခြင်းသည်နိုင်ငံရေးအရ အသုံးချခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အာဏာသိမ်းမှုကြောင့် ချင်းလူမျိုးများအပါအဝင် မြန်မာနိုင်ငံရှိ လူမျိုးပေါင်းစုံမှ စစ်အာဏာရှင်စနစ်ပျက်သုဉ်းပြီါ် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံ ပေါ်ပေါက်လာရေး အသက်ကု စတေးပြီး နည်းလမ်းမျိုးစုံ တော်လှန်နေကြသည့်အချိန်တွင် စစ်အာဏာရှင် သက်ဆိုးရှည်စေမည့် ယန္တရားအောက်တွင် ရာထူးလက်ခံရယူခြင်းသည် မသင့်လျော်ကြောင်း ရခိုင်ပြည်နယ်မှ ချင်းအရပ်ဘက်အဖွဲ့များက ထုတ်ပြန်သည်။

ထို့ပြင် ဦးတင်လှသည် ရခိုင်ပြည်နယ် ချင်းလူမျိုးများမှ ရွေးချယ်တင်မြှောက်သည့် တရားဝင်မှုရှိသော ကိုယ်စား လှယ်မဟုတ်သည့်အပြင် ရခိုင်ပြည်နယ်မှ ချင်းလူထုကိုလည်း ကိုယ်စားမပြုကြောင်း၊ အကယ်၍ ဦးတင်လှအနေဖြင့် ၎င်းရာထူးမှ မနှုတ်ထွက်ပါက စစ်ကောင်စီ၏ တရားမဲ့ ပြုကျင့်မှုများအတွက် တာဝန်ခံရမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

ထို့ပြင် လူမှုပြစ်ဒဏ်များပေးခြင်း၊ ဖယ်ကျဉ်ထားခြင်းများ ပြုလုပ်သွားမည်ဖြစ်ကြောင်း၊ ရခိုင်ပြည်နယ်မှ ချင်းအရပ်ဘက်အဖွဲ့များ လူပုဂ္ဂိုလ်များ အနေဖြင့်လည်း စစ်ကောင်စီ၏ အုပ်ချုပ်မှု ယန္တရားအောက်တွင် မည်သည့်နည်းနှင့်မျှ ပူးပေါင်းဆောင်ရွက်ခြင်းမပြုလုပ်ရန် အလေးအနက်နှိုးဆော်လိုက်ကြောင်း ထုတ်ပြန်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

အာရက္ခပြည်မှာ ကြုံတွေ့နေရတဲ့ ရေဘေးဖြစ်စဉ်အတွင်း ရေဘေးသင့်ပြည်သူများ ရဲ့ အရေးပေါ်လိုအပ်ချက်များကို ကူညီဖြေရှင်းပေးနိုင်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က အာရက္ခပြည်သူ့ တော်လှန်ရေးအစိုးရဖြစ်တဲ့ ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ် (ULA/AA)ကို တရုတ်ယွမ်ငွေ ၁၅၀,၀၀၀ (တစ်သိန်းငါးသောင်း) ကနဦးအဖြစ် ကူညီပံ့ပိုးခဲ့တယ်လို့ NUGက သတင်းထုတ်ပြန်ပါတယ်။