Connect with us

Hi, what are you looking for?

သတင်း

အာဆီယံအထူးကိုယ်စားလှယ် ရန်ကုန်မှာ နိုင်ငံတကာသံအမတ်တွေနဲ့တွေ့ဆုံ

အာဆီယံအထူးကိုယ်စားလှယ်နဲ့ တွေ့ဆုံခဲ့တဲ့ နိုင်ငံတွေဟာ စစ်အာဏာသိမ်းမှုကို ရှုတ်ချထားတဲ့နိုင်ငံတွေဖြစ်ပါတယ်။

ဓာတ်ပုံ − ကမ္ဘောဒီးယားနိုင်ငံခြားရေးရုံး
ဓာတ်ပုံ − ကမ္ဘောဒီးယားနိုင်ငံခြားရေးရုံး

မြန်မာနိုင်ငံကိုရောက်ရှိနေတဲ့ အာဆီယံအထူးကိုယ်စားလှယ်ဟာ မနေ့က မွန်းလွဲပိုင်းက ရန်ကုန်မြို့မှာ နိုင်ငံတကာသံအမတ်တွေနဲ့တွေ့ဆုံကာ မြန်မာ့အရေးကိုဆွေးနွေးခဲ့တယ်လို့သိရပါတယ်။

တွေ့ဆုံပွဲကို ပြင်သစ်သံအမတ်ကြီး၊ အမေရိကန် ၊ ဥရောပသမဂ္ဂက သံတမန်တွေ ၊ သြစတြးလျ သံရုံးအကြီးအကဲတက်ရောက်ခဲ့ကြပါတယ်။

ဓာတ်ပုံ − ကမ္ဘောဒီးယားနိုင်ငံခြားရေးရုံး
ဓာတ်ပုံ − ကမ္ဘောဒီးယားနိုင်ငံခြားရေးရုံး

အာဏာသိမ်းပြီးနောက် ကြုံတွေ့နေရတဲ့ မြန်မာနိုင်ငံရဲ့နိုင်ငံရေးအကြပ်အတည်းကို ဖြေရှင်းဖို့ချမှတ်ထားတဲ့ အာဆီယံဘုံသဘောတူညီချက် ၅ ချက်အပေါ် အမြင်သဘောထားနဲ့ မြန်မာပြည်သူတွေကို လူသားချင်းစာနာထောက်ထားမှုအကူအညီတွေပေးဖို့ ဆွေးနွေးခဲ့ကြတယ်လို့သိရပါတယ်။

အာဆီယံအထူးကိုယ်စားလှယ်နဲ့ တွေ့ဆုံခဲ့တဲ့ နိုင်ငံတွေဟာ စစ်အာဏာသိမ်းမှုကို ရှုတ်ချထားတဲ့နိုင်ငံတွေဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

သြစတြေးလျနိုင်ငံဆိုရင် စစ်ကောင်စီကို သံတမန်အဆင့်လျော့ချထားပြီး ဆက်ဆံနေတဲ့နိုင်ငံဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့မှာဇွန်လ၂၄ရက်မနက် ၁၀နာရီ ၄ဝမိနစ်ခန့်နဲ့ ၁၀နာရီ ၅၅မိနစ်ခန့်မှာ ငလျင်လှုပ်သလို မြေလွှာလှုပ်ရှားမှုဖြစ်ပေါ်ခဲ့တယ်လို့ မြို့ခံတွေကပြောပါတယ်။

သတင်း

လူထု​ခေါင်း​ဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့မွေးနေ့မှာ အာဏာသိမ်းစစ်တပ်က ရန်ကုန်မြို့ကို လုံခြုံရေးတင်းကြပ်စွာချထားတယ်လို့ ဒေသခံတွေပြောပါတယ်။

သတင်း

စစ်တပ်ရဲ့ လုံခြုံရေးတင်းကျပ်နေတဲ့ ရန်ကုန်မြို့မှာလူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့၈၁ နှစ်ပြည့်မွေးနေ့ မှာနှင်းဆီလှုပ်ရှားမှုပြုလုပ်ခဲ့တယ်လို့ Yangon 4 Brothers- ရန်ကုန်တော်လှန်ညီနောင် ၄ ဖွဲ့က အသိပေးထားပါတယ်။

သတင်း

ရုရှားနိုင်ငံ ကာဇန်မှာ ကျင်းပတဲ့ ရုရှား-အာဆီယံထိပ်သီးညီလာခံကို အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင် တက်ရောက်ခွင့်မရဘဲ စစ်တပ်ခန့်နိုင်ငံခြားရေးအတွင်းဝန်ကိုသာ စေလွှတ်ခဲ့ရတယ်လို့ သိရပါတယ်။