Connect with us

Hi, what are you looking for?

သတင်း

KNU မုန်းမြို့နယ်တွင် စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှုနှင့် တိုက်ပွဲများကြောင့် ဒေသခံလေးသောင်းခန့် စစ်ရှောင်နေရ

စစ်ကောင်စီတပ်၏ သစ်ချဆိပ်စခန်းမှ လက်နက်ကြီးများဖြင့် (၁၀)လုံးထက်မနည်း ပစ်ခတ်ခဲ့မှုကြောင့် ကြောင်ပြာကျေးရွာနှင့်အခြား ပနာဝါးပလော ကျေးရွာ၊ နိုခိုထီးကျေးရွာ တို့တွင်ကျရောက်ပြီး ဒေသခံပြည်သူများ ဆက်လက်တိမ်းရှောင်နေကြရကြောင်း ဖော်ပြထားသည်။

(​ညောင်​လေးပင်ခရိုင်အတွင်း စစ်​ဘေး​ရှောင်​နေရ​သော ​ဒေသခံများအား ​တွေ့ရစဥ်၊ ဓာတ်ပုံ - KNU)
(​ညောင်​လေးပင်ခရိုင်အတွင်း စစ်​ဘေး​ရှောင်​နေရ​သော ​ဒေသခံများအား ​တွေ့ရစဥ်၊ ဓာတ်ပုံ - KNU)

ကရင်အမျိုးသားအစည်းအရုံး(KNU) ညောင်လေးပင်ခရိုင် မုန်းမြို့နယ်အတွင်း စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှု ထိုးစစ်ဆင်မှု၊ တိုက်ပွဲများ ဖြစ်ပွားမှုတို့ကြောင့် ဒေသခံ ပြည်သူ လေးသောင်းနီးပါး စစ်ဘေးတိမ်းရှောင်နေကြရကြောင်း KNUက သတင်းထုတ်ပြန်သည်။

ဇူလိုင် ၂ရက်တွင် မုန်းမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်း ၅ခုကို KNU တပ်မဟာ(၃) ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်သိမ်းယူ ခဲ့ပြီးနောက် တိုက်ပွဲဖြစ်ပွားရာအနီးရှိ ကျေးရွာများ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း၊

တပ်စခန်းများ ပြန်လည်ရယူရေးအတွက် စစ်ကောင်စီတပ်က လေကြောင်း မှ ဗုံးကြဲခြင်း၊ လက်နက်ကြီးများဖြင့် ကျေးရွာများအတွင်း ပစ်ခတ်ခြင်းတို့ကြောင့် ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဖော်ပြထားသည်။

(​ညောင်​လေးပင်ခရိုင်အတွင်း စစ်​ဘေး​ရှောင်​နေရ​သော ​ဒေသခံများအား ​တွေ့ရစဥ်၊ ဓာတ်ပုံ - KNU)
(​ညောင်​လေးပင်ခရိုင်အတွင်း စစ်​ဘေး​ရှောင်​နေရ​သော ​ဒေသခံများအား ​တွေ့ရစဥ်၊ ဓာတ်ပုံ – KNU)

ယမန်နေ့ (ဇူလိုင်၃)၌ ရရှိထားသည့် စာရင်းများအရ ကျေးရွာပေါင်း ၂၆ရွာမှ လူဦးရေ ၃၉,၄၂၈ဦး ထိရှိလာခဲ့ကြောင်းKNUက ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

ယမန်နေ့ နံနက်မှစ၍ စစ်ကောင်စီ၏ ခမရ(၅၉၀) ရေအိုးစဉ် တပ်စခန်းမှ လက်နက်ကြီးများဖြင့် (၉)လုံးထက်မနည်း ပစ်ခတ်ခဲ့၍ ကော့ပြင်းရွာနှင့် အနီးတဝိုက် ကျရောက်ခဲ့သည်ဟုဆိုသည်။

(​ညောင်​လေးပင်ခရိုင်အတွင်း စစ်​ဘေး​ရှောင်​နေရ​သော ​ဒေသခံများအား ​တွေ့ရစဥ်၊ ဓာတ်ပုံ - KNU)
(​ညောင်​လေးပင်ခရိုင်အတွင်း စစ်​ဘေး​ရှောင်​နေရ​သော ​ဒေသခံများအား ​တွေ့ရစဥ်၊ ဓာတ်ပုံ – KNU)

အလားတူ စစ်ကောင်စီတပ်၏ သစ်ချဆိပ်စခန်းမှ လက်နက်ကြီးများဖြင့် (၁၀)လုံးထက်မနည်း ပစ်ခတ်ခဲ့မှုကြောင့် ကြောင်ပြာကျေးရွာနှင့်အခြား ပနာဝါးပလော ကျေးရွာ၊ နိုခိုထီးကျေးရွာ တို့တွင်ကျရောက်ပြီး ဒေသခံပြည်သူများ ဆက်လက်တိမ်းရှောင်နေကြရကြောင်း ဖော်ပြထားသည်။

စစ်ကောင်စီတပ်သည် ဒေသခံအချို့ကို ဖမ်းဆီးရိုက်နှက်ခြင်း၊ တပ်အင်အားတိုးချဲ့ခြင်း၊ လေယာဉ်ဖြင့် ထောက်လှမ်းခြင်း၊ ကျေးရွာများအတွင်း ရမ်းသန်းပစ်ခတ်ခြင်းတို့ ပြုလုပ်နေကြောင်း၊ ထို့ကြောင့် ဒေသခံများသည် အိုးအိမ်စွန့်ကာ ဘေးလွတ်ရာသို့ ရှောင်နေကြရကြောင်း KNUက ထုတ်ပြန်သည်။

(​ညောင်​လေးပင်ခရိုင်အတွင်း စစ်​ဘေး​ရှောင်​နေရ​သော ​ဒေသခံများအား ​တွေ့ရစဥ်၊ ဓာတ်ပုံ - KNU)
(​ညောင်​လေးပင်ခရိုင်အတွင်း စစ်​ဘေး​ရှောင်​နေရ​သော ​ဒေသခံများအား ​တွေ့ရစဥ်၊ ဓာတ်ပုံ – KNU)

ဘေးလွတ်ရာသို့ထွက်ပြေးတိမ်းရှောင်နေသည့် ပြည်သူများ လက်ရှိတွင် ကျန်းမာရေးပြဿနာ၊ စားဝတ်နေရေးပြဿနာစသည့်အခက်အခဲများနှင့် ကြုံတွေ့နေကြရပြီး အများစုမှာ အမျိုးသမီးများ၊ကလေးသူငယ်များနှင့် သက်ကြီးရွယ်အိုများဖြစ်ကြောင်း အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲတွေ နေ့စဉ် ပြင်းထန်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ရွှေကူမြို့နယ်အတွင်း တိုက်ပွဲတွေပြင်းထန်နေချိန် ဒီနေ့ညနေပိုင်းမှာ မြို့ထဲ ရပ်ကွက်နေရာအချို့ကိုလက်နက်ကြီးကျရောက်ပေါက်ကွဲပြီး အရပ်သားလေးဦးသေဆုံးခဲ့တယ်လို့ မြို့ခံတွေကပြောပါတယ်။

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။