Connect with us

Hi, what are you looking for?

သတင်း

လောင်းလုံ(ပကဖ)စခန်းစီးနင်းခံရပြီး လက်နက်နှင့် ရိက္ခာများဆုံးရှုံး၊ ဒဏ်ရာရ ရဲဘော်တစ်ဦးအဖမ်းခံရ

ယခုဆိုလျှင် လက်နက်မကိုင်ဆောင်သည့်တိုင် ပါးစပ် (နှုတ်)ဖြင့်ဆိုးဝါးလွန်းသည့် သတင်းပေးဒလန်များ၏ လုပ်ရပ်ကို ပြည်သူများ မျက်မြင်ကိုယ့်တွေ့သိရှိပြီးဖြစ်သောကြောင့် လောင်းလုံ(ပကဖ)အနေဖြင့် ပြည်သူ့လောက်ကောင် သတင်းပေးဒလန်များကို သေချာစိစစ်သွားမည်ဟု အသိပေးသည်။

လောင်းလုံ(ပကဖ)
လောင်းလုံ(ပကဖ)

ဒလန်သတင်းပေးမှုကြောင့် စခန်းစီးနင်းခံရပြီး လက်နက်နှင့် ရိက္ခာပစ္စည်းများဆုံးရှုံးကာ ဒဏ်ရာရထားသော ရဲဘော်တစ်ဦးလည်း စစ်ကောင်စီတပ်၏ ဖမ်းဆီးခြင်းခံလိုက်ရကြောင်း လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ယနေ့(ဇူလိုင် ၄)အသိပေးထုတ်ပြန်သည်။

ဇွန်လ ၃၀ရက်က စစ်ကောင်စီလက်ကိုင်တုတ် ဒလန်သတင်းပေးမှုကြောင့် စစ်ကောင်စီတပ်မှ အင်အားအလုံးအရင်းဖြင့် စခန်းတည်နေရာအားထိုးစစ်ဆင်လာရာ လက်နက်အင်အား၊ လူအင်အားမမျှသဖြင့် စခန်းမှ ဆုတ်ခွာပေးခဲ့ရကြောင်း ဖော်ပြသည်။

ထို့ကြောင့် လက်လုပ်သေနတ်များ၊ ကျည်များ၊ အဝေးပစ်လက်နက်ကြီးများ၊ ထုတ်လုပ်ရေးလုပ်ငန်းသုံးလျှပ်စစ်ပစ္စည်းများ၊ ဒရုန်းတစ်စင်းနှင့် လက်တော့ပ်တစ်လုံး၊ လက်လုပ်မိုင်းများ အပါအဝင် စားနပ်ရိက္ခာများ ဆုံးရှုံးခဲ့သည့်အပြင် ဒဏ်ရာရသွားသည့် ရဲဘော်တစ်ဦးလည်း အဖမ်းခံခဲ့ရကြောင်း ဖော်ပြသည်။

“ဖမ်းဆီးခံနေရသော ကျွန်ုပ်တို့ညီနောင်ရဲဘော်နှင့်တကွ၊ ဆုံးရှုံးသွားသော ပြည်သူများ၏ ချွေးနဲစာနှင့် ကျုပ်တို့ရဲဘော်တို့အသက်ရင်းကာ ခက်ခဲစွာစုဆောင်းခဲ့ရသော လက်နက်ရိက္ခာများအတွက် ကျွန်ုပ်တို့ ပိုမိုကြိုးစားပြီး ရှေ့ဆက်တိုက်ပွဲဝင်ဖို့ အဓိဋ္ဌာန်ပြု ကတိပြုပါကြောင်း ပြောပေးပါခင်ဗျာ”ဟု လောင်းလုံ (ပကဖ)မှ ရဲဘော်တစ်ဦးက သတင်းစကားပါးသည်။

Public Service Announcement

Public Service Announcement

ယခုဆိုလျှင် လက်နက်မကိုင်ဆောင်သည့်တိုင် ပါးစပ် (နှုတ်)ဖြင့်ဆိုးဝါးလွန်းသည့် သတင်းပေးဒလန်များ၏ လုပ်ရပ်ကို ပြည်သူများ မျက်မြင်ကိုယ့်တွေ့သိရှိပြီးဖြစ်သောကြောင့် လောင်းလုံ(ပကဖ)အနေဖြင့် ပြည်သူ့လောက်ကောင် သတင်းပေးဒလန်များကို သေချာစိစစ်သွားမည်ဟု အသိပေးသည်။

အကြမ်းဖက်စစ်ကောင်စီတပ်များသည် အင်အားအလုံး အရင်းဖြင့် လောင်းလုံမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည်မှာ ဇွန်လ ၁၄ ရက်ကတည်းကဖြစ်ပြီး ၎င်းတို့မှ ပြည်သူများအား ဖမ်းဆီးသတ်ဖြတ်ခြင်း၊ နေအိမ်များမီးရှို့ဖျက်ဆီးခြင်းများကျူးလွန်ခဲ့သည်ကို လက်နက်အင်အား လူအင်အားမယှဥ်နိုင်သောကြောင့် ထိရောက်သည့်ကာကွယ်မှုမပေးနိုင်ခဲ့ကြောင်း လောင်းလုံး(ပကဖ)က ဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်နဲ့ ကန်ပက်လက်မြို့ပြန်ထိန်းချုပ်ရေး ထိုးစစ်ဆင်နေတဲ့ အာဏာသိမ်းစစ်တပ်ကို ခုခံတိုက်ခိုက်နေတဲ့ ချင်းပြည်သူ့အစည်းအရုံး(CUP/CPA) ရဲဘော်တွေအတွက် ရိက္ခာကမ်ပိန်း ပြုလုပ်လျက်ရှိရာ ဆန်အိတ် ၁၀၀၀ နီးပါး ရရှိနေပြီဖြစ်ကြောင်း CPU/CPA ထောက်ပို့ဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ခေါင်လန်ဖူးမြို့နယ်မှာ တိုက်ပွဲတွေ နေ့စဉ်ဖြစ်ပွားနေတယ်လို့ ကချင်လွတ်လပ်ရေးတပ်မတော်(KIO/KIA) သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်နဲ့ ကန်ပက်လက်မြို့ကို ထိုးစစ်ဆင်နေတဲ့ စစ်တပ်ကို ကာလရှည်ခုခံတိုက်ခိုက်နေတဲ့ ချင်းတော်လှန်ရေး မဟာ မိတ်ပူးပေါင်းတပ်က ရဲဘော်တွေအတွက် ရိက္ခာပံ့ပိုးနိုင်ရေး ပါဝင်ပေးကြဖို့ ချင်းပြည်သူ့အစည်းအရုံး(CPU/CPA) ထောက်ပို့ဌာနက နှိုးဆော်ပါတယ်။

သတင်း

ချင်းပြည်နယ်တောင်ပိုင်းတိုက်ပွဲမှာ စစ်တပ်ကို ခုခံကာကွယ်နေတဲ့ ရဲဘော်တွေအတွက်ပြုလုပ်နေတဲ့ ရိက္ခာကမ်ပိန်းမှာ တက်နိုင်သလောက်ပါဝင်ပေးဖို့ ချင်းပြည်သူ့အစည်းအရုံး/ချင်းပြည်သူ့တပ်မတော်(CPU/CPA) ထောက်ပို့ဌာနက တိုက်တွန်းနှိုးဆော်ထားပါတယ်။