Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

နယ်ခြားစောင့်တပ် BGF ကားတစ်စီးကို ကြားဖြတ်တိုက်ခိုက်

ဇူလိုင် ၁ ရက်က လက်နက်နဲ့ တပ်အင်အားဖြည့်ဆည်းဖို့အတွက် ကေအဲန်ယူ-ဖာပွန်ခရိုင် ကမမောင်းကနေ ကတိုင်တိဘက်ကို မောင်းနှင်လာတဲ့ စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့်တပ် BGF ၁၀၁၃ တပ်ရဲ့ ကားကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ ၅ က ကြားဖြတ်စောင့်ဆိုင်းပြီး ပစ်ခတ်ခဲ့တာပါ။

KNLA
KNLA

ကေအဲန်ယူထိန်းချုပ်နယ်မြေ မူတြော်(ဖာပွန်)ခရိုင်ထဲမှာ တပ်အင်အားဖြည့်ဆည်းဖို့ ရောက်ရှိလာတဲ့ နယ်ခြားစောင့်တပ်(BGF) ကားတစ်စီးကို KNLA တပ်မဟာ ၅ က ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး ယာဉ်ပေါ်ပါလာသူအားလုံး သေဆုံးသွားခဲ့တယ်လို့ တပ်မဟာ ၅ က သတင်းထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၁ ရက်က လက်နက်နဲ့ တပ်အင်အားဖြည့်ဆည်းဖို့အတွက် ကေအဲန်ယူ-ဖာပွန်ခရိုင် ကမမောင်းကနေ ကတိုင်တိဘက်ကို မောင်းနှင်လာတဲ့ စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့်တပ် BGF ၁၀၁၃ တပ်ရဲ့ ကားကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ ၅ က ကြားဖြတ်စောင့်ဆိုင်းပြီး ပစ်ခတ်ခဲ့တာပါ။

ဒီလို KNLA တပ်မဟာ ၅ က ပစ်ခတ်ရာမှာတော့ ကားပေါ်ပါလာတဲ့ BGF တပ်ဖွဲ့ဝင် ၇ ဦးလုံး သေဆုံးသွားခဲ့ပြီး လက်နက်ခဲယမ်းတွေကို သိမ်းဆည်းရခဲ့ကာ ကားကိုလည်း မီးရှို့ဖျက်ဆီးခဲ့တယ်လို့ တပ်မဟာ ၅ ရဲ့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

PIA ရဲဘော်သွင်ထူးအောင် (ခ)ဘိုင်အိုသည် ဧပြီ ၂၅ရက်က တိုက်ပွဲအတွင်း ကျဆုံးခဲ့ခြင်းဖြစ်ကြောင်း PIA က ယနေ့(‌ဧပြီ၂၈ရက်) သတင်းထုတ်ပြန်သည်။

သတင်း

ကော့ကရိတ်မြို့အကျော် တတန်းကူးနှင့် ရွာသစ်ကုန်းကျေးရွာအကျော်ရှိ ဒေါနတောင်ပေါ် မွေးမြူရေးဇုန်အနီးတွင် အောင်ဇေယျစစ်ကြောင်းက ရှေ့တိုး၊နောက်ဆုတ်လုပ်နေသည်ဟု SOG စစ်ကြောင်းမှူး ကိုဇော်အောင်က ပြောသည်။

သတင်း

မြိုင်ပကဖနှင့်မဟာမိတ်များသည် ဧပြီ ၂၂ ရက်ကလည်း မကွေးတိုင်း ပေါက်နယ်၊ ဖလံကိုင်းရေနံမြေရဲစခန်းမှ ရဲအုပ်အပါအဝင် ရဲ(၆)ဦးအား လက်နက်ခဲယမ်းများနှင့်တကွ အရှင်ဖမ်းဆီးရမိခဲ့သေးသည်။

သတင်း

အနောက်မြောက်တိုင်းစစ်ဌာနချုပ်ဝင်းအတွင်းကို ဧပြီလ ၂၄ရက် ည ၇နာရီခန့်တွင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။