Connect with us

Hi, what are you looking for?

သတင်း

နယ်ခြားစောင့်တပ် BGF ကားတစ်စီးကို ကြားဖြတ်တိုက်ခိုက်

ဇူလိုင် ၁ ရက်က လက်နက်နဲ့ တပ်အင်အားဖြည့်ဆည်းဖို့အတွက် ကေအဲန်ယူ-ဖာပွန်ခရိုင် ကမမောင်းကနေ ကတိုင်တိဘက်ကို မောင်းနှင်လာတဲ့ စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့်တပ် BGF ၁၀၁၃ တပ်ရဲ့ ကားကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ ၅ က ကြားဖြတ်စောင့်ဆိုင်းပြီး ပစ်ခတ်ခဲ့တာပါ။

KNLA
KNLA

ကေအဲန်ယူထိန်းချုပ်နယ်မြေ မူတြော်(ဖာပွန်)ခရိုင်ထဲမှာ တပ်အင်အားဖြည့်ဆည်းဖို့ ရောက်ရှိလာတဲ့ နယ်ခြားစောင့်တပ်(BGF) ကားတစ်စီးကို KNLA တပ်မဟာ ၅ က ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး ယာဉ်ပေါ်ပါလာသူအားလုံး သေဆုံးသွားခဲ့တယ်လို့ တပ်မဟာ ၅ က သတင်းထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၁ ရက်က လက်နက်နဲ့ တပ်အင်အားဖြည့်ဆည်းဖို့အတွက် ကေအဲန်ယူ-ဖာပွန်ခရိုင် ကမမောင်းကနေ ကတိုင်တိဘက်ကို မောင်းနှင်လာတဲ့ စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့်တပ် BGF ၁၀၁၃ တပ်ရဲ့ ကားကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ ၅ က ကြားဖြတ်စောင့်ဆိုင်းပြီး ပစ်ခတ်ခဲ့တာပါ။

ဒီလို KNLA တပ်မဟာ ၅ က ပစ်ခတ်ရာမှာတော့ ကားပေါ်ပါလာတဲ့ BGF တပ်ဖွဲ့ဝင် ၇ ဦးလုံး သေဆုံးသွားခဲ့ပြီး လက်နက်ခဲယမ်းတွေကို သိမ်းဆည်းရခဲ့ကာ ကားကိုလည်း မီးရှို့ဖျက်ဆီးခဲ့တယ်လို့ တပ်မဟာ ၅ ရဲ့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်အုပ်စုရဲ့ဟန်ပြလုပ်ရပ်တွေ စိစစ်ပြီး ကျားဖြန့်လုပ်ငန်း အမှန်တကယ် တိုက်ဖျက်နေတဲ့ မြေပြင်အဖွဲ့တွေနဲ့ လက်တွဲပူးပေါင်းဖို့ အိမ်နီးချင်းနဲ့ နိုင်ငံတကာထံ တောင်းဆို

သတင်း

ထိုင်း - မြန်မာနယ်စပ် မြဝတီမြို့မှာ ကရင်နယ်ခြားစောင့်တပ်(BGF)တပ်ဖွဲ့ဝင် မောင်းနှင်လာတဲ့ကားက ဝင်တိုက်လို့ ကလေးငယ် ၁ဦးအပါအဝင်ဒေသခံအချို့ ဒဏ်ရာအပြင်းအထန်ရရှိသွားပြီး လမ်းဘေး ဈေးဆိုင်နဲ့ ကား၊ဆိုင်ကယ်တွေ ပျက်စီးမှုဖြစ်ပွားခဲ့ပါတယ်။

သတင်း

ကရင်ပြည်နယ်၊ မြ၀တီမြို့တောင်ဘက်ခြမ်းက ဖလူးဒေသတိုက်ပွဲအတွင်း အာဏာသိမ်းစစ်တပ်က အထိနာလျက်ရှိပြီး အရာရှိတွေအပါအဝင် သေဆုံးထိခိုက်များပြားနေသလို လက်နက်ခဲယမ်းတွေ သိမ်းရတာရှိကြောင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်ရင်း(၂၇) တပ်ရင်းမှူး ဒုဗိုလ်မှူးကြီးစောမူးဂေက ပြောပါတယ်။