Connect with us

Hi, what are you looking for?

သတင်း

ဂျပန်ဝန်ကြီးချုပ်ဟောင်းလုပ်ကြံသတ်ဖြတ်ခံရမှုအတွက် ဝမ်းနည်းရကြောင်း NUG ဆို

မစ္စတာအာဘေးရဲ့ ကူညီထောက်ပံ့မှုတွေကို မြန်မာပြည်သူတွေဟာ မေ့လျော့မှာ မဟုတ်ကြောင်းနဲ့ အခုလို ဝမ်းနည်းဖွယ်အချိန်ကာလမှာ မြန်မာပြည်သူတွေဟာ ဂျပန်ပြည်သူတွေနဲ့အတူ ရပ်တည်ပေးသွားမယ်လို့ NUG နိုင်ငံခြားရေးဝန်ကြီးကပြောထားပါတယ်။

Photo - KYODO
Photo - KYODO

ဂျပန်ဝန်ကြီးချုပ်ဟောင်းရှင်ဇိုအာဘေး ပစ်ခတ်လုပ်ကြံခံရတဲ့အတွက် မြန်မာပြည်သူတွေကိုယ်စား စိတ်နှလုံးထိခိုက်ဝမ်းနည်းရတယ်လို့ NUG အစိုးရ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က ဖေ့ဘွတ်ခ်လူမှုကွန်ရက်မှာ ဝမ်းနည်းစကားဆိုထားပါတယ်။

အာဘေးမိသားစု အတွက်ရော၊ ဂျပန်ပြည်သူတွေ အတွက်ပါ ဝမ်းနည်းရတယ်လို့ ဝန်ကြီးက ဆိုထားပါတယ်။

မစ္စတာအာဘေးရဲ့ ကူညီထောက်ပံ့မှုတွေကို မြန်မာပြည်သူတွေဟာ မေ့လျော့မှာ မဟုတ်ကြောင်းနဲ့ အခုလို ဝမ်းနည်းဖွယ်အချိန်ကာလမှာ မြန်မာပြည်သူတွေဟာ ဂျပန်ပြည်သူတွေနဲ့အတူ ရပ်တည်ပေးသွားမယ်လို့ NUG နိုင်ငံခြားရေးဝန်ကြီးကပြောထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

တော်လှန်ရေးအင်အားစုများရဲ့ဘုံနိုင်ငံရေးသဘောတူညီချက် (ပထမမူကြမ်း)ကို သဘောတူအတည်ပြုကြောင်း သဘောတူညီချက်မှာ ပါဝင်တဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေက ဒီကနေ့ ဇူလိုင် ၃၀ရက်မှာ အသိပေးထုတ်ပြန်ပါတယ်။

နိုင်ငံတကာ

ဂျပန်နိုင်ငံ အနောက်တောင်ပိုင်းမှာ ဇူလိုင် ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ မဂ္ဂနီကျု ၇.၁ အဆင့် ငလျင်ကြီးကြောင့် သေဆုံးသူဟာ နှစ်ဒါဇင် နီးပါးထိ များပြားလာခဲ့ပါတယ်။

နိုင်ငံတကာ

ဂျပန် နိုင်ငံမှာ လှုပ်ခတ်ခဲ့တဲ့ ပြင်းထန်တဲ့ ငလျင်ကြီးကြောင်း သေဆုံးသူ အရေအတွက်ဟာ ၁၃ ဦးထိ မြင့်တက်လာကြောင်း သိရပါတယ်။

နိုင်ငံတကာ

ဂျပန်နိုင်ငံ အနောက်တောင်ပိုင်းမှာ မဂ္ဂနီကျု ၇.၁ အဆင့် ငလျင်ကြီးတစ်ခု လှုပ်ခတ်ခဲ့တဲ့နောက် ဆူနာမီ ရေလှိုင်းအန္တရာယ် သတိပေးချက်တွေ ထုတ်ပြန်ထားပါတယ်။