Connect with us

Hi, what are you looking for?

သတင်း

ရဲဘော်များအဖမ်းခံရသည့်အပြင် လုံခြုံရေးအိမ်များဝင်စီးခံရ၍ လက်နက်ပစ္စည်းများဆုံးရှုံးခဲ့ဟု DRM အသိပေး

“ဒါတွေဟာ မြို့ပြပျောက်ကျားအဖြစ် စတင်လုပ်ဆောင်စဥ်ကပင် ကြုံတွေ့ရမယ့် ပေးဆပ်မှု များဆိုတာ ကြိုတွေးထားမိပါတယ်။ ယခု အခါ မန္တလေးမြို့ပြရဲ့ DRMမှာ လိုအပ်ချက်များစွာနဲ့အတူ ခက်ခက်ခဲခဲ ရင်ဆိုင်နေရပါတယ်”ဟု အသိပေးသည်။

DRM Rangers Mandalay – PDF
DRM Rangers Mandalay – PDF

မန္တလေးမြို့အခြေစိုက် မြို့ပြပြောက်ကျားတပ်ဖွဲ့တစ်ခုဖြစ်သော DRM Rangers Mandalay – PDF မှ ရဲဘော်များ စစ်ကောင်စီတပ်၏ ဖမ်းဆီးခြင်းခံရသည့်အပြင် လုံခြုံရေးအိမ်(Save House) များ ဝင်စီးခံရ၍ လက်နက်နှင့်ပစ္စည်းများ ဆုံးရှုံးခဲ့ရကြောင်း ယင်းအဖွဲ့က ယနေ့(ဇူလိုင် ၉) အသိပေးထုတ်ပြန်သည်။

ရဲဘော်များ အဖမ်းခံရပြီးနောက် တပ်ဖွဲ့ဝင်ရဲဘော်များ ယာယီခိုလှုံသည့် လုံခြုံရေးအိမ်များ ဆက်တိုက်ဆိုသလို စစ်ကောင်စီတပ်၏ ဝင်စီးခြင်းခံခဲ့ရသည်ဟု ဖော်ပြသည်။

“ဒါတွေဟာ မြို့ပြပျောက်ကျားအဖြစ် စတင်လုပ်ဆောင်စဥ်ကပင် ကြုံတွေ့ရမယ့် ပေးဆပ်မှု များဆိုတာ ကြိုတွေးထားမိပါတယ်။ ယခု အခါ မန္တလေးမြို့ပြရဲ့ DRMမှာ လိုအပ်ချက်များစွာနဲ့အတူ ခက်ခက်ခဲခဲ ရင်ဆိုင်နေရပါတယ်”ဟု အသိပေးသည်။

Public Service Announcement
Public Service Announcement

ထို့ကြောင့် အကြမ်းဖက်စစ်ကောင်စီကို အဆုံးတိုင်တွန်းလှန်နိုင်ရေး လက်နက်ခဲယမ်းများလိုအပ်နေ၍ မန္တလေးပြည်သူများမှ စုပေါင်းအင်အား၊ တူညီသောတွဲလက်များဖြင့် ဝိုင်းဝန်းဖြည့်ဆည်းပေးကြပါရန် ညှိုးငယ်စွာ အကူအညီတောင်းခံအပ်ပါသည်ဟု ဖော်ပြသည်။

Public Service Announcement

Public Service Announcement

၎င်းတို့အနေဖြင့် ရင်နင့်အောင်ခံစားခဲ့ရသော ပေးစပ်မှုများအတွက် ပြီးဆုံးတော့မည့် တော်လှန် ရေးကြီးကို အဆုံးထိဆက်လက်လျှောက်လှမ်းသွားမည်ဟု DRMက ကတိပြုထားသည်။

DRMမှ ပြောက်ကျားရဲဘော်များသည် ဇွန်လ ၂၇ရက်က ဖော်ဆောင်ခဲ့သော ပြင်ဦးလွင် – မန္တလေးလမ်း သမ္မတောရွာအနီး စစ်ကောင်စီတပ်ယာဥ်တန်းအား မိုင်းဆွဲတိုက်ခိုက်မှုအပြီး ယင်းနေညနေပိုင်းတွင် ရဲဘော်အချို့ စတင်ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်သည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ကျူးဘားနိုင်ငံဟာ အမေရိကန်အတွက် အမျိုးသား လုံခြုံရေး ခြိမ်းခြောက်မှု တစ်ခု ဖြစ်တယ်လို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး မာကို ရူဘီရိုက ပြောကြားခဲ့ပါတယ်။ သူက ကျူးဘားနဲ့ အမေရိကန်ကြားမှာ ငြိမ်းငြိမ်းချမ်းချမ်း ဖြေရှင်း သဘောတူညီမှုတွေ ရယူနိုင်ဖို့ ဆိုတာက ဖြစ်နိုင်ခြေ နည်းလွန်းတယ်လို့လည်း ဆိုပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံမှာ လက်နက် ခဲယမ်းတွေနဲ့အတူ ဖမ်းမိခဲ့တဲ့ တရုတ် နိုင်ငံသားဟာ မူလ ယူဆထားသလို ထိုင်းပိုင်နက်ထဲမှာ အကြမ်းဖက် တိုက်ခိုက်ဖို့ စီစဉ်ထားခဲ့တာ မဟုတ်ကြောင်း ထိုင်းရဲတွေက ပြောပါတယ်။ အသက် ၃၁ နှစ်အရွယ် ဆွန်မန်ချန်းရဲ့ ပစ်မှတ်ဟာ ကမ္ဘောဒီးယား နိုင်ငံ ပိုင်နက်ထဲက ပြိုင်ဘက်...

သတင်း

အာဏာသိမ်းစစ်ကောင်စီတပ်သား တစ်ဦးဟာ လက်နက်နဲ့ အလင်းဝင်လာကြောင်း ချင်းဒေသကာကွယ်ရေးတပ်(ကလေး-ကဘော်-ဂန့်ဂေါ)-(CDF-KKG)က မေလ ၃ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

ဆောင်းပါး

ဧပြီလဆန်းလေပြီ။မကြာခင်သင်္ကြန်ကာလရောက်တော့မည်မို့ ရပ်ဝေးက သားတွေသမီးတွေ အလုပ်တွေနားလို့ မိဘအိမ် ပြန်လာကြလေပြီ။ ဖားကန့်မြို့နယ်၊ကျေးရွာတစ်ရွာက ဒေါ်စိုး(အမည်လွှဲ)တစ်ယောက်လည်း သူ့သားလေး ပြန်အလာကို မျှော်လေပြီ။