Connect with us

Hi, what are you looking for?

သတင်း

ခန္တီးခရိုင်အတွင်းရှိ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးများ ၁၀ရက်အတွင်းနှုတ်ထွက်ရန် ခရိုင်(ပကခ) သတိပေး

အမျိုးသားညီညွတ်ရေးအစိုးရ၏ လက်အောက်ရှိ ခန္တီးခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ယမန်နေ့(ဇူလိုင်၉ရက်)တွင် ခန္တီးခရိုင်အတွင်း စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးများအား စာထုတ်ပြန်ကာ သတိပေးလိုက်ခြင်းဖြစ်သည်။

ခန္တီးခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့
ခန္တီးခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့

စစ်ကိုင်းတိုင်း၊ ခန္တီးခရိုင်အတွင်းရှိ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးများအားလုံး ၁၀ရက်အတွင်းနှုတ်ထွက်ရန် ခန္တီးခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့က သတိပေးလိုက်သည်။

အမျိုးသားညီညွတ်ရေးအစိုးရ၏ လက်အောက်ရှိ ခန္တီးခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ယမန်နေ့(ဇူလိုင်၉ရက်)တွင် ခန္တီးခရိုင်အတွင်း စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးများအား စာထုတ်ပြန်ကာ သတိပေးလိုက်ခြင်းဖြစ်သည်။

ယခုအခါ စစ်ကိုင်းတိုင်းအတွင်း အကြမ်းဖက်စစ်ကောင်စီ၏ အုပ်ချုပ်ရေးယန္တရားကို ဖယ်ရှားလျက် ပြည်သူ့အုပ်ချုပ်ရေးအာဏာကို ထူထောင်နေပြီဖြစ်ကြောင်း၊ ထို့အတွက် အမျိုးသားညီညွတ်ရေးအစိုးရသည် စစ်ကိုင်းတိုင်းအတွင်း ကျေးရွာ၊ ရပ်ကွက်၊ မြို့နယ်နှင့် ခရိုင်အဆင့် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များကို ဖွဲ့စည်းတာဝန်ပေးလျက် ပြည်သူ့အုပ်ချုပ်ရေးယန္တရားကို စတင်လည် ပတ်လျက်ရှိကြောင်း ခန္တီးခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့၏ ထုတ်ပြန်ချ​က်တွင် ဖော်ပြ သည်။

အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီလက်အောက်တွင် တရားမဝင်ထမ်းဆောင်လျက်ရှိသည့် အဆင့်ဆင့်သော အုပ်ချုပ်ရေးတာဝန်ယူနေသူအားလုံး ယနေ့မှစ၍ ၁၀ရက်အတွင်း မိမိတို့၏ ရာထူးတာဝန်နှင့် တာဝန်ကျရာနယ်မြေမှ စွန့်ခွာကြရန် န္တီးခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ညွှန်ကြားလိုက်သည်။

Public Service Announcement

Public Service Announcement

အဆိုပါ ညွှန်ကြားချက်ကို လိုက်နာဆောင်ရွက်ခြင်းမပြုဘဲ အကြမ်းဖက်ယန္တရားတွင် ကိုယ်တိုင်ကာယကံမြောက်ပါဝင်ပါက ပြည်သူ့အသက်အိုးအိမ်စည်းစိမ်ကို နှောင့်ယှက်ဖျက်ဆီးသူများဟု မှတ်ယူလျက် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေအပါအဝင် တည်ဆဲဥပဒေများနှင့်အညီ ပြင်းထန်စွာအရေးယူဆောင်ရွက်မည်ဖြစ်ကြောင်း ခန္တီးခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ သတိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်းအတွင်းက ဒေသခံပြည်သူတွေ၊ တော်လှန်သပိတ်အင်အားစုတွေ စုပေါင်းပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၁) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် နှင်းဆီလှုပ်ရှားမှုတွေ ပြုလုပ်ဖို့ လှုံ့ဆော်မှုတွေကို ဒီက​နေ့ (ဇွန် ၁၇) မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းနဲ့ မကွေးတိုင်းအတွင်းက ဒေသခံပြည်သူတွေ၊ တော်လှန်သပိတ်အင်အားစုတွေ စုပေါင်းပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၁)နှစ်ပြည့် မွေးနေ့အကြိုအဖြစ် နှင်းဆီလှုပ်ရှားမှုတွေကို ဒီက​နေ့ (ဇွန် ၁၆)မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။

သတင်း

​မန္တလေးတိုင်း၊ ပျော်ဘွယ်မြို့နယ်၊ ရှမ်းပွဲရပ်ကွက်မှာ စစ်ကောင်စီ လက်အောက်ခံ ရပ်ကွက်အုပ်ချုပ်ရေးမှူးရွေးချယ်ပွဲ ပြုလုပ်ရာ ပြည်သူတွေမလာလို့ ပွဲပျက်သွားကြောင်း ဒေသခံတွေက ပြောပါတယ်။

အတွေးအမြင်

မွေးနေ့ကိတ်တစ်လုံးဟာ သူ့ထိုင်ခုံကို လှုပ်ခတ်သွားစေမယ်ဆိုတာကို နယ်ပိုင်ကြီး ဦးဇော်မိုးတစ်ယောက် မတွေးမိခဲ့ရိုးအမှန်ပါ။ နယ်ပိုင်ကြီးဆိုတာက အာဏာသိမ်းစစ်တပ်ရဲ့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရဲ့ ဦးစီးမှူး(အုပ်ချုပ်ရေးမှူး)ကို ခေါ်တာပါ။ ဦး​ဇော်မိုးက ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်၊ ဟဲဟိုးမြို့က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရဲ့ အုပ်ချုပ်ရေးမှူးတစ်ယောက်ပါ။