Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ရွာငံ-ပင်းတယလမ်းတွင်စစ်​ကောင်စီခန့်မြို့နယ်အုပ်ချုပ်​ရေးမှူးပါစစ်ကားတန်းကိုမိုင်းဆွဲတိုက်ခိုက် သေဆုံးထိခိုက်မှုများနိုင်ဟု ​ကျောက်ဆည်နဂါးနီ​ပျောပ်ကြားတပ်ဖွဲ့ထုတ်ပြန်

သေဆုံးမှုအခြေအနေများအား မြေပြင်ရဲဘော်များနှင့် ဖရဲသီး(စစ်ကောင်စီ၏ သတင်းများပြန်လည်ပေးပို့နေသူ)များ၏ ပေးပို့ချက်အရ သိရှိရသည်ဟု ကျောက်ဆည်နဂါးနီ ပျောက်ကြားတပ်ဖွဲ့က ပြောသည်။

(မိုင်းဆွဲတိုက်ခိုက်ခဲ့သည့်နေရာအား Google Map ကတဆင့်​တွေ့ရမှု)
(မိုင်းဆွဲတိုက်ခိုက်ခဲ့သည့်နေရာအား Google Map ကတဆင့်​တွေ့ရမှု)

ရှမ်းပြည်နယ်တောင်ပိုင်း၊ ရွာငံ-ပင်းတယလမ်းပိုင်းတွင် ယမန်နေ့နေ့လယ်ပိုင်းကစစ်​ကောင်စီခန့် မြို့နယ်အုပ်ချုပ်ရေးမှူး လိုက်ပါလာသောစစ်ကောင်စီယာဥ်တန်းအား မိုင်းဆွဲတိုက်ခိုက်ရာ စစ်​ကောင်စီတပ်သား၁၀ဦးခန့်သေဆုံးနိုင်ကြောင်းကျောက်ဆည်နဂါးနီ ပျောက်ကြားတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

ယမန်နေ့ (ဇူလိုင်လ၁၀ရက်) မွန်းလွဲ ၁နာရီ ဝန်းကျင်ကရွာငံ-ပင်းတယလမ်းပိုင်း၊ ရွာငံမြို့နှင့် လေးမိုင်ခန့်အကွာ ညောင်ကုန်းရွာနှင့် လက်ပံရွာကြားတွင် ရွာငံမြို့မှ ပြန်လာသော ရွာငံ-ပင်းတယမြို့နယ်ဦးစီးမှူး ဒေသဦးစီးမှူး အာကာလင်းလိုက်ပါလာသောကား ၇ စီးပါ အကြမ်းဖက် စစ်ကောင်စီယာဥ်တန်းအား ပဒေသာမိုင်းဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ကျောက်ဆည်နဂါးနီ ပျောက်ကြားတပ်ဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ထိုသို့တိုက်ခိုက်မှုကြောင့် စစ်ကားနှစ်စီး ပျက်စီးသွားပြီး အကြမ်းဖက်စစ်သား ၁၀ ဦးခန့် နေရာတွင်ပင် သေဆုံးကြောင်း၊ ထိခိုက်ဒဏ်ရာရသူ အကြမ်းဖက်စစ်သားများအား အောင်ပန်းမြို့ ကုတင်(၇၀၀)စစ်ဆေးရုံသို့ သယ်ဆောင်သွားပြီး များစွာသေဆုံးနိုင်ကြောင်း ပါရှိသည်။

သေဆုံးမှုအခြေအနေများအား မြေပြင်ရဲဘော်များနှင့် ဖရဲသီး(စစ်ကောင်စီ၏ သတင်းများပြန်လည်ပေးပို့နေသူ)များ၏ ပေးပို့ချက်အရ သိရှိရသည်ဟု ကျောက်ဆည်နဂါးနီ ပျောက်ကြားတပ်ဖွဲ့က ပြောသည်။

Public Service Announcement

Public Service Announcement

“အခင်းဖြစ်ပြီး ရွာငံမြို့ပေါ်ကကော ပတ်ဝန်းကျင်က လူနာကားတွေ အကုန်ခေါ်သွားတယ်လို့ သိရပါတယ်။ လမ်းကိုတော့ မနေ့ညကတည်းက ပိက်ပစ်လိုက်ပါပြီ။ ဒဏ်ရာရ စခတွေကို ကုတင် ၇၀၀ စစ်ဆေးရုံကို ခေါ်သွားတာပါ”ဟု ​ပြောသည်။

အကြမ်းဖက်စစ်တပ်၏ သေဆုံးထိခိုက်မှုအခြေအနေများအား People’s Springက ထပ်မံအတည်ပြုနိုင်ခြင်း မရှိသေးပေ။

ထိုတိုက်ခိုက်မှုအား ကျောက်ဆည်နဂါးနီပျောက်ကြားတပ်ဖွဲ့ နှင့် ရွာငံပြည်သူ့ကာကွယ်ရေး အဖွဲ့ တို့ပူးပေါင်းတိုက်ခိုက်ခဲ့ပြီး ရဲဘော်များမှာ အန္တရာယ်မရှိပြန်လည်ဆုက်ခွာနိုင်ခဲ့ကြောင်း အသိပေးထားသည်။

တော်လှန်ရေး အင်အားစုများသည် ပြည်သူများကို မှီခိုနေရ၍ ယခုဖြစ်စဥ်ကဲ့သို့ စစ်ဆင်ရေးများပြုလုပ်နိုင်ရန်အတွက် ပြည်သူများက အတက်နိုင်ဆုံး ထောက်ပံ့ကူညီပေးကြရန် ကျောက်ဆည်နဂါးနီ ပျောက်ကြားတပ်ဖွဲ့ကမေတ္တာရပ်ခံထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ နှင့် AA သည် ဘူးသီးတောင်၊ မောင်တော၊ သံတွဲ၊ ကျောက်ဖြူ ၊ အမ်း၊ ​တောင်ကုတ် စသည့် မြို့နယ်များတွင်တိုက်ပွဲများဖြစ်ပွား​နေသည်။

သတင်း

ဧပြီ လ ၂၈ ရက်ကပင် ဒီးမော့ဆို မြို့နယ်၊ပူဖားကျေး ရွာမှာနွားကျောင်းနေသည့် အသက် (၁၄)နှစ်အရွယ် အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ​က ဆိုသည်။

နိုင်ငံတကာ

ပြည်နယ် အစိုးရဟာ အခင်းဖြစ်တဲ့ နေရာမှာ ကယ်ဆယ်ရေးနဲ့ အကူအညီပေးရေးတွေ ဆောင်ရွက်ဖို့ အင်အား ၅၀၀ လောက်ကို ချက်ချင်း စေလွှတ်ပေးခဲ့ပါတယ်။

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။