Connect with us

Hi, what are you looking for?

သတင်း

ပုလဲမြို့ရှိ စစ်ကောင်စီ စုပေါင်းရုံးအား ကျားသစ်နက်ပြောက်ကျားတပ်ဖွဲ့က လက်နက်ကြီးဖြင့်ပစ်ခတ်တိုက်ခိုက်

“စစ်ကောင်စီရှာနေတဲ့ တပ်ပေါင်းစုဆိုတာ ကျေးရွာတွေမှာ ရှိတာမဟုတ်ဘူး။ မြို့ပေါ်မှာ ခင်ဗျားတို့ အနီးနားမှာရှိတယ်ဆိုတာ သိစေလိုပါတယ်။”ဟု ကျားသစ်နက်ပြောက်ကျားတပ်ဖွဲ့၏ ထုတ်ပြန်ချက်တွင် ပြောကြားထားသည်။

(ကျားသစ်နက်ပြောက်ကျားတပ်ဖွဲ့အား တွေ့ရစဥ်၊ ဓာတ်ပုံ-ကျားသစ်နက်)
(ကျားသစ်နက်ပြောက်ကျားတပ်ဖွဲ့အား တွေ့ရစဥ်၊ ဓာတ်ပုံ-ကျားသစ်နက်)

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင် ပုလဲမြို့ပေါ်ရှိ အကြမ်းဖက်စစ်ကောင်စီ၏ စုပေါင်းရုံးအား လက်နက်ကြီးဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး စစ်ဆေးရန် ထွက်လာသည့် စစ်ကောင်စီတပ်သားများကိုပါ ထပ်မံမိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း ကျားသစ်နက်ပြောက်ကျားတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

ယမန်နေ့ (ဇူလိုင် ၁၀ရက်)ညနေ၆နာရီခန့်က ပုလဲမြို့ပေါ်ရှိ စုပေါင်းရုံးကို တာဝေးပစ် လက်နက် ကြီးဖြင့် အချက်၂၀ကျော် ပစ်ခတ်ရာ ထိုသို့ပစ်ခတ်မှုကြောင့် ထွက်လာသော စစ်ကောင်စီတပ်သား ခြောက်ဦးခန့်ကို အနီးကပ် မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ကျားသစ်နက်ပြောက်ကျားတပ်ဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ထိုသို့တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား နှစ်ဦး နေရာတွင် လဲကျသွားကြောင်း၊ ည၈နာရီခန့်တွင် မဟာမိတ် တပ်ပေါင်းစုများ ထိခိုက်မှူမရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း ကျားသစ်နက်ပြောက်ကျားတပ်ဖွဲ့က အသိပေးသည်။

“စစ်ကောင်စီရှာနေတဲ့ တပ်ပေါင်းစုဆိုတာ ကျေးရွာတွေမှာ ရှိတာမဟုတ်ဘူး။ မြို့ပေါ်မှာ ခင်ဗျားတို့ အနီးနားမှာရှိတယ်ဆိုတာ သိစေလိုပါတယ်။”ဟု ကျားသစ်နက်ပြောက်ကျားတပ်ဖွဲ့၏ ထုတ်ပြန်ချက်တွင် ပြောကြားထားသည်။

Public Service Announcement

Public Service Announcement

အဆိုပါတိုက်ပွဲအား ကျားသစ်နက်ပြောက်ကျားတပ်ဖွဲ့ ပုလဲတပ်ရင်း(၄)၊ဒေါင်းနက်‌နယ်စည်းမခြားပြောက်ကျား တပ်ဖွဲ့ ပုလဲတပ်ရင်း(၅)၊ဒေသခံ Local PDFများ စသည့်ပူးပေါင်းမဟာမိတ်တပ်ဖွဲ့များက တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းတို့က အသိပေးသည်။

အထက်ပါဖြစ်စဥ်နှင့်ပတ်သက်၍ ကျားသစ်နက်ပြောက်ကျားတပ်ဖွဲ့ထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်းမရှိသေးပေ။ စစ်ကောင်စီတပ်၏ သေဆုံးထိခိုက်မှုအခြေအနေနှင့်ပတ်သက်၍ People’s Spring က ထပ်မံအတည်ပြုနိုင်ခြင်း မရှိသေးပေ။

စစ်ကောင်စီတပ်သည် ပြီးခဲ့သည့် ဇူလိုင် ၇ ရက်က ပုလဲမြို့နယ် မင်းရွာကျေးရွာနှင့် မွေ့တုံကျေးရွာကို မီးရှို့ဖျက်ဆီးခဲ့ရာ မင်းရွာကျေးရွာ အိမ်ခြေ ၆၆လုံး၊ မွေ့တုံကျေးရွာအိမ်‌ခြေ ၄၀ ခန့် မီးလောင်ပျက်စီးခဲ့သည်။ ထို့အပြင် မင်းရွာကျေးရွာမှ ဒေသခံပြည်သူ တစ်ဦးနှင့် မွေ့တုံကျေးရွာမှ ဒေသခံ ပြည်သူတစ်ဦး မီးလောင်သေဆုံးခဲ့ရသည်။

ဆက်စပ်သတင်းများ

သတင်း

ရွှေကူမြို့နယ်အတွင်း တိုက်ပွဲတွေပြင်းထန်နေချိန် ဒီနေ့ညနေပိုင်းမှာ မြို့ထဲ ရပ်ကွက်နေရာအချို့ကိုလက်နက်ကြီးကျရောက်ပေါက်ကွဲပြီး အရပ်သားလေးဦးသေဆုံးခဲ့တယ်လို့ မြို့ခံတွေကပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၁)နယ်မြေ သထုံခရိုင် ကျိုက်ထိုမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ အမျိုးသား ၁ဦး သေဆုံးခဲ့ရကြောင်း KNU သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ စစ်တပ်က လက်နက်ကြီးနဲ့ပတ်ခတ်လို့ အရပ်သား ၂ဦး ထိမှန်သေဆုံးတယ်လို့ ဒေသခံသတင်းရင်းမြစ်အချို့က ပြောပါတယ်။

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။